ချရခက်တဲ့ ဗိုက်အဆီတွေကို လွယ်လွယ်ကူကူပဲ ပြုတ်ထွက်သွားစေမယ့် နည်းလမ်းကောင်း
အဆီတွေဟာ အမြဲတမ်းတော့ ဆိုးရွားတဲ့အရာတွေ မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်မှာ အဆီခြောက်မျိုးရှိပြီး ဒါတွေအားလုံးဟာ မလိုလားအပ်တဲ့အဆီတွေတော့ မဟုတ်ပါဘူးနော်။
Beige fat ဟာ ကျန်းမာရေးတစ်ခုလုံးကို ထိခိုက်စေနိုင်တဲ့ အခြားအဆီတွေကို ဖြတ်တောက်ဖို့လိုအပ်ပါတယ်။
ဒါပေမယ့် ချရခက်တဲ့ ဗိုက်အဆီကတော့ ကျန်းမာရေးအတွက် အရမ်းကိုအန္တရာယ်များပြီး ခန္ဓာကိုယ်ထဲအလွန်အကျွံရှိနေခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊
ဆီးချိုရောဂါ၊ လေဖြတ်ခြင်းနဲ့ ကင်ဆာလိုမျိုး ရေရှည်အကျိုးဆက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ဗိုက်အဆီတွေကို လွယ်လွယ်ကူကူပဲချနိုင်ဖို့ သေးငယ်တဲ့ပြောင်းလဲမှုတွေနဲ့ စတင်လိုက်ပါ။
– ရေဓာတ်ကိုတိုးမြှင့်ပါ
ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုတွင် ရေရဲ့အခန်းကဏ္ဌဟာ အရမ်းကိုအရေးပါတာကြောင့် ရေပမာဏအနည်းငယ်ကို သောက်သုံးမယ်ဆိုရင် ဝိတ်ချဖို့လုပ်ဆောင်နေတဲ့ သင့်ရဲ့ကြိုးပမ်းမှုတွေဟာ အားလုံးအသုံးမဝင်ဖြစ်သွားပါလိမ့်မယ်။
သကြားပါတဲ့အချိုရည်တွေအစား ရေကိုသောက်ပေးခြင်းက ကယ်လိုရီတွေကို သိသိသာသာလျော့ချနိုင်ပြီး ခန္ဓာကိုယ်ရဲ့အလုံးစုံကျန်းမာရေးကို အထောက်အကူပြုပါတယ်။
-ပရိုတင်းဓာတ်ပိုစားပါ
ကယ်လိုရီတွေနည်းဖို့ကြိုးစားနေတဲ့အချိန်မှာတောင် ပရိုတင်းဓာတ် လုံလုံလောက်လောက်ရဖို့က အရေးကြီးပါတယ်။
ကြွက်သားထုထည်တည်ဆောက်ဖို့နဲ့ အဆီတွေကိုဖယ်ရှားဖို့ ပရိုတင်းဓာတ်က ကူညီပေးပြီး အချိန်ကြာမြှင့်စွာ ဗိုက်ပြည့်နေတာကြောင့် မကြာခဏ အစားစားချင်စိတ်ကို လျော့ကျစေပါတယ်။
-Cocktail အစား mocktail ကိုသာရွေးချယ်ပါ
စားသောက်ဆိုင်တွေကို သွားတိုင်း သို့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ကော့တေးသောက်မယ့် သင့်ရဲ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့အချိန်တန်ပါပြီ။
ကော့တေးမှာ သကြားအပြည့်ပါတဲ့အရက်တွေ ပါဝင်တာကြောင့် ဗိုက်အဆီကို ပိုတက်စေပါတယ်။
ဒါ့အပြင် အရက်အလွန်အကျွံသောက်ခြင်းက အရေပြားအဆီဖြစ်စေတယ်ဆိုတဲ့ အချက်ကို သတိထားဖို့လိုအပ်ပါတယ်။
-လုံလောက်စွာ အိပ်စက်ပါ
အိပ်ချိန်မလုံလောက်ခြင်းက အစားစားချင်စိတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အစားပိုစားချင်စိတ် ဖြစ်စေပါတယ်။
အိပ်ရေးမဝခြင်းက အဝလွန်ခြင်းအန္တရာယ်နဲ့ ကိုယ်အလေးချိန်လျော့ချဖို့ ကြိုးပမ်းမှုတွင် အနှောင့်အယှက်ဖြစ်နိုင်ခြေကို တိုးလာစေတာပါ။ အသက်အရွယ်အုပ်စုအားလုံးအတွက် အနည်းဆုံး ခုနှစ်နာရီခန့် အိပ်စက်သင့်ပါတယ်။
-Macro တွေကိုရေတွက်ပါ
Macro အုပ်စုတွေဖြစ်တဲ့ ပရိုတင်း၊ ကာဗိုဟိုက်ဒရိုက်နဲ့ အဆီတွေကို app တွေသုံးကာရေတွက်နိုင်ပြီးတော့ ဒါက ပိန်နေတဲ့ကြွက်သားတွေကို တည်ဆောက်ဖို့၊
ခေါင်းမာတဲ့ဗိုက်အဆီတွေကို ဖယ်ရှားဖို့အတွက် ကူညီပေးနိုင်တာကြောင့် အရမ်းကိုအသုံးဝင်တာပါ။