အသက် ၃၀–၄၀ပတ်ချာလည်တွေကို ချက်ချင်းဖမ်းပြီး ရည်းစားတော်သင့်တဲ့ အချက်များ…

အသက် ၃၀–၄၀ပတ်ချာလည်တွေကို ချက်ချင်းဖမ်းပြီး ရည်းစားတော်သင့်တဲ့ အချက်များ…

၁- ဒီအရွယ်တန်းတွေဆိုတာက အနေတော်မှာချလိုက်တဲ့ ကုလားပဲအိုးလိုပဲ၊ မာဆတ်ဆတ်ကြီးလည်းဖြစ်မနေဘူး။

ပြဲလည်း မပြဲသလို၊ တူးလည်း မတူးဘူးပြောရရင် နူးပြီး အိနေကြပြီပေါ့၊ အဆင်သင့်ခူးခပ်စားရုံပဲ။

၂- နောက်ပြီး ဒီအရွယ်တွေက ရည်းစားနဲ့ ဖုန်းပြောဖို့အရေး ဖုန်းဘေလ်ပြေးစစ်ရတဲ့အထဲမှာ မပါဘူး၊ သူတို့ကအလုပ်နဲ့ အကိုင်နဲ့ အထုပ်နဲ့ အထည်နဲ့ ဖြစ်နေကြပြီ။

၃- နောက်တစ်ချက်က သူတို့ဟာ ချက်ဆို နားကွက်က မီးဟုန်းဟုန်းတောက်နေကြပြီ၊ အရိပ်ပြရုံနဲ့တင် အကောင်တင်မကဘဲ အသွေးရော အသားပါ ထိုးဖောက်ပြီးကွက်ကျော်မြင်တတ်နေကြပြီ။

၄- အရေးကြီးတဲ့တစ်ချက်က သူတို့ဟာ ဆိုးလို့ ဝနေကြပြီ၊မလုပ်ဘူးတာမရှိ၊ မစမ်းဘူးတာမရှိ၊ မကလိဘူးတာမရှိ၊

ဒီတော့ ဒီတစ်ချီသာ ပွပေါက်တိုးလို့ကတော့ ဒီတစ်သက်လိမ္မာပြီကွာဆိုတဲ့ အတွေးကို ရင်ဝယ်ပိုက်လာကြပြီ။

၅- နောက်တစ်ခုက ဒီအရွယ်တန်းတွေဟာ လူပါးတော်တော်ဝနေကြပြီ၊ သူတို့က တော်ရုံတန်ရုံ ကြုံရမယ့်လောကဓံလောက်ဆို နည်းနည်းလေးမှ မဖြုံတော့ဘူး။

၆- နောက်ပြီးသူတို့ဟာ လိုရင်းကို တိုတိုရှင်းရှင်းပဲလုပ်ချင်ကိုင်ချင်နေကြပြီ၊ ဝှေ့မနေတော့ဘူး၊ ဒဲ့ပဲ၊အီစီကလီတွေ၊ မူလဂျီတွန်တီတွေကို စိတ်မဝင်စားဘူး။

၇- သူတို့ဟာ နေရာတကာမှာ ဆရာကျနေကြပြီဖြစ်လို့သူတို့လက်ထဲကို သင့်ဘဝကြီး ဝကွက်အပ်လို့ ရနေပြီ၊ဆိုလိုတာက မြင်ရုံနဲ့တင် အားကိုးချင်စရာကြီးတွေပေါ့။

၈- ကိုကိုခေါ်ရင် “ဗျာ”တန်းထူးတာ၊ “မောင်”ဆိုတာနဲ့ငေါက်ကနဲ ထထိုင်တာ ဒီအရွယ်တန်းတွေပါပဲ၊ သူတို့ဟာဂျစ်ကန်ကန်တွေ မဟုတ်ဘူး၊ မိုက်ကန်းကန်း မလုပ်ဘူး။

၉- သင်ဆိုးချင်တိုင်ဆိုး၊ ကောက်ချင်တိုင်းကောက်၊ချွဲချင်တိုင်းချွဲ၊ နွဲ့ချင်တိုင်းနွဲ့တာတွေကို သည်းခံနိုင်တဲ့နေရာမှာ သူတို့အရွယ်တွေက နိုးတူးပါပဲ။

သူတို့ဟာသင်ကျင့်သမျှ (အနိုင်) ကို သွေးအေးအေးနဲ့ ရင်ဆိုင်မယ့်အာဂတွေပါပဲ။

၁၀- သူတို့ဟာ အံတိုနေတဲ့အမျိုး၊ အရေထူနေတဲ့အစားတွေဖြစ်လို့ စိတ်ကောက်တာတွေ၊ ချေ(ဂျီ)တိုက်တာတွေ၊ ရစ်တာတွေ၊ ချေတာတွေကို သိပ်မလုပ်ကြတော့ပါဘူး။

၁၁- နောက်ပြီး သူတို့ဟာ အတောင်စုံ၊ အလက်စုံပြီးအလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေကြတာမို့ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့အိမ်တပြောင် မီးတဆောင်လောက်ကို အသာလေး“ဟချလောင်း”ဆိုပြီး လုပ်ပြနိုင်တဲ့သူတွေဖြစ်ပါတယ်။

၁၂- ဒီအရွယ်တွေဟာ သူတို့ဘဝမှာ ချီးထုပ်ပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်လာကြသူချည်းဖြစ်တာမို့ဒီတစ်ခါတော့ အပိုင်ပဲကွဆိုပြီး အားခဲထားကြသူတွေပါ။

၁၃- ဆိုတော့ သူတို့အရွယ်တွေဟာ ဘောလုံးစကားနဲ့ပြောရရင် အကောင်းဆုံးအချိန်ကို ရောက်နေကြသူတွေဖြစ်တာမို့ သင့်အနေနဲ့ ဒီ့ထက်ပိုပြီး နောက်မကျခင်ခပ်မြန်မြန်လေး လက်သွက်ဖို့တော့ လိုနေကြောင်းပါ။

ကဲစဉ်းစားမနေနဲ့ ၃၀ ကျော် ကိုကို မမ တွေကိုခုချက်ချင်းဖမ်းပြီး ရည်းစားတော်လိုက်တော့။ Oki….!

Credit