သင့် ရဲ့ ခြေချောင်းတွေရဲ့ ပုံစံ က ပြောပြနေတဲ့ သင့်အကြောင်း

ခြေချောင်းပုံစံတွေကိုကြည့်ပြီး လူတယောက်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်တာကြောင့် အခုပဲ ဖတ်လိုက်တော့နော်။

(1) The Third Toe Turning Outwards

တတိယ ခြေချောင်း က အပြင်ထွက် နေတဲ့သူ ….ယခု ခြေချောင်း ပိုင်ရှင် ကတော့ အလွန် အသေးစိတ် တတ်ပြီး ကိုယ့်ရဲ့ စံချိန် စံညွှန်း နဲ့ ကိုက်ညီတဲ့ အထိ တိုင်းတာ တတ်ကြ သူတွေ ဖြစ်ပါတယ် ။

သူတို့ရဲ့ ဘဝ မှာ ဘယ်တော့မှ အသုံးမဝင် တဲ့ အရာတွေ နဲ့ အချိန်မဖြုန်း တတ်ကြ ပါဘူး ။ အရာရာတိုင်း ကို ကိုယ့်ရဲ့ စံညွှန်း နဲ့ ကိုက်ညီ လာတဲ့ အထိ အသေးစိတ် တတ်သူ တွေ ဖြစ်ကြ ပါတယ် ။

(2) The Teeny Tiny Little Toe

သူတို့တွေ ရဲ့ ခြေသန်း တစ်ချာင်း တည်း ဟာ အလွန် သေးငယ် ပြီးပုတိုတိုလေး ဖြစ်နေ ကြပါတယ် ။

ထိုသူမျိုးတွေ ဟာ ခေတ်ရှေ့ ပြေးသူ တွေ ဖြစ်ကြ ပြီး ကိုယ်ပိုင် လမ်းကြောင်း ပေါ်မှာ အခြား သူတွေ ဘယ်သူမှ မရှိရင် တောင်မှ ရှက်ကြောက်စွာ နဲ့ သွားနေမှာ မဟုတ်ပါဘူး ။

သူတို့တွေ ဟာ ကိုယ်ပိုင် မြေပုံ နဲ့ ခရီး သွား နေကြ သူတွေ ဖြစ်သလို ဘယ်သူ တွေ ကပဲ ကဲ့ရဲ့ ပါစေ ၊ ကိုယ် နှစ်သက်တဲ့ ဖက်ရှင် ဒီဇိုင်းမျိုး ကိုပဲ ယုံကြည်စွာ ဝတ်ဆင် တတ်ပါတယ် ။

(3) The Moving Little Toe

ခြေသန်း တစ်ချောင်းတည်း ကိုပဲသီးသန့် လှုပ်ရှား နိုင်တဲ့ သူ….ယခု ခြေချောင်း ပိုင်ရှင်တွေ ကတော့ အပေါ် က လူနဲ့ မတူညီပဲ သူတို့ရဲ့ ခြေသန်း ကို ရွေ့လျား နိုင်သူ တွေ ဖြစ်ကြ ပါတယ် ။

သူတို့တွေရဲ့ စရိုက် ကတော့ အဖြေ ကို သိရှိ နိုင်ဖို့ အရမ်း ကို စိတ်အား ထက်သန် သူတွေ ဖြစ်ကြ ပါတယ် ။ ဒါကြောင့်ပဲ သူတို့တွေဟာ စပ်စု တတ်သူ တွေ ဖြစ်နေ ကြပြီး အသစ်တွေ ကို သင်ယူ နိုင်ဖို့ အမြဲ တက်ကြွ နေကြ ပါတယ် ။

(4) The Immovable Little Toe

ခြေချောင်းတွေ ကို ကိုယ်တိုင် မရွေ့လျား နိုင်တဲ့ သူမျိုးတွေ ကို သင် မြင်ဖူးပါသလား ။ သူတို့တွေဟာ စူပါဟီရိုး ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ညီမျှ သူတွေ ဖြစ်ကြ ပါတယ် ။

သူတို့တွေ ဟာ ကိုယ့်ရဲ့ အသက်မွေး ဝမ်းကြောင်း အလုပ် ကို စိတ်အား အလွန် ထက်သန် ကြပြီး အလုပ် ကိုလည်း သရဲမရဲ စီးသလို လုပ်တတ်ကြသူတွေ ဖြစ်ကြ ပါတယ် ။

(5) The Greek’s Feet

ဒီလို ဒုတိယမြောက် ခြေချောင်း တစ်ချောင်း တည်း က ရှည် ထွက်နေခြင်း ကို ဂရိ ခြေထောက် လို့ ခေါ်ပါတယ် ။ ဒီလို ခြေချောင်း ပုံသဏ္ဏာန် တွေကို ဂရိ ရုပ်ထုတွေ ၊ ပန်းချီတွေ မှာ အများအပြား တွေ့နိုင် ပါတယ် ။

ဂရိ ခြေထောက် ပိုင်ရှင်တွေ ဟာ အနုပညာ ၊ အားကစား နဲ့ ဖျော်ဖြေ တင်ဆက်သမား တွေ ဖြစ်နေ ကြပါတယ် ။

သူတို့ဟာ အနုပညာ ကို အရမ်း ဖန်တီး နိုင်စွမ်း ရှိကြပြီး အတွေးအခေါ်ပိုင်း မှာလည်း ပြည့်စုံ ကောင်းမွန် သူတွေ ဖြစ်ကြ ပါတယ် ။

တကယ်လို့ ဒီလို ခြေချောင်းမျိုးတွေ နဲ့ သင် မွေးဖွား လာတယ် ဆိုရင်တော့ သင်ဟာခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ့် သူပါ ။ သင့် အတွက် ဂုဏ်ယူပါတယ် ။

(6) Peasant’s Foot

ဒီလို ခြေချောင်းမျိုး ကလည်း အလွန် ကို ရှားပါပြီး ခြေချောင်း အားလုံး ဟာ တတန်းတည်း ရှိနေ ပါတယ် ။ ယခုလို ခြေချောင်း ကို တောသား ခြေထောက် ၊ ဆင်းရဲသား ခြေထောက် လို့ အမည်ပေး ထားတာ စော်ကားလိုတဲ့ ဆန္ဒကြောင့် မဟုတ် ပါဘူး ။

ဒီလို ခြေချောင်း ပိုင်ရှင်တွေ ဟာ အကြံ ဉာဏ်ကြီး ကြပါတယ် ။ ဘယ်လို အရာ မျိုးကိုပဲ ဖြစ်ဖြစ် သူတို့တွေ ဟာ ကောင်းစွာ စစ်ကြော နိုင်စွမ်း လည်း ရှိကြ ပါတယ် ။

သူတို့တွေဟာ အမြဲတမ်း တည်ငြိမ် နေ တတ်ပြီး ကျိုးကြောင်း ဆီလျော်စွာ ပြောဆို တတ်ကြ ပါတယ် ။

ဒါကြောင့်ပဲ အခြေအနေ အရပ်ရပ် ကို အဆုံးမသတ် ခင်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း ရှိကြ ပါတယ် ။

ဒီလို လူမျိုးတွေ နဲ့ သူငယ်ချင်း ဖြစ်ရင် လက် မလွှတ် သင့်ပါဘူး ။ သူတို့ ဆီ က အကောင်းဆုံး အကြံဉာဏ်တွေ ကို သင် ရရှိ ပါလိမ့် မယ် ။

(7) The Egyptian Foot

ယခုလို ခြေချောင်း ပုံစံမျိုး ဟာ ရှားပါးပြီး အမြင့် ကနေ အနိမ့် သို့ ညီညာစွာ ဆင်းသွားတဲ့ ပုံစံမျိုး ဖြစ်ပါတယ် ။

ဒီလို ခြေချောင်း ပုံစံမျိုး ကို ဘာကြောင့် အီဂျစ်ခြေထောက် လို့ ခေါ်ရတာလဲ ဆိုတော့ အဆိုပါ ခြေချောင်း ပိုင်ရှင်တွေ ဟာ အနည်းငယ် လျှို့ဝှက် ဆန်းကြယ် ကြတာ ကြောင့် ဖြစ်ပါတယ် ။

သူတို့တွေဟာ အလွန်ကို လျှို့ဝှက် တတ်တဲ့ သူတွေ ဖြစ်ပြီး သူတို့ဟာ သင့်အမြင် မှာ အဖြေ ရှာရ ခက်တဲ့ ပုစ္ဆာ တစ်ပုဒ် လိုဖြစ်နေနိုင်ပါတယ် ။ သူတို့ရဲ့ စိတ်ကူးတွေ ခံစားချက်တွေ ကို သင် ဖော်ထုတ် နိုင်မှာ မဟုတ်ပါဘူး ။

၇ ရက်သားသမီးများနှင့် မိတ်ဆွေ အပေါင်း လိုရာဆန္ဒအဝဝ လိုရာကိစ္စ အဝဝတို့ ပြည့်စုံပြီးမြောက်၍ ကောင်းကျိူ းချမ်းသာကို အစဉ်ထာဝရ ရရှိခံစားရပါစေ။ ဆရာ ဂျာမိုးဦး ဗေဒင် လက္ခဏ