တန်ဖိုးရှိလိုက်တာ… တစ်ကြိမ်တည်းလုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့ သခွားသီး နည်း

တန်ဖိုးရှိလိုက်တာ… တစ်ကြိမ်တည်းလုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့ သခွားသီး နည်း

လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ် ။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး ။

ဆားဝက်ခြံတွေဟာ နှာခေါင်း ၊မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ။

ဒိထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ် ။ဆားဝက်ခြံ သက်သာစေတဲ့နည်းတွေကတော့ အများကြီးရှိပါတယ် ။

ဒီတစ််ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ် ။

ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။ပထမဦးဆုံးလုပ်ရမှာကတော့ သခွားသီးကို အကွင်းပုံစံလှီးလိုက်ပါ။

တစ်ခုဆို လုံလောက်ပါပြီ ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ ။ ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။

ပြုလုပ်နည်း

ပထမဦးစွာ လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ်ပေးပါ မိနစ်အနည်းငယ် ဖိကပ်ပေးပါ ။

ဒီလိုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့အတွက် ပိုပြီး အထောက်အကူဖြစ်ပါတယ် ။

ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ ။ အနည်းဆုံး ၅မိနစ်နှင့်အထက် သကြားများ အရည်ပျော်သည်အထိ ပွတ်ပေးရပါမယ် ။

ပွတ်ပြီးသွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ထို့နောက် ချွေးပေါက်ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ ။

နှင်းဆီရေပြုလုပ်ပုံ

၁။နှင်းဆီပွင့်ဖက်များကိုသန့်ရှင့်သောဇလုံတစ်လုံး ထဲသို့ ့ခြွေထည့်ပါ။

၂။ခြွေပြီးသားပွင့်ဖက်များကို ရေသန့်သန့်နှင့်ဆေးပါ။

၃။ဆေးပြီးသားပွင့်ဖက်များထဲသို့ရေနွေးဆူဆူတစ်ခွက်လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ။

၄။ပြီးလျှင်အအေးခံပြီး ပွင့်ဖက်များမပါအောင် အငွှေ့လုံသောဘူးသန့်သေးသေးတစ်လုံးထဲသို့လောင်းထည့်ပါ။

၅။ဤအရေများကို နှင်းဆီရေအဖြစ်အသုံးပြုနိုင်ပါပြီ။

တစ်ခါလုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ ။ သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ်ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ ။

နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင်သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်…

Credit:Original