ဘယ်တော့မှလက်လွှတ်မခံသင့်တဲ့ ယောက်ျားတစ်ယောက်ရဲ့အရည်အချင်းများ…

ဘယ်တော့မှလက်လွှတ်မခံသင့်တဲ့ ယောက်ျားတစ်ယောက်ရဲ့အရည်အချင်းများ…

တစ်ချို့ကောင်လေးတွေဟာ တခြားကောင်လေးတွေနဲ့ယှဉ်ရင် သူမတူ တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။အားလုံး ကေ တာ့ လူတော့လူပါပဲ။

ဒါပေမယ့် တခြားသာမန်ယောက်ျား တစ်ယောက် ဆီမှာ မတွေ့ရတဲ့ အရည်အချင်းမျိုးသူတို့ဆီမှာရှိနေပါတယ်။ ဒီတစ်ခါ ကတော့ ရှောင်ရမှာ မဟုတ်ပါဘူး။

တည့်တည့်ကို ဝင်တိုးရမှာပါ။ဒီလိုအရည်အချင်းမျိုးကို တွေ့နေရင် လက်လွှတ်မခံပါနဲ့။ လုံးဝ လက်လွတ် မခံသင့်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းတွေကတော့….

(၁) ကိုယ့်ရဲ့ အတွင်းစိတ်ကိုပါ မြင်အောင် ကြည့်တတ်တဲ့သူ

တကယ်လို့ အမျိုးသားတစ်ယောက် သင့်ကို ကြည့်တဲ့ အခါ သူ့ရဲ့ မျက် လုံးက သင့်ရဲ့ပြင်ပရုပ်ရည်တစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ပဲ

သင် တို့ကြားမှာ မမြင်ရတဲ့ စွဲဆောင်မှုတစ်ခုရှိနေသလို ခံစားရတဲ့ အထိ သင့်ရဲ့ အတွင်းစိတ်ကိုပါ မြင်အောင် ထိုးထွင်းကြည့်နိုင်တဲ့ သူမျိုးပါ။

ဖျတ်ခနဲကြည့်တဲ့ မျက်လုံးအကြည့်နဲ့ သင့်ရဲ့ အတွင်းစိတ်ကိုပါ မြင်ေ အာင် ဝင်ကြည့်တတ်တဲ့သူမျိုးပါ။

(၂) ကြင်နာတတ်တဲ့သူမျိုး

တခြားလူတစ်ယောက်ကို ကိုယ်လိုချင်တဲ့ ဘောင်အနေအထားမျိုးကို ရောက်အောင်တွန်းပို့တတ်တဲ့ သူမျိုး၊ထိပ်တိုက်တွေ့တဲ့ သူမျိုးဆိုရင်ေ တာ့ လုံးဝရှောင်သင့်ပါတယ်။

အဲ့ဒီအရာတွေနဲ့လုံးဝဆန့်ကျင် ဘ က်ဖြ စ်တဲ့ ကြင်နာတတ်ပြီး၊ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောက်ျားမျိုးဆိုရင်တော့ လုံးဝ လက်လွှတ်မခံသင့်ပါဘူး။

ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်က ဘယ်တော့မှ သင့်အပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာမျိုး လုံးဝရှိမှာ မဟုတ်ပါဘူး။

ဒီလိုအရည်အချင်းရှိတဲ့ ယောက်ျားမျိုးက သင့်အတွက် လက်တွဲဖော်ကောင်းဖြစ်မှာ အသေအချာပါ။

(၃) စိတ်ရှည်တတ်တဲ့သူမျိုး

စိတ်ဓါတ်ခွန်အားတတ်ကြွတဲ့ သူမျိုးဆိုပေမယ့် စိတ်ရှည်တတ်တဲ့ သူမျိုး ကို ရွေးပါ။အောင်မြင်မှုဆီကို အားကြိုးမာန်တတ်နဲ့ ခရီးနှင်သွားတာ ဟာလည်း ကောင်းတဲ့ အချက်ဆိုပေမယ့် စိတ်ရှည်မှုကလည်း လိုပါတယ်။

ဒီလိုလူမျိုးကလည်း လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်နိုင်ပါ တယ်။

(၄) ချက်ပြုတ်တတ်သူ

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ချက်ပြုတ်တတ်တဲ့ ယောက်ျားဟာ အမျိုးသမီးတွေရဲ့ အမြင်မှာ တကယ်ကို စွဲဆောင်မှုရှိသူပါ။

ကိုယ့် အ တွက်အစားအသောက်ကို ကိုယ်တိုင် ချက်ပြုတ်တတ်တဲ့ သူမျိုးဟာ မချက်ပြုတ်တတ်တဲ့ သူထက် အများကြီးသာပါတယ်။

(၅) သင့်ကို ပျော်အောင် လုပ်ပေးနိုင်သူ

အနည်းဆုံးတော့ ကိုယ့်ကို ပြုံးရယ်အောင် လုပ်ပေးနိုင်တဲ့ လူမျိုးကေ တာ့ အကောင်းဆုံးပါ။တကယ်လို့ ကိုယ့်ချစ်သူမှာ ဟာသဉာဏ်ရှိ တ ယ်ဆိုရင်တော့ သူကြောင့် သင်ပြုံးပျော်ခွင့်ရမှာပါ။

သင့်ကို ပြုံးပျော်ေ အာင် လုပ်နိုင်တဲ့ အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားမယ် ဆိုရင်တော့ သူကြောင့် စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားရမှာ အသေချာပါ။