အသက် ၃၀ ဝန်းကျင်အရွယ်မှာ လက်ထပ်သင့်တဲ့ အကြောင်းအရင်းများ

အသက် ၃၀ ဝန်းကျင်အရွယ်မှာ လက်ထပ်သင့်တဲ့ အကြောင်းအရင်းများ

သုတေသနပြုချက်တွေအရ အိမ်ထောင်တစ်ခုရဲ့ပျမ်းမျှအသက်ဟာ အမျိုးသမီးတွေအတွက် ၂၈ နှစ်နဲ့ အမျိုးသားတွေအတွက် အသက် ၃၀ အရွယ်ဖြစ်တယ်လို့ဆိုပါတယ်။

အသက် ၃၀ အရွယ်မှာ ဘာကြောင့်လက်ထပ်သင့်လဲဆိုတဲ့အပေါ် ဆက်ဆံရေးကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်တစ်ချို့ ရှိလို့နေတာပါ။

-Relationship အတွေ့အကြုံတွေရှိတယ်

အသက် ၃၀ အရွယ်ရောက်မှသာ အိမ်ထောင်ပြုခြင်းက အရင်က relationship အတွေ့အကြုံတွေရှိပြီးသားဖြစ်တာကြောင့် ကိုယ့်အတွက်ပိုမှန်ကန် အဆင်ပြေတဲ့လူကို ရွေးချယ်တဲ့နေရာမှာ ပိုလွယ်ကူစေတာပါ။

ကိုယ်ဘာလိုချင်တယ်၊ သူကရောဘာလိုချင်တယ်ဆိုတာကို နားလည်နိုင်ပြီး အရင်ကကြုံခဲ့ဖူးတဲ့ ဆက်ဆံရေးတွေကနေ သင်ယူစရာတွေအများကြီးကို ရနေပြီးသားဖြစ်နေပါတယ်။

– ငွေရေးတည်ငြိမ်မှုရှိတယ်

အိမ်ထောင်တစ်ခုတည်ဆောက်တဲ့အခါ ငွေရေးကြေးရေးကလည်း တကယ့်ကိုအရေးပါတဲ့ အခန်းကဏ္ဌမှာပါဝင်နေတာဖြစ်ပါတယ်။

ဒီတော့ အသက် သုံးဆယ်အရွယ်ရောက်သွားတဲ့အခါ ကိုယ့်ရဲ့ငွေရေးအခြေအနေကလည်း တည်ငြိမ်နေပြီဖြစ်တာကြောင့် ငွေရေးကြောင့်ဆက်ဆံရေးမှာ ပြသနာဖြစ်လာမှာမျိုးကို စိတ်ပူနေစရာမလိုပါဘူး။

-ကိုယ်ဖြစ်ချင်တာကို သေချာသိတယ်

လူတွေဟာ အသက်နှစ်ဆယ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကို အများကြီးလေ့လာသင်ယူနေကြဆဲအချိန်ဖြစ်ပါတယ်။

ဒီအချိန်ဟာ လူတော်တော်များများအတွက် အတိုးတက်ဆုံးဆယ်စုနှစ်လို့ ဆိုကြပါတယ်။

အသက်သုံးဆယ်နားရောက်သွားတဲ့အခါမှာတော့ လူတော်တော်များများနဲ့လည်း တွေ့ကြုံခဲ့ဖူးပြီဖြစ်ပြီး

ဘာကကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုလဲ၊ ဘာကကိုယ်လိုချင်တဲ့အရာလည်းဆိုတာကို သေချာသိမြင်စေနိုင်နေပြီဖြစ်ပါတယ်။

– ကလေးအတွက် ဖိအားတွေသိပ်မခံစားရဘူး

အမျိုးသမီးတွေဟာ သူတို့ရဲ့သားဦးကိုမွေးဖွားဖို့အတွက် အသက် ၃၀ မှ ၃၄ နှစ်ကြားအထိ စောင့်ဆိုင်းမှုပိုများလာကြတယ်လို့ Centers for Disease Control and Prevention က ဆိုပါတယ်။

အမျိုးသမီးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးယူရမှာကို တွေဝေနေတတ်ကြပြီး ဒါဟာ ကြီးမားတဲ့ဖိအားတစ်ခု ဖြစ်စေပါတယ်။

အသက် ၃၀ အရွယ်မှာ အိမ်ထောင်ပြုခြင်းက ဒီလိုဖိအားမျိုးကို ရှောင်ရှားနိုင်တဲ့ မှန်ကန်တဲ့အရွယ်ဖြစ်တယ်လို့ သိရပါတယ်။