မိန်းမကိုယ်ရောဂါဖြစ်ပွားအောင် လုပ်မိနေတဲ့ အမျိုးသမီးတွေရဲ့ နေ့စဉ်အမှားများ…

မိန်းမကိုယ်ရောဂါဖြစ်ပွားအောင် လုပ်မိနေတဲ့ အမျိုးသမီးတွေရဲ့ နေ့စဉ်အမှားများ…

မိန်းမကိုယ် တစ်ကိုယ်ရည်သန့်ရှင်းရေးက အမျိုးသမီးကျန်းမာရေးအတွက် အရမ်းကိုအရေးကြီးပါတယ်။

ဒီလိုသန့်ရှင်းရေးပြုလုပ်ကြတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရမှာကိုရှက်ကြတဲ့ အတွက် နေ့စဉ်မှားယွင်းစွာပဲ လုပ်မိနေကြပါတယ်။

ဒါကြောင့် မိန်းမကိုယ်သန့်ရှင်ရေးအတွက် အမျိုးသမီးအများစုလုပ်မိတတ်တဲ့ အမှားလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ဆေးကြောပုံမှားယွင်းမှု

မိန်းမကိုယ်သန့်ရှင်းရေးအတွက် ဆေးကြောပေးတဲ့အခါမှာ ဆပ်ပြာနဲ့ တစ်နေ့ကိုနှစ်ကြိမ်ဆေးကြောပေးရင်လုံလောက်ပါတယ်။

ဆေးကြောတဲ့အခါ အရှေ့မှ အနောက်ကို ရိုးရိုးရေနဲ့ပဲဆေးကြောပြီး ညင်သာစွာသုတ်ပေးပါ။ မိမိရဲ့ပါတနာနဲ့အတူနေပြီးတဲ့အခါတွေမှာလည်း ဒီပုံစံအတိုင်းပဲဆေးကြောသန့်စင်ပေးပါ။

မိန်းမကိုယ်အတွက် ထုတ်လုပ်ထားတဲ့ သန့်စင်ဆေးတွေကို အပြင်ပိုင်းသန့်ရှင်းရေးအတွက်သာအသုံးပြုပေးပါ။

၂။ ကြပ်ထုပ်နေတဲ့ ဂျင်းများမကြာခဏဝတ်ဆင်ခြင်း

အရမ်းကြပ်တဲ့ အတွင်းခံတွေ၊ ဂျင်းတွေ ဝတ်ဆင်တဲ့အခါမှာ မိန်းမကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုကိုပုံမမှန်ဖြစ်စေပြီး ဘတ်တီးရီးယား ဝင်ရောက်နိုင်ခြေပိုများလာပါတယ်။

ဒါ့ကြောင့် အတွင်းခံကြပ်ကြပ်တွေ၊ ဂျင်းအကြပ်တွေကို မကြာခဏဝတ်ဆင်ခြင်းမှရှောင်ကြဉ်ပါ။

၃။ အတွင်းခံရွေးချယ်မှုမှားယွင်းခြင်း

သဘာဝအထည်သား (ချည်သား) မဟုတ်တဲ့ အတွင်းခံတွေကို ရွေးချယ်ခြင်းက မိန်းမကိုယ် ပိုးဝင်နိုင်ခြေပိုများပါတယ်။

ချည်သားအတွင်းခံမဟုတ်တဲ့ အသားထူထူအတွင်းခံတွေမှာ အစိုဓာတ်ကိုထိန်းသိန်းပေးတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တာကြောင့် ဘက်တီးရီးယားပေါက်ဖွားမှုပိုမိုလွယ်ကူစေပါတယ်။

၄။ သန့်ရှင်းရေးအလွန်အကျွံလုပ်မိခြင်း

အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာမှာသဘာဝအတိုင်း သန့်ရှင်းရေးပြုလုပ်ပေးတဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်။ ဒါတွေက ပိုးမွှားဝင်ရောက်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အမျိုသမီးကိုယ်ရဲ့ pH Level ကိုအလိုအလျောက်ထိန်းညှိပေးတဲ့ စနစ်တွေလည်းပါဝင်ပါတယ်။

ဒါ့ကြောင့် မကြာခဏဆေးကြောနေခြင်း၊ သန့်ရှင်းရေးပစ္စည်းတွေအများအပြားအသုံးပြုနေခြင်းက ဒီသဘာဝစနစ်ကိုပျက်စီးစေတာကြောင့် သတိပြုသင့်ပါတယ် ။

၅.။ ရေကူးဝတ်စုံကို ကြာရှည်စွာဝတ်ဆင်မိခြင်း

စိုစွတ်နေတဲ့ ရေကူးဝတ်စုံတွေကို အချိန်အကြာကြီးဝတ်ဆင်နေခြင်းက သင့်ရဲ့ မိန်းမကိုယ်မှာ ပိုးမွှားများ ဝင်ရောက်ခြင်းကိုအားပေးသလိုဖြစ်နေတတ်ပါတယ်။

ဘက်တီးရီးယားတွေက စိုစွတ်တဲ့နေရာတွေမှာ ပေါက်ဖွားနှုန်းမြန်ဆန်တာကြောင့် ရေကူးပြီးတာနဲ့ ခြောက်သွေ့တဲ့ အဝတ်အထည်တွေကိုလဲလှယ်ပေးသင့်ပါတယ်

ကေခိုင်

မိန္းမကိုယ္ေရာဂါျဖစ္ပြားေအာင္ လုပ္မိေနတဲ့ အမ်ိဳးသမီးေတြရဲ႕ ေန႔စဥ္အမွားမ်ား…

မိန္းမကိုယ္ တစ္ကိုယ္ရည္သန္႕ရွင္းေရးက အမ်ိဳးသမီးက်န္းမာေရးအတြက္ အရမ္းကိုအေရးျကီးပါတယ္။

ဒီလိုသန္႕ရွင္းေရးျပဳလုပ္ၾကတာကို ဆရာ၀န္နဲ႔ တိုင္ပင္ေဆြးေႏြးရမွာကိုရွက္ၾကတဲ့ အတြက္ ေန႔စဥ္မွားယြင္းစြာပဲ လုပ္မိေနျကပါတယ္။

ဒါေၾကာင့္ မိန္းမကိုယ္သန္႕ရွင္ေရးအတြက္ အမ်ိဳးသမီးအမ်ားစုလုပ္မိတတ္တဲ့ အမွားေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ေဆးေၾကာပံုမွားယြင္းမႈ

မိန္းမကိုယ္သန္႕ရွင္းေရးအတြက္ ေဆးေၾကာေပးတဲ့အခါမွာ ဆပ္ျပာနဲ႕ တစ္ေန႔ကိုနွစ္ႀကိမ္ေဆးေျကာေပးရင္လံုေလာက္ပါတယ္။

ေဆးေၾကာတဲ့အခါ အေရွ႕မွ အေနာက္ကို ရိုးရိုးေရနဲ႕ပဲေဆးေၾကာျပီး ညင္သာစြာသုတ္ေပးပါ။ မိမိရဲ႕ပါတနာနဲ႔အတူေနၿပီးတဲ့အခါေတြမွာလည္း ဒီပံုစံအတိုင္းပဲေဆးေၾကာသန္႔စင္ေပးပါ။

မိန္းမကိုယ္အတြက္ ထုတ္လုပ္ထားတဲ့ သန္႔စင္ေဆးေတြကို အျပင္ပိုင္းသန္႕ရွင္းေရးအတြက္သာအသံုးျပဳေပးပါ။

၂။ ၾကပ္ထုပ္ေနတဲ့ ဂ်င္းမ်ားမျကာခဏ၀တ္ဆင္ျခင္း

အရမ္းၾကပ္တဲ့ အတြင္းခံေတြ၊ ဂ်င္းေတြ ၀တ္ဆင္တဲ့အခါမွာ မိန္းမကုိယ္ရဲ႕ ၾကြက္သားတည္ေဆာက္မႈကိုပံုမမွန္ျဖစ္ေစျပီး ဘတ္တီးရီးယား ၀င္ေရာက္နိုင္ေျခပိုမ်ားလာပါတယ္။

ဒါ့ေၾကာင့္ အတြင္းခံၾကပ္ျကပ္ေတြ၊ ဂ်င္းအၾကပ္ေတြကို မၾကာခဏ၀တ္ဆင္ျခင္းမွေရွာင္ၾကဥ္ပါ။

၃။ အတြင္းခံေရြးခ်ယ္မႈမွားယြင္းျခင္း

သဘာ၀အထည္သား (ခ်ည္သား) မဟုတ္တဲ့ အတြင္းခံေတြကို ေရြးခ်ယ္ျခင္းက မိန္းမကိုယ္ ပိုး၀င္နိုင္ေျခပိုမ်ားပါတယ္။

ခ်ည္သားအတြင္းခံမဟုတ္တဲ့ အသားထူထူအတြင္းခံေတြမွာ အစိုဓာတ္ကိုထိန္းသိန္းေပးတဲ့ ပါ၀င္ပစၥည္းေတြပါ၀င္တာေၾကာင့္ ဘက္တီးရီးယားေပါက္ဖြားမႈပိုမိုလြယ္ကူေစပါတယ္။

၄။ သန္႕ရွင္းေရးအလြန္အကၽြံလုပ္မိျခင္း

အမ်ိဳးသမီးေတြရဲ႕ ကိုယ္ခႏၶာမွာသဘာ၀အတိုင္း သန္႕ရွင္းေရးျပဳလုပ္ေပးတဲ့ အစိတ္အပိုင္းေတြပါ၀င္ပါတယ္။ ဒါေတြက ပိုးမႊား၀င္ေရာက္မႈေတြကိုလည္း ကာကြယ္ေပးနိုင္ပါတယ္။

အမ်ိဳသမီးကိုယ္ရဲ႕ pH Level ကိုအလိုအေလ်ာက္ထိန္းညွိေပးတဲ့ စနစ္ေတြလည္းပါ၀င္ပါတယ္။

ဒါ့ေၾကာင့္ မၾကာခဏေဆးေၾကာေနျခင္း၊ သန္႕ရွင္းေရးပစၥည္းေတြအမ်ားအျပားအသံုးျပဳေနျခင္းက ဒီသဘာ၀စနစ္ကိုပ်က္စီးေစတာေၾကာင့္ သတိျပဳသင့္ပါတယ္ ။

၅.။ ေရကူး၀တ္စံုကို ၾကာရွည္စြာ၀တ္ဆင္မိျခင္း

စိုစြတ္ေနတဲ့ ေရကူး၀တ္စံုေတြကို အခ်ိန္အၾကာႀကီး၀တ္ဆင္ေနျခင္းက သင့္ရဲ႕ မိန္းမကိုယ္မွာ ပိုးမႊားမ်ား ၀င္ေရာက္ျခင္းကိုအားေပးသလိုျဖစ္ေနတတ္ပါတယ္။

ဘက္တီးရီးယားေတြက စိုစြတ္တဲ့ေနရာေတြမွာ ေပါက္ဖြားႏႈန္းျမန္ဆန္တာေၾကာင့္ ေရကူးျပီးတာနဲ႔ ေျခာက္ေသြ႕တဲ့ အ၀တ္အထည္ေတြကိုလဲလွယ္ေပးသင့္ပါတယ္

ေကခိုင္