ဂေါ်ဖီရွက်ရဲ့ လူသိပ်မသိကြတဲ့ အသုံးဝင်ပုံများ

ဂေါ်ဖီရွက်ရဲ့ လူသိပ်မသိကြတဲ့ အသုံးဝင်ပုံများ

ဂေါ်ဖီရွက်မှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ေ ဂါ်ဖီရွက်ကို ခေါင်းကိုက်တာ၊သိုင်းရွိုက်အကျိတ်၊ ကိုလက်စထရော များ တာ အစရှိတဲ့ ရောဂါတွေအတွက် ဆေးဝါးတစ်လက်ပါ။

ဒါကြောင့် ဂေါ် ဖီရွက်ဟာသဘာဝ ကပေးတဲ့ ဆေးဝါးတစ်လက််လို့တောင် ပြောလို့ရပါ တယ်။ဂေါ်ဖီရွက်ရဲ့ လူသိပ်မသိကြတဲ့ အသုံးဝင်ပုံတွေကတော့…

(၁)ရင်သားနာကျင်တာ

ရင်သွေးကို နို့တိုက်ကျွေးတဲ့ အခါမှာ ရင်သားနာကျင်တဲ့ ဒဏ်ကို အမျိုး သမီးတော်တော်များများခံစားရလေ့ရှိပါတယ်။အဲ့ဒီနာကျင်မှုကို ဂေါ်ဖီ ရွက်က ကုစားပေးနိုင်ပါတယ်။

ပထမဆုံး ဂေါ်ဖီရွက်ကို ဆေးပါ။အရွက် တိုင်းရဲ့ အလယ်က ညှာတံကို ဖြတ်တောက်ပါ။ပြီးရင်တော့ ရင်သား ဆိုဒ်နဲ့အနေတော်လေးဖြစ်အောင် အရွက်ကို လှီီးပါ။

နို့သီးခေါင်််းတွေ ကိုတော့ အရွက်နဲ့ အုပ်ဖို့ မလိုပါဘူး။ဘရာထဲမှာ အရွက်ကို ထည့် ပြီး ဝတ်ထားလိုက်ပါ။မိနစ်(၂၀)လောက်ကြာတဲ့ အထိထားပါ။

ဒီနည်း ကို အသုံးပြုပေးခြင်းအားဖြင့် ရင်သားနာကျင်မှုကို သက်သာပျောက် ကင်းစေပါတယ်။

(၂)ရောင်ရမ်းတာ

လက်နဲ့ခြေထောက်တို့မှာ ရောင်ရမ်းတာတွေ ခံစားရတာ၊ဥပမာ – ခရီး သွားလို့ ကား၊ရထား အကြာကြီးစီးတဲ့ အခါမျိုးမှှာ ဖြစ်တတ်တဲ့ ခြေေ ထာက်ရောင်တာ အစရှိတဲ့ ရောဂါကိုလည်း ဂေါ်ဖီရွက်က ကုစားပေးနို င်ပါတယ်။

ရောင်ရမ်းတဲ့ နေရာကို ဂေါ်ဖီရွက်လတ််လတ်ဆတ်ဆတ်နဲ့ အုပ်ပေး၊ထုပ်ပေးလိုက်ပါ။တစ်ညလောက် အုပ်ထား၊ထုပ်ထားပေး ရင်တော့ အကောင်းဆုံးပါ။ဒီနည်းအားဖြင့် ရောင်ရမ်းမှုဒဏ်ကို သက်သာ ပျောက်ကင်းစေမှာပါ။

(၃)ခေါင်းကိုက်တာ

ခေါင်းကိုက်ခြင်းအတွက်လည်း ဂေါ်ဖီရွက်က ဆေးတစ်လက်ပါ။ခေါင်း ကိုက်ဝေဒနာခံစားနေရပြီဆိုရင် ဂေါ်ဖီရွက်ကို နားထင်(သို့)ခေါင်းရဲ့ ထိပ်ပိုင်းနဖူးပေါ်မှာ ကပ်ပေးပါ။သိသိသာသာ အကျိုးထူးစေမှာပါ။

(၄)သိုင်းရွိုက်အကျိတ်

သိုင်းရွိုက်အကျိတ်ဟာ ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးမှုကို ထိန်းတဲ့ ဒြပ် တစ် မျိုးကိုထုတ်ပေးတာဖြစ်ပြီး တည်နေရာကတော့ လည်မျိုရှေ့ ပိုင်းမှာပါ။ ခန္ဓာကိုယ်ရဲ့ အစာချေစနစ်အတွက်လည်း အရေးပါ ပါတယ်။

ဒါကြောင့် ဂေါ်ဖီရွက်ကို သိုင်းရွိုက်အကျိတ်ရှိရာ လည်မျိုရှေ့ပိုင်းမှာ ဂေါ်ဖီရွက်ကို ထားပေးပြီး တစ်ညလောက်နေပါ။မနက်ကျရင် ဖယ်လိုက်ပါ။

ဒီနည်းကို အသုံးပြုပေးခြင်းအားဖြင့် သိုင်းရွိုက်အကျိတ်မှာဖြစ်တတ်တဲ့ ရောဂါေ တွကို သက်သာပျောက်ကင်းစေပါတယ်။

(၅)ဂေါ်ဖီထုပ် စားပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ

ဂေါ်ဖီထုပ်မှာဆိုရင် သွေးတွင်းသကြားဓါတ်ပမာဏ အများအောင် ထိန်းညှိေ ပးနိုင်ပါတယ်။အင်ဆူလင်ထုတ်လုပ်မှုပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။

သူ့မှာဆိုရင် vitamin K နဲ့ anthocyanins ပေါကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ mental function တွေအတွက် အများကြီး အထောက် အကူဖြစ်စေသလို၊အာရုံစူးစိုက်မှုအားကို ပိုကောင်းစေပါတယ်။

potassium ဓါတ်ပါတာကြောင့် သွေးကြောတွေကို ဖွင့်ပေးရာမှာ အထောက်အကူဖြစ်စေကာ သွေးပေါင်ချိန်ကို ထိိန်းညှိပေးနိုင်ပြီး သွေးတိုးရောဂါရှိသူတွေ စားသုံးပေးသင့် ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တဲ့ (lupeol, sinigrin နဲ့ sulforaphane ဆိုတဲ့ compounds)တွေလည်းသူ့မှာပါပါတယ်။ရင်သားကင်ဆာ ဖြစ်ပွားနို င်ချေကိုလည်း နည်းပါးစေနိုင်တဲ့ အစွမ်းရှိပါတယ်။

Ref; healthonlinecentral