မှတ်ပုံတင် မပါလျှင် ခရီးသွားလို့ မရကြောင်း ထုတ်ပြန်၊ မှတ်ပုံတင်ပါမှ ခရီးသွားလို့ ရတော့မည်

မှတ်ပုံတင် မပါလျှင် ခရီးသွားလို့ မရကြောင်း ထုတ်ပြန်၊ မှတ်ပုံတင်ပါမှ ခရီးသွားလို့ ရတော့မည်

ထောက်ခံစာရွက်နှင့် ခရီးသွားလာခြင်းကို ဧပြီလကနေစပြီး ခွင့်ပြုတော့မည်မဟုတ်ကြောင်းနှင့် နိုင်ငံသားမှတ်ပုံတင်ပြသနိုင်မှသာ သွားလာခွင့်ပြုမည်ဟု စကစ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်..

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက် နံနက် ၆ နာရီမှစတင်ကာ နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများပြသ၍ ခရီးသွားလာခြင်း၊

အစစ်ဆေးခံခြင်းများ ခွင့်ပြုတော့မည် မဟုတ်ကြောင်း စကစ ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း

တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) ကို ပြသ၍ စစ်ဆေးခံရမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံသားကတ် အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများဟာ လည်း တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ကြောင်းလည်း အသိပေးထားပါတယ်။

အသက် (၁၆) နှစ် နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ပေးခြင်း၊

ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ဆောင်ရွက်ပေးခြင်းများကို

၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

ပန်းခင်းစီမံချက်မှာ ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ပါတယ်။

မွတ္ပုံတင္ မပါလွ်င္ ခရီးသြားလို႔ မရေၾကာင္း ထုတ္ျပန္၊ မွတ္ပုံတင္ပါမွ ခရီးသြားလို႔ ရေတာ့မည္

ေထာက္ခံစာ႐ြက္ႏွင့္ ခရီးသြားလာျခင္းကို ဧၿပီလကေနစၿပီး ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္းႏွင့္ ႏိုင္ငံသားမွတ္ပုံတင္ျပသႏိုင္မွသာ သြားလာခြင့္ျပဳမည္ဟု စကစ၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက သတင္းထုတ္ျပန္..

၂၀၂၂ ခုႏွစ္ ဧၿပီလ ၁ ရက္ နံနက္ ၆ နာရီမွစတင္ကာ ႏိုင္ငံသားကတ္ (မွတ္ပုံတင္) အစား ေထာက္ခံစာမ်ားျပသ၍ ခရီးသြားလာျခင္း၊

အစစ္ေဆးခံျခင္းမ်ား ခြင့္ျပဳေတာ့မည္ မဟုတ္ေၾကာင္း စကစ ရဲ႕ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ထားပါတယ္။

ျပည္သူမ်ားအေနျဖင့္ ခရီးသြားလာရာတြင္လည္းေကာင္း၊ တည္းခိုေနထိုင္ရာ ေနရာမ်ားတြင္လည္းေကာင္း၊ ႏိုင္ငံသားကတ္ (မွတ္ပုံတင္) ျပသေဆာင္႐ြက္ရသည့္ လုပ္ငန္းမ်ားတြင္လည္းေကာင္း

တရားဝင္ထုတ္ေပးထားေသာ ႏိုင္ငံသားကတ္ (မွတ္ပုံတင္) ကို ျပသ၍ စစ္ေဆးခံရမယ္လို႔ ေဖာ္ျပထားပါတယ္။

ႏိုင္ငံသားကတ္ အတု ကိုင္ေဆာင္ျခင္းႏွင့္ ကတ္အပိုထားရွိ ကိုင္ေဆာင္ျခင္းမ်ားဟာ လည္း တည္ဆဲဥပေဒမ်ားအရ ျပစ္မႈေျမာက္ေၾကာင္းလည္း အသိေပးထားပါတယ္။

အသက္ (၁၆) ႏွစ္ ႏွင့္အထက္ အက်ဳံးဝင္သူမ်ားအား ဥပေဒအရ ကိုင္ေဆာင္သင့္သည့္ ကတ္တစ္မ်ိဳးမ်ိဳးထုတ္ေပးေရးအတြက္ ပန္းခင္းစီမံခ်က္ျဖင့္ ႐ုံးတြင္ေဆာင္႐ြက္ေပးျခင္း၊

ကြင္းဆင္းေဆာင္႐ြက္ေပးျခင္း၊ လိုအပ္သည့္ေနရာမ်ားတြင္ တစ္အိမ္တက္ တစ္အိမ္ဆင္း ေဆာင္႐ြက္ေပးျခင္းမ်ားကို

၂၀၂၁ ခုႏွစ္ ေမ ၃ ရက္မွ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာ ၃ ရက္အထိ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေဆာင္႐ြက္ေပးေနေၾကာင္း သိရပါတယ္။

ပန္းခင္းစီမံခ်က္မွာ ယခုအခါ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္တို႔တြင္ ရာႏႈန္းျပည့္ၿပီးစီးသြားၿပီ ျဖစ္ပါတယ္။