သင့်ချစ်သူက သင့်ကိုမကြာခဏ လိမ်ညာနေတတ်တဲ့ နောက်ကွယ်က အကြောင်းအရင်းတွေ

သင့်ချစ်သူက သင့်ကိုမကြာခဏ လိမ်ညာနေတတ်တဲ့ နောက်ကွယ်က အကြောင်းအရင်းတွေ

ဘယ်လိုဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ် လိမ်ညာတတ်တာက ဘယ်တော့မှအဆင်ပြေစေမှာမဟုတ်ပါဘူး။

ဘယ်လောက်ပဲသေးငယ်ပြီး တစ်ခြားသူကိုမထိခိုက်နိုင်တဲ့ လိမ်ညာမှုပဲဖြစ်ဖြစ် ဒါဟာ လိမ်ညာမှုမြောက်တာပါပဲ။

ဆက်ဆံရေးတစ်ခုဟာ ယုံကြည်မှုနဲ့ ရိုးသားမှုအခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားတာဖြစ်ပြီး လိမ်ညာမှုဟာ ဒီဆက်ဆံရေးကို အချိန်အနည်းငယ်အတွင်းမှာ ပြိုကွဲပျက်စီးသွားအောင် လုပ်နိုင်ပါတယ်။

သင့်ချစ်သူက မရိုးသားမှုဆီကိုဦးတည်နေပြီး အမှန်တရားကိုပြောရန် ရှောင်ကြည်နေတဲ့အခါ သူတု့ိဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတာကိုသိဖို့ အရေးကြီးပါတယ်။

သင့်ချစ်သူက သင့်ကိုမကြာခဏ လိမ်ညာနေတတ်တယ်ဆိုရင် ဒီလိမ်ညာမှုရဲ့နောက်ကွယ်မှာ ဒီလိုအကြောင်းအရာတွေ ရှိနေနိုင်တာဖြစ်ပါတယ်။

– ဖောက်ပြန်နေတာ

သင့်ချစ်သူက သင့်ကိုလှည့်စားနေတာဖြစ်နိုင်ပြီး တကယ်လို့ သင့်ချစ်သူက သင့်အပေါ်သစ္စာမရှိပဲ တစ်ခြားသူတွေနဲ့ ပတ်သက်နေတယ်လို့ သက်သေတွေကညွှန်ပြနေပြီဆိုရင်တော့ ဒါဟာ သူသင့်ကိုလိမ်ညာနေရတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။

– ငွေကြေးဆိုင်ရာ လျို့ဝှက်ချက်တွေ

သင့်လက်တွဲဖော်က ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး သင့်အပေါ် လိမ်ညာထားတယ်ဆိုရင်တော့ ဒါဟာ သူနဲ့ပတ်သက်ပြီး သင့်ကိုမစိုးရိမ်ချင်တဲ့ အတွက်ကြောင့်ပါ။

– ပြူနာတစ်ချို့ကြောင့်

သင့်ချစ်သူက သင့်ကိုမသိစေချင်တဲ့ ပြသနာတစ်ချို့ ရှိနိုင်ပါတယ်။ အလုပ်ပြသနာတွေ၊ မိသားစုပြသနာတွေနဲ့ သင်နဲ့မျှဝေရန် အဆင်မပြေတဲ့ ပြသနာတွေကြောင့် သင့်ကိုလိမ်ညာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

-လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့

သင့်ချစ်သူက သူ့ရဲ့လျို့ဝှက်ချက် သို့ တစ်ခြားတစ်စုံတစ်ယောက်ရဲ့ လျို့ဝှက်ချက်ကို ထိန်းသိမ်းပေးဖို့ကြိုးစားနေတာကြောင့် သင့်အပေါ်မှာ မလိမ်ချင်ပဲလိမ်လိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။