သင့်ဖခင်ဆီကနေ မျိုးရိုးဗီဇအရ အမွေဆက်ခံခွင့်ရနိုင်တဲ့ အရာ ၆ ခု
ဇီဝဗေဒအတန်းတွင် ကျွနု်ပ်တို့ဟာ ကျွနု်ပ်တု့ိ DNA ရဲ့ 50% ကို မိခင်ဆီမှရရှိပြီး ကျန် 50% ကို ဖခင်ဆီက အမွေဆက်ခံလေ့ရှိကြောင်း သင်ယူခဲ့ရပါတယ်။
ဒါပေမယ့် မိဖတစ်ဦးစီဟာ သူတို့ရဲ့ကလေးကို ရုပ်ပိုင်းဆိုင်ရာဝိသေသလက္ခဏာတွေနဲ့ မျိုးရိုးဗီဇလက္ခဏာတွေရဲ့ တူညီတဲ့ပမာဏကို လွှဲပြောင်းပေးတယ်လို့ မဆိုလိုပါဘူး။
တကယ်တော့ သားသမီးတွေဟာ ဖခင်ဆီကနေ တက်ကြွတဲ့စရိုက်တွေကို အမွေဆက်ခံဖို့ 60% ပိုများတာဖြစ်ပါတယ်။
ဇီဝဖြစ်စဉ်ကိုသေချာလေ့လာပြီးနောက် ဖခင်ဘက်မှ အမွေဆက်ခံနိုင်ခြေပိုများတဲ့ ဗီဇတွေကို တွေ့ရှိခဲ့ကြပါတယ်။
-အရပ်အမြင့်
လူတစ်ယောက်ရဲ့အရပ်အမြင့်ဟာ မိဖနှစ်ယောက်လုံးဆီက အမွေဆက်ခံတဲ့ အနည်းဆုံး မျိုးရိုးဗီဇ 700 နဲ့ ဆုံးဖြတ်ပါတယ်။
ဒါပေမယ့် မိဖတစ်ဦးစီရဲ့ အရပ်အမောင်းမျိုးရိုးဗီဇဟာ အနည်းငယ်ကွဲပြားတဲ့ပုံစံဖြင့် အလုပ်လုပ်ပုံပေါ်ပါတယ်။
ဥပမာအားဖြင့် ဖခင်ရဲ့မျိုးရိုးဗီဇဟာ ကြီးထွားမှုကိုနှိုးဆွပေးတာကြောင့် အရပ်အမြင့်နဲ့ သက်ဆိုင်နေတာပါ။
-သွားထပ်တွေ သို့ သွားကျန်းမာရေး
ဖခင်ရဲ့သွားကျန်းမာရေး ညံ့ဖျင်းတဲ့အခြေအနေမျိုးမှာ အမေဖြစ်သူက သွားတွေကြံ့ခိုင်ကျန်းမာနေရင်တောင် သားသမီးတွေဟာ သွားဆေးခန်းသွားပြရဖို့ အခြေအနေပိုများပါတယ်။
သွားစပေါက်ခြင်းမှ သွားပိုးစားခြင်းအထိ သွားနဲ့ခံတွင်းဆိုင်ရာ ပြသနာအားလုံးဟာ ဖခင်အတိုင်း တိုက်ရိုက်ဆက်စပ်နေတာပါ။
-Gender
ဖခင်တွေဟာ မွေးကင်းစကလေးတွေရဲ့ gender အတွက် 100% တာဝန်ရှိတာဖြစ်ပါတယ်။ X နဲ့ Y chromosomes တွေဟာ ကလေးရဲ့ gender ကို သတ်မှတ်ပေးပါတယ်။.
မိန်းကလေးတွေဟာ ဖခင်ထံမှ X chromosomes ကို အမွေဆက်ခံကြပြီး XX မျိုးရိုးဗီဇကိုဖြစ်ပေါ်စေကာ ယောကျာ်းလေးတွေက ဖခင်ဆီကနေ Y chromosomes ကို အမွေဆက်ခံကာ XY မျိုးရိုးဗီဇကို ဖြစ်ပေါ်စေပါတယ်။
မိခင်တွေက X chromosomes သာ အမွေပေးလေ့ရှိတာကြောင့် ဖခင်ဖြစ်သူကသာ ကလေးရဲ့ gender ကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။
-ပါးချိုင့်
ပါးချိုင့်တွေကို အလှတရားနဲ့ ဆွဲဆောင်မှုရဲ့အမှတ်အသားတစ်ခုအဖြစ် ရှုမြင်ကြတာပါ။
ဒါပေမယ့် သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ပါးချိုင့်တွေဟာ မျက်နှာကြွက်သားတွေ တိုနေခြင်းကြေင့် ဖြစ်ပေါ်လာတဲ့ ချို့ယွင်းချက်တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပါးချိုင့်တွေဟာလည်း မျိုးရိုးဗီဇလက္ခဏာတစ်ခုဖြစ်ပြီး ဖခင်ထံမှ အမွေဆက်ခံလေ့ရှိတယ်လို့ ယူဆရပါတယ်။
-လက်ဗွေရာ
လူတစ်ယောက်နဲ့တစ်ယောက် လက်ဗွေတွေဟာ လုံးဝကိုတူညီနေတာမျိုး မဖြစ်နိုင်ပေမယ့် သားသမီးတွေရဲ့လက်ဗွေဟာ သူတို့ဖခင်နဲ့ တူညီနိုင်တယ်လို့ ဆိုပါတယ်။
လက်ဗွေပုံစံတွေဟာ ဖခင်တွေဆီကနေ အမွေဆက်ခံထားတဲ့ မျိုးရိုးဗီဇလက္ခဏာတစ်ခု ဖြစ်ပါတယ်။
-နှာချေခြင်း
တစ်ချို့လူတွေဟာ နေရောင် သို့မဟုတ် တောက်ပတဲ့အလင်းရောင်တွေကို စိုက်ကြည့်တဲ့အခါ အထိန်းအကွပ်မရှိ နှာချေတတ်ကြပါတယ်။
ဒါဟာ ဖခင်မှာတာဝန်ရှိတဲ့ နောက်ထပ်မျိုးရိုးဗီဇလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို Achoo Syndrome ဟုခေါ်ပြီး ဖခင်ဆီကနေ အမွေဆက်ခံနိုင်ခြေပိုများတာဖြစ်ပါတယ်။