အဆီအစိမ့်စာတွေ စားပြီးတိုင်း လုပ်ပေးသင့်သည့်အရာ (၅) မျိုး
အဆီအစိမ့်စာတွေ စားပြီးတိုင်း
လုပ်ပေးသင့်သည့်အရာ (၅) မျိုး
နေ့စဉ်ဘဝမှာ ကျန်းမာတဲ့အစားအစာပဲစားသင့်တယ်ဆိုတာ သိကြပေမယ့်လည်း အဆီအစိမ့်စာတွေကို တစ်ချိန်လုံး ရှောင်ဖို့ဆိုတာ မလွယ်ပါဘူး။
အကယ်၍ကိုယ်က အဆီများတဲ့အစာကို ကြိုက်လွန်းလို့ မအောင့်အည်းနိုင်ပဲ စားမိတယ်ဆိုရင်တောင် ဒီနည်း (၅) မျိုးအတိုင်းသတိထားလိုက်လုပ်ရင် အဆင်ပြေပါတယ်။
၁။ရေနွေးသောက်ပေးပါ။
အဆီအစိမ့်စာစားပြီးတိုင်း ရေနွေးတစ်ခွက်၊ နှစ်ခွက်လောက်သောက်ပေးတဲ့အခါ စားထားတဲ့အဆီတွေကို ရှင်းထုတ်ပေးတဲ့အပြင် အသည်းနဲ့ အူကိုလည်း ကျန်းမာစေပါတယ်။
၂။နာရီခြားပြီးအိပ်ပါ။
အဆီစာတွေစားစားချင်း တရေးတမောအိပ်တာက ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အစာစားပြီး ၂နာရီ ၃နာရီလောက်ခြားပြီး အိပ်မှသာ သင့်တော်ပါတယ်။
မဟုတ်ရင်တော့ စားထားတဲ့အစာတွေကို မချေဖျက်နိုင်ပဲ ခန္ဓာကိုယ်ထဲ အဆီတွေ စုကျန်နေမှာပါ။
၃။အအေးစာ မစား၊ မသောက်ရ။
အဆီများတဲ့အစာ စားပြီးတဲ့အခါ အအေး၊ ရေခဲမုန့်၊ ရေခဲရေ စတာတွေကို မစားသောက်မိပါစေနဲ့။ အဲ့ဒီ့လိုစားလိုက်တဲ့အခါ အသည်း၊ အစာအိမ်နဲ့ အူတွေကို ထိခိုက်စေပါတယ်။
၄။လှုပ်ရှားပေးပါ။
အစာစားပြီးတာနဲ့ ဆိုဖာပေါ်လဲလျောင်းတာ၊ ထိုင်တာမျိုးကိုရှောင်ပါ။လေ့ကျင့် ခန်းမလုပ်ဖြစ်ရင်တောင် လမ်းလျှောက်ပေးတာက သင့်တော်ပါတယ်။လမ်းလျှောက်ပေးခြင်းဖြင့်လည်းစားထားတဲ့ အဆီစာတွေကို ချေဖျက်ရ လွယ်ကူစေပါတယ်။
၅။ပျားရည်သောက်ပါ။
ပျားရည်က အစာချေဖျက်ရလွယ်ကူစေမယ့် အကောင်းဆုံး သဘာဝဆေးတစ်ခွက်ပါ။ အစာစားပြီးတဲ့အခါ ပျားရည်တစ်ဇွန်းလောက် သောက်ပေးလိုက်ပါ။
အဆီအစိမ့်စာတွေကို စားမိတာ မမှားပါဘူး။ဒါပေမယ့် စားပြီးတဲ့အခါကျန်းမာရေးအတွက်လည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီနည်း(၅)မျိုးကိုသာ လိုက်နာရင် ရောဂါဘယလည်းကင်းဝေးသွားမှာပါ။
Credit