အမာရွတ်တွေပျောက်ပြီး အသားရည်ကြည်လင်စေမယ့် ဂျီးချွတ်ပေါင်းတင်နည်း

အမာရွတ်တွေပျောက်ပြီး အသားရည်ကြည်လင်စေမယ့် ဂျီးချွတ်ပေါင်းတင်နည်း

အမာရွတ် တွေဟာ မိန်းကလေး တစ်ယောက်ကို အကျည်းတန် စေပါတယ် ။ ဒီလို အမာရွတ်တွေကို သက်သာ ပျောက်ကင်း စေတဲ့ နည်းလမ်းတွေ ထဲမှာ ဂျီးချွတ်ခြင်း ဟာလည်း ထိရောက် တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ် ။

ဂျီးချွတ် ခြင်းဖြင့် ဆဲလ်သေတွေ ကွာကျပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေ တာကြောင့် အသားအရေကို စိုပြည်ပြီး ကြည်လင် ဝင်းပ နေစေပါတယ် ။

ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေ ကတော့ အရမ်းကို လွယ်ကူ ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် ပုံမှန်လေး ပြုလုပ် ပေးသွားရင် သိသာတဲ့ ရလဒ်ကို တွေ့မြင် ရမှာပါ ။

( ၁ ) ကော်ဖီမှုန့်နဲ့ ပျားရည်

ဒီနည်းလမ်းလေးကို ခန္ဓာကိုယ်မှာ သာမက မျက်နှာမှာပါ အသုံးပြုလို့ ရပါတယ် ။ ပျားရည်နဲ့ကော်ဖီမှုန့်ကို ဆတူ ရောစပ်ပြီး အမာရွတ် ရှိတဲ့ အရေပြားကို စက်ဝိုင်း ပုံသဏ္ဍာန် ပွတ်လိမ်းပေးပြီး

၁၀ မိနစ်ခန့် အကြာမှာ ရေဆေး ပေးလိုက်ပါ ။ ဒီနည်းလမ်းလေးကို တစ်ရက် ခြားတစ်ခါ လောက် ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် သိသာ ထင်ရှားတဲ့ ရလဒ်ကို တွေ့မြင် ရမှာပါ။

( ၂ ) ပဲမှုန့် နဲ့ ဆန်

ဆန်ကို ကြေညက်နေအောင် မဟုတ်ပဲ အစေ့သေးသေးလေးတွေ ဖြစ်တဲ့ အထိ ထောင်းလိုက်ပါ ။ ရလာတဲ့ ဆန်မှုန့် နဲ့ ပဲမှုန့်ကို ဆတူ ရောစပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ် ဖျော် လိုက် ပါ ။

ရလာတဲ့ အနှစ်ကို အမာရွတ် ရှိတဲ့ အရေပြားပေါ်ကို စက်ဝိုင်း ပုံသဏ္ဍာန် လိမ်းပေးပါ။

၅မိနစ်လောက်ထားပြီး စက်ဝိုင်း ပုံသဏ္ဍာန် နှိပ်နယ် ပေးလိုက်ကာ ရေဆေးပေးလိုက်ပါ ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၃ ကြိမ်လောက် ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် သိသာ ထင်ရှားတဲ့ ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ် ။

( ၃ ) လိမ္မော်ခွံ ၊ ပျားရည် နဲ့ နွားနို့

လိမ္မော်ခွံကို နေပူလှန်းပြီး ခြောက်သွားတဲ့ အခါမှာ အမှုန့် ကြိတ်လိုက်ပါ။ ရလာတဲ့ လိမ္မော်ခွံမှုန့် ၂ဇွန်း၊ ပျားရည် ၂ဇွန်း ၊ နွားနို့ ၁ဇွန်းကို ရော မွှေလိုက်ပါ ။

ရလာတဲ့ အနှစ်ကို အမာရွတ် ရှိတဲ့ အရေပြားပေါ် ပွတ်လိမ်းပေးကာ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ် ပေးလိုက်ပါ ။

၅ မိနစ် ခန့် အကြာမှာ ဆေးကြော ပေးလိုက်ပါ ။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ရင် သိသာထင်ရှားတဲ့ ရလဒ်ကို အမြန်ဆုံး တွေ့မြင်ရမှာပါ ။

( ၄ ) အုတ်ဂျုံမှုန့်၊ ပျားရည်၊ သံပုယို

အုတ်ဂျုံမှုန့် ၁ဇွန်း၊ ပျားရည် ၁ဇွန်း၊ သံပုယိုရည် ၃စက်ခန့်ကို သမသွားအောင်ရောမွှေလိုက်ပါ။ ပျစ်လွန်းနေရင် ရေအနည်းငယ်ရောပေးလို့ရပါတယ်။

ရလာတဲ့အနှစ်ကို အမာရွတ်ရှိတဲ့အရေပြားတွေပေါ်လိမ်းပြီး ၅မိနစ်ခန့်ထားလိုက်ပါ။

ပြီးရင်တော့ စက်ဝိုင်းပုံသဏ္ဍာန်ပြန်ပွတ်ပေးကာ ဆေးကြောပေးလိုက်ပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ရင် သိသာထင်ရှားတဲ့ရလဒ်ကို အမြန်ဆုံးတွေ့မြင်ရမှာပါ။

( ၅ ) အာလူး

အာလူးကို ပါးပါးလေးတွေ လှီးလိုက်ပါ ။ ရလာတဲ့အာလူးပြားလေးတွေကို အမာရွတ်တွေပေါ် ကပ်ထားပေးလိုက်ပါ။ အာလူးတွေခြောက်သွားတဲ့အခါ ခွာလိုက်ပြီး အခြားအာလူးပြားလေးတွေနဲ့ အမာရွတ်တွေကို ပွတ်ပေးပါ။

မိနစ် ၂၀ ခန့်အကြာမှာတော့ အာလူးတွေကိုဖယ်ပြီး ၁၀ မိနစ်ခန့် လေသလပ်ခံပေးလိုက်ကာ ရေအေးနဲပဆေးကြောပေးလိုက်ပါ။

ဒီနည်းလမ်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမာရွတ် တွေ သိသိသာသာလျော့ပါးသွားမှာဖြစ်ပါတယ်။

Em Em