“မိဘ နှစ်ပါး ကို ဆွမ်း ခံကျွေး သော ရဟန်း”

“မိဘ နှစ်ပါး ကို ဆွမ်း ခံကျွေး သော ရဟန်း”

သာဝတ္ထိပြည်တွင် တစ်ဆယ့်ရှစ်ကုဋေ ကြွယ်ဝသော သူဌေးဇနီးမောင်နှံ၌ တစ်ဦးတည်းသော သားတစ်ယောက်ရှိ၏။

ထိုသားသည် မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ သာသနာတော်၌ ထက် သန်သော သဒ်ဓါတရား ဖြစ်ပေါ်ပြီးလျှင် ရဟန်းပြုခွင့်ပေးရန် မိဘများထံ ခွင့်ပန်သဖြင့် ခွင့်မပြုလိုသော်လည်း

တစ်ဦးတည်းသောသား စိတ်ချမ်းသာရေးအတွက် မိဘများက ခွင့်ပြုလိုက်ရ၏။

ရဟန်းသစ်သည် တိုင်းစွန်ပြည်ဖျားရှိ ရွာငယ်တစ်ရွာအနီး တောရကျောင်း၌ သီတင်းသုံးလျက်ဝိပဿနာ တရားကို ကြိုးစားအားထုတ်၏။

ရဟန်းတော်သည် တစ်ဆယ့်နှစ်နှစ် တိုင်တိုင် ကြိုးစားအား ထုတ်သော်လည်း တရားထူး မရနိုင် ဖြစ်နေ၏။

ထို တစ်ဆယ့်နှစ်နှစ် အတွင်း၌ ရဟန်းတော်၏။ ခမည်းတော် မယ်တော်များမှာ အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ဥစ္စာ ပျက်စီးခဲ့ရာ ခွက်လက်စွဲ ကာ တောင်းစားရသည့် အခြေအနေသို့ရောက်ခဲ့ရ၏။

သာဝတ္ထိမှ ရဟန်းတော်တစ်ပါး အဆိုပါ တောကျောင်းသို့ ရောက်လာသဖြင့် မိဘများဖြစ်ကြသော တစ်ဆယ့်ရှစ်ကုဋေ ကြွယ်ဝချမ်းသာသည့် သူဌေးဇနီးမောင်နှံ အကြောင်း မေးမြန်းဖြစ်၏။

မိဘ များ၏ ဒုက္ခကို သားရဟန်းတော် ကြားသိရသောအခါ တစ်ဆယ့်နှစ်နှစ်တိုင် တရားထူး မရနိုင်သော ကြောင့် တစ်ကြောင်း၊

အိုမင်းပြီး ဒုက္ခရောက်နေသော မိဘကို ကိုယ်တိုင်လုပ်ကျွေးပြုစု လိုသောကြောင့်တစ်ကြောင်း၊ လူဝတ်လဲရန် သာဝတ္ထိသို့ ပြန်ကြွလာ၏။ လူဝတ်မလဲမီ မြတ်စွာဘုရားကို ဖူးမြော်လိုသဖြင့်မြတ်စွာဘုရားထံမှောက်သို့ ရောက်ခဲ့၏

မြတ်စွာဘုရားက မာတု ပေါသကသုတ် တရားတော်ကို ဟောကြားကာ မိဘတို့၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးပြီးလျှင် ရဟန်း ဘဝြဖင့်လည်း မိဘတို့ကို လုပ်ကျွေးပြုစုနိုင်ကြောင်း မိန့်ကြားတော်မူရာ ထိုရဟန်းမှာ လူဝတ်မလဲ ဖြစ်တော့ပေ။

ရဟန်းတော်သည် ဇေတဝန်ကျောင်းမှ ထွက်ခွာခဲ့ပြီးလျှင် သာဝတ္ထိမြို့ထဲသို့ ဆွမ်းခံကြွရာ ယာဂုဆွမ်း တစ်သပိတ် ရရှိခဲ့၏။

ထိုရဟန်းသည် မိဘများကို ရှာဖွေ၍ တွေ့သောအခါ ယာဂုဆွမ်းဖြင့် ပြုစုလုပ်ကျွေး၏။ ထိုအချိန်မှစ၍ မိဘနှစ်ပါးကို ဆွမ်းခံလျက် ကျွေးမွေးပြုစု နေခဲ့၏။ ရေပူရေချမ်း ခြေဆုပ်လက်နယ် ပြုစုစောင့်ရောက်၏။

ဤအကြောင်းကို အချို့သော ရဟန်းများ သိသောအခါ ဒကာ၊ ဒကာမများက သဒ်ဓါတရားဖွငျ့ လှူဒါန်းသောဆွမ်းကို လူတို့အား မပေး မကျွေးသင့်ဟု ယူဆသဖြင့် မြတ်စွာဘုရားအား လျှောက်ကြ၏။

မြတ်စွာဘုရားက ထိုရဟန်းကို ခေါ်၍မေးရာ အခြားရဟန်းများ လျှောက်ထား သည့်အတိုင်း ဟုတ်မှန်ကြောင်း ဝနျခံလြှောကျထား၏။

မြတ်စွာ ဘုရားက သာဓု သာဓု သာဓု ချစ်သားရဟန်း ဟု သာဓုခေါ်တော်မူပြီးလျှင် သုဝဏ္ဏသာမ ဇာတ်တော် ကို ဟောတော်မူ၏။

မိဘကို လုပ်ကျွေးပြုစုခြင်းသည် မြတ်သော မင်္ဂလာတစ်ပါး ဖြစ်သည့် အားလျော်စွာ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်းဖြင့် လူချမ်းသာ၊ နတ် ချမ်းသာ၊ ဗြဟ္မာချမ်းသာ စံစား ခံစားပြီး

နိဗ္ဗာန်တိုင်ထိ ရရောက် နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။

{ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာမှ ကောက်နုတ် ရေးသား ပူဇော်ပါသည်။}

Credit : ဦးသိန်းဝေ။