သင့်ရဲ့လက်ရှိစိတ်ခံစားချက်ကို သင်ရွေးချယ်တဲ့ ခရမ်းရောင်ပန်းပွင့်ကတစ်ဆင့် ပြောပြပေးမယ်

သင့်ရဲ့လက်ရှိစိတ်ခံစားချက်ကို သင်ရွေးချယ်တဲ့ ခရမ်းရောင်ပန်းပွင့်ကတစ်ဆင့် ပြောပြပေးမယ်

ခရမ်းရောင်ဟာ ဒီနှစ် ၂၀၂၀ အတွက် ပေါ်ပြူလာအဖြစ်ဆုံး အရောင်တွေထဲက တစ်ရောင်လို့ပြောရင် မမှားပါဘူးနော်။

ခရမ်းရောင်ဟာ သစ္စာရှိခြင်း၊ မြင့်မြတ်ခြင်း၊ ဇိမ်ကျခြင်း၊ အာဏာရှိခြင်း နဲ့ ရည်မှန်းချက်ကြီးခြင်း စတဲ့အဓိပ္ပာယ်ပေါင်းများစွာကို ကိုယ်စားပြုပါတယ်။

သင်ဟာ ခရမ်းရောင် ကြိုက်နှစ်သက်သူ တစ်ဦးဆိုရင် ဒီ Quiz လေးကို စမ်းကြည့်ဖို့ အကြံပေးပါရစေ။

Quiz လေးမှာ ခရမ်းရောင်ပန်းပွင့်လေး ၄ပွင့်ကို ပေးထားပြီး အဲဒီ၄ပွင့်ထဲကမှ သင်အနှစ်သက်ဆုံး တစ်ပွင့်ကိုရွေးချယ်ပြီး သင့်ရဲ့စိတ်နေစိတ်ထားကို သုံးသပ်ကြည့်ပါနော်….

နံပါတ် (၁)

သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး သင့်အတွက် ဘယ်အရာက အကောင်းဆုံးတွေ ဖြစ်မလဲဆိုတာ ကောင်းကောင်းနားလည်ထားပါတယ်။

သင်ဟာ လူတချို့ လက်ခံယုံကြည်ဖို့ ခဲယဉ်းတဲ့ မမြင်ရတဲ့အရာတွေက ဖြစ်ပေါ်လာတဲ့ စိတ်စွမ်းအင်တွေကို လက်ခံယုံကြည်တတ်ပါတယ်။

လက်ရှိအခြေအနေမှာ သင်ဟာ မိမိစိတ်အားထက်သန်တဲ့ အရာတွေကို အာရုံစိုက်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှာဖွေနေပါတယ်။

ဒါကြောင့် မိမိရဲ့အိပ်မက်နဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းတွေ စဉ်းစားနိုင်ဖို့ ခဏလောက် တစ်ယောက်ထဲ နေချင်စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။

တစ်ယောက်ထဲ အချိန်တွေ ကုန်ဆုံးနေရလို့ အထီးကျန်တယ်ဆိုပြီး မတွေးပါနဲ့။ ဒါဟာ သင့်ကိုရှေ့ဆက်လျှောက်နိုင်ဖို့ အားအင်တွေ ဖြည့်တင်းနေတဲ့ သဘောပါပဲ။

နံပါတ် (၂)

သင်ဟာ စိတ်ကူးယဉ်ဆန်တဲ့ လူတစ်ယောက်ဖြစ်ပြီး သင့်ရဲ့အချိန်အများစုကို အတွေးနယ်ချဲ့ပြီး ကုန်ဆုံးလေ့ရှိပါတယ်။

ဒါ့အပြင် အတိတ်ကို တသသပြန်တွေးပြီး ဆွေးမြေ့နေရတာမျိုးကို နှစ်သက်လေ့ရှိပါတယ်။ လက်ရှိအခြေအနေဟာ သင့်အတွက် မဖြစ်နိုင်တဲ့အရာတွေကို ရယူဖု့ိ ကြိုးစားရုန်းကန်နေရတာမျိုးကို စွန့်လွှတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

သင့်ရဲ့အချိန်တွေကို တန်ဖိုးထားပါ။ မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်နေတာမျိုး စွန့်လွှတ်ပါ။ အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး သင်တကယ်လိုချင်တဲ့အရာတွေကို ရယူနိုင်အောင် ကြိုးစားသင့်ပါတယ်။

ခက်ခဲတဲ့အခြေအနေတွေကို လက်တွေ့ဆန်တဲ့ နည်းလမ်းတွေနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိရှိ ဖြတ်သန်းပါ။

နံပါတ် (၃)

သင်ဟာ မိမိရဲ့နာမည်ဂုဏ်သတင်းကို အလွန်တန်ဖိုးထားတဲ့အပြင် လူတိုင်းရဲ့ လေးစားမှုကိုလည်း ရယူချင်သူတစ်ယောက်ပါ။

ဒါ့အပြင် လူတွေအမြင်မှာ သင်ဟာ နာမည်ဂုဏ်သတင်း ကြီးမားပြီး ကူညီရိုင်းပင်းသူတစ်ယောက်လို့ မှတ်ချက်ပေးတာမျိုး ခံချင်ပါတယ်။

ဒါကြောင့် သင်ဟာ သာမန် အသေးအဖွဲကိစ္စလေးတွေကို လျစ်လျူရှုပြီး မိမိရဲ့နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးဖို့နဲ့ လူတွေရဲ့လေးစားမှုကို ရရှိစေမယ့် လုပ်ရပ်မျိုးကိုသာ ရွေးချယ်လုပ်ဆောင်လေ့ ရှိပါတယ်။

ဒါပေမယ့် သင့်ဘက်က လူတွေရဲ့ရိုသေလေးစားမှုကို အရမ်းလိုချင်နေကြောင်း လူတွေမြင်တဲ့အခါ သူတို့ဘက်က သင့်ကိုရိုသေလေးစားဖို့ တွန့်ဆုတ်လာပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ သင့်ဘက်က စိတ်အေးအေးထားပြီး မိမိလုပ်သင့်လုပ်ထိုက်တာကို ဖြေးဖြေးမှန်မှန်လေး လုပ်ဆောင်ပေးပါ။ သူများရဲ့လေးစားမှုကို လိုချင်ရင် ကိုယ့်ဘက်က သူတို့ကို အရင်လေးစားတတ်အောင် ကျင့်ကြံပါ။

နံပါတ် (၄)

သင်ဟာ တမူထူးခြားအောင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာသူ တစ်ယောက်ပါ။ သင်ဟာ လူတွေကိုကူညီဖို့ ကြိုးစားရင်းနဲ့ပဲ အလုပ်ရှုပ်နေတတ်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ပါတယ်။

လူတွေအမြင်မှာ သင်ဟာ စိတ်သဘောထား ကြီးကျယ်မြင့်မြတ်သူ တစ်ယောက်ပေါ့။ ဒါပေမယ့် လက်ရှိအခြေအနေမှာ သင့်အနေနဲ့ ကိုယ့်ကိုယ်ကို အနားယူဖို့ လိုအပ်ပါတယ်။

တစ်ခါတစ်လေ မိမိကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အရာတွေထံက ခဏထွက်ပြေးပြီး ရှောင်ဖယ်နေလိုက်ပါ။

တချို့လူတွေက အခုချိန်မှာ သင့်ကိုလိုအပ်နေပေမယ့် ရှေ့ဆက်ပြီး ဒီထက်မက တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရဦးမှာဆိုတော့ အခုထဲက အားအင်အပြည့်ဖြစ်နေဖို့ လိုအပ်တယ်လေ။

ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ခဏတဖြုတ် အနားယူသင့်ပါတယ်။

credit to lotaya_quiz