သင်ပထမဆုံး သတိထားမိလိုက်တဲ့ ပုံလေးကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းပြမယ်
ပုံမှန်ကစားနေကျ Test တွေလိုပါပဲ…ပေးထားတဲ့ ပုံလေး ၇ခုထဲက သင်ပထမဆုံး သတိထားမိတဲ့ ပုံလေးတစ်ခုကို ရွေးချယ်ပြီး
သင့်မှာ ဘယ်လိုစိတ်နေစိတ်ထားတွေ ပိုင်ဆိုင်ထားလဲဆိုတာ ခန့်မှန်းပေးသွားမှာပါ။ ကဲ…အဖြေလေးက ဘယ်လိုဖြစ်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်
နံပါတ် ၁
သင်ဟာ စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး အလွန်စိတ်ကူးယဉ်တတ်တဲ့ လူတစ်ယောက်ပါ။
ပန်းချီ ဒါမှမဟုတ် စိတ်ကူးဉာဏ်ကွန့်မြူးပြီး ဖန်တီးရတဲ့ အလုပ်တွေမှာ အရမ်းထူးချွန်ပါတယ်။
ဒါပေမယ့် သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အပြင် ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့အတွက် ကိုယ့်စိတ်ကူးတွေကို လူတွေရှေ့မချပြရဲပဲ တခြားသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကိုပဲ အမြဲထောက်ခံအားပေးပါတယ်။
မကြာခဏ စိတ်ဓာတ်ကျလွယ်ပေမယ့် ကိုယ့်လွတ်လပ်မှုကို တန်ဖိုးထားတတ်ပါတယ်။ ကိုးကွယ်ယုံကြည်မှု၊ ဘဝအဓိပ္ပာယ် အစရှိတဲ့ ဒဿနနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေမှာ တယူသန်ပြီး အမှားမခံပါဘူး။
နံပါတ် ၂
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက သင့်ကို စိတ်ဓာတ်ကျပြီး အားငယ်အောင် မလုပ်နိုင်ပါဘူး။
သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအပြည့်ရှိတဲ့အပြင် ဖြစ်လာတဲ့အကျိုးဆက်တွေနဲ့အညီ အံ့ဝင်ခွင်ကျဖြစ်အောင် နေတတ်ပါတယ်။
တခြားလူတွေအတွက် သင်ဟာ အားကျအတုယူစရာ လူတစ်ယောက် ဖြစ်ပြီး လူတိုင်းက သင့်ကိုအကောင်းမြင်တဲ့ လူတစ်ယောက်လို့ သတ်မှတ်ထားကြပေမယ့် တကယ်တော့ သင်ဟာ အငိုမျက်လုံး အပြုံးမျက်နှာနဲ့ လူတစ်ယောက်ပါ။
သင့်စိတ်ထဲက နာကျင်မှုတွေနဲ့ ဝမ်းနည်းမှုတွေကို လူတွေက မမြင်နိုင်ရှာပါဘူး။ သင်ဟာ မာနာမကြီးတတ်ပေမယ့် သင့်ရဲ့အကြီးမားဆုံး ပြဿနာကတော့ ကိုယ့်စွမ်းဆောင်ချက်တွေကို အလွန်အထင်ကြီးနေတာပါပဲ။
နံပါတ် ၃
သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း၊ စိတ်အားထက်သန်ခြင်း၊ ရမ္မကြီးခြင်း၊ စပ်စုခြင်း စတဲ့အရည်အချင်းတွေရှိတဲ့ လူတစ်ယောက်ပါ။
ဒါပေမယ့် သင်က အလွန်ရှက်ကြောက်တတ်ပြီး ပွင့်ပွင့်လင်းလင်း မနေတတ်၊မပြောတတ်ပါဘူး။ သင့်ဘဝက စိတ်မချမ်းသာစေတဲ့ အဖြစ်အပျက်တွေကို မေ့ပစ်လိုက်ပါ။
အဲဒီအရာတွေကြောင့် သင်ဟာ ရှေ့မဆက်နိုင်ပဲ ကိုယ့်ကိုတိုးတတ်ကြီးပွားစေမယ့် အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးနေရတာပါ။
ဒါ့အပြင် စိတ်နှလုံးကောင်းမွန်ပြီး ဖြူစင်တဲ့စိတ်နေစိတ်ထားကြောင့် လူတွေရဲ့အသုံးချခြင်းကို ခံရတတ်ပါတယ်။
နံပါတ် ၄
သင်ဟာ အားအင်တွေအပြည့်ရှိပြီး အလွယ်တကူ ပင်ပန်းမောပန်းခြင်း မရှိပါဘူး။ သြဇာတိက္ကမနဲ့ ပြည့်စုံပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အပြင် အကြံကောင်းတွေ ပေးတတ်တဲ့အတွက် လူတွေက သင့်ဘေးမှာနေရတာ အလွန်ပျော်ရွှင်နေတတ်ပါတယ်။
ဒါ့အပြင် အတွေ့အကြုံအသစ်တွေကို စူးစမ်းရှာဖွေရတာ နှစ်သက်ပြီး တစ်နေရာတည်းမှာပဲ အကြာကြီးထပ်တလဲလဲ လုပ်ရတဲ့လုပ်ငန်းဆောင်တာတွေကို ငြီးငွေ့တတ်ပါတယ်။
လောင်းကစားနဲ့ ပြင်းထန်တဲ့အားကစားတွေမှာ သင်ဟာပိုပြီး စိတ်ဝင်စားတတ်ပါတယ်။
နံပါတ် ၅
ပုံမှန်အချိန်တွေမှာ အပြစ်ကင်းတဲ့သိုးငယ်လေးတစ်ကောင်လို ပုံစံပေါက်နေပေမယ့် ဒေါသထွက်လာတဲ့အချိန်ဆိုရင် သည်းမခံတတ်ပဲ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်ပါတယ်။
ဒါကြောင့် သင်ဟာ လူတွေနဲ့ဆက်ဆံတဲ့နေရာမှာ သင့်ခံစားချက်ကို အတတ်နိုင်ဆုံးထိန်းပြီး နေနေရတတ်ပါတယ်။
အမြဲစိတ်နှစ်ခွ ဖြစ်တတ်တဲ့သင်ဟာ တစ်စုံတစ်ခုကို ရွေးချယ်တဲ့နေရာမှာ အမြဲအခက်တွေ့ရလေ့ရှိပါတယ်။
ဒါပေမယ့် သင်ဟာ တခြားလူတွေအပေါ် သြဇာညောင်းပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်လို့ပြောရင် မမှားပါဘူး။
နံပါတ် ၆
လောကကြီးကို အမြဲအကောင်းမြင်စိတ်နဲ့ကြည့်ပြီး ဘယ်အရာမှာမဆို ကိုယ်ပိုင်အလှရှိတယ်လို့ ယုံကြည်ထားတဲ့အတွက် သင့်အမြင်နဲ့ တခြားသူတွေအမြင်က ကွဲပြားပါတယ်။
သူတစ်ပါး ခံစားချက်တွေကို အမြဲမငြီးငြူ နားထောင်ပေးတတ်ပြီး သူတို့ခံစားချက်၊ သူတို့အတွေးနဲ့ သူတို့ကို ဘယ်လိုကူညီရင် ဒုက္ခတွေက ကျော်လွှားနိုင်မလဲဆိုတဲ့ အတွေးတွေက သင့်ခေါင်းထဲမှာ ပြည့်နှက်နေပါတယ်။
မိမိကို စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို လျစ်လျှူရှုထားပြီး သင့်ကိုချစ်မြတ်နိုးတဲ့လူတွေ ပျော်ရွှင်နေဖို့ပဲ အမြဲတစေ ခေါင်းထဲထည့်ထားတတ်ပါတယ်။
နံပါတ် ၇
သင်က နက်နက်နဲနဲ တွေးခေါ်စဉ်းစားတတ်ပြီး အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ် နေတတ်သူတစ်ယောက်ပါ။ လူတွေကို သိပ်အချိန်မပေးဖြစ်ပဲ သင့်ကိုယ်သင်ပဲ အများဆုံးအချိန်ပေးဖြစ်ပါတယ်။
လိုအပ်မှသာ စကားပြောတတ်ပြီး မလိုအပ်ရင် ငြိမ်ပြီးပဲ နားထောင်နေတတ်တာ သင့်အကျင့်ပေ့ါ။ စပ်စုတဲ့အကျင့်ရှိတဲ့သင်ဟာ အမြဲစူးစမ်းလေ့လာနေပြီး မေးခွန်းတွေပဲ ဆက်တိုက်ထုတ်ပြီး အဖြေရှာနေတတ်ပါတယ်။
credit to lotaya_quiz