ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ လုံးဝမစားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့်အချက်တွေ

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ လုံးဝမစားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့်အချက်တွေ

တစ်ချို့လူတွေက ဟင်းသီးဟင်းရွက်တွေဆို လုံးဝကိုမကြိုက်တတ်ကြပါဘူး။ တကယ်တော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ တစ်ခြားအစားအစာတွေမှာမတွေ့နိုင်တဲ့ ဓာတ်သတ္တုများစွာပါဝင်နေပြီး

တကယ်လို့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုလုံးဝမစားပဲ ရပ်တန့်လိုက်မယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ ပြသနာများစွာကို ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။

-ညဘက်အမြင်အာရုံ ချို့ယွင်းခြင်း

ညဘက်အမြင်အာရုံ ဆိုးဝါးလာခြင်းက အရမ်းကိုအန္တရာယ်များပါတယ်။ အမှောင်ထဲမှာ အရာဝတ္တုတွေကို မြင်နိုင်ဖို့ လူတွေရဲ့မျက်လုံးတွေက ဗီတာမင်အေလိုအပ်ပြီး

ဗီတာမင်အေကို အုပ်စုနှစ်မျိုးဖြစ်တဲ့ retinol နဲ့ beta-carotene တို့မှာတွေ့နိုင်ပါတယ်။

Retinol ကို ငါးကြီးအသည်း၊ ငါးအဆီနဲ့ ဥတွေမှာတွေ့နိုင်ပေမယ့် အလွန်အကျွံစားသုံးမိပါက အဆိပ်သင့်မှုမြှင့်မားစေတာ ဖြစ်ပါတယ်။ Beta-carotene ကိုတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ တွေ့ရတာဖြစ်ပါတယ်။

-ခန္ဓာကိုယ်မှ အနံ့ဆိုးတွေထွက်လာမယ်

လူတွေမှာ မျက်လုံးအရောင်နဲ့ ဆံပင်အရောင်ကဲ့သို့ပင် မျိုးရိုးဗီဇက လူတွေရဲ့အဆီနဲ့ ချွေးဂလင်းကနေထွက်လာတဲ့ သဘာဝအနံ့ကိုဆုံးဖြတ်ပေးပါတယ်။

ဒါ့အပြင် လူတွေစားသောက်လိုက်တဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်အနံ့ကို အရမ်းကိုလွှမ်းမိုးနိုင်တာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးတွေစားသုံးတဲ့သူတွေဟာ deodorant တွေကိုအသုံးမပြုပေမယ့်

အနံ့အသက်ပိုကောင်းကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ အသီးအရွက်တွေကို မစားသုံးတဲ့သူတွေကတော့ ဆန့်ကျင်ဘက်အနေနဲ့ ခန္ဓာကိုယ်မှအနံ့ဆိုးထွက်လွယ်တာပါ။

-စိတ်ဓာတ်ကျခြင်းကို ခံစားရလွယ်တယ်

အူလမ်းကြောင်းနဲ့ ဦးနှောက်တို့ဟာ အရမ်းကိုနီးကပ်စွာဆက်စပ်နေတာကြောင့် မျှတတဲ့အစားအစာဟာ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကိုလွှမ်းမိုးနိုင်ရုံမက စိတ်ကျန်းမာရေးအတွက်ပါ မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။

အသီးအရွက်တွေကို မစားပဲနေတဲ့အခါ စိတ်ဓာတ်ကျနိုင်ခြေပိုများကြောင်း လေ့လာတွေ့ရှိရတာဖြစ်ပါတယ်။

– သွေးတိုးရောဂါဖြစ်နိုင်တယ်

သုတေသနပြုချက်တွေအရ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို အနည်းငယ်သာစားသုံးတဲ့သူတွေဟာ အသီးအရွက်များများစားသူတွေနဲ့ နှိုင်းယှဉ်ပါက သွေးတိုးရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း သိရပါတယ်။

-အစာခြေလမ်းကြောင်းဆိုင်ရာ ပြသနာတွေဖြစ်လာနိုင်တယ်

အမျှင်ဓာတ်များစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ လွယ်ကူစွာဝမ်းသွားဖို့ကူညီပေးပြီး ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်တာပါ။

အမျှင်ဓာတ်ပမာဏနည်းပါးတဲ့အခါ ဝမ်းချုပ်ခြင်းကိုအဓိကဖြစ်စေနိုင်ပြီး အစာခြေလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ဖြစ်လာစေပါတယ်။