လက်လျော့ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီလား ? ? ?

တစ်နေ့မှာ လူတစ်ယောက်ဟာအလုပ်အဆင်မပြေလို့ စိတ်ဓာတ်ကျပြီးကန်ဘောင်တစ်ခုကို ထွတ်လာတယ်။

အလုပ်မှာလည်း ဆက်လုပ်ချင်စိတ်မရှိဘာမှစိတ်မပါတော့သလို ခံစားနေရပြီးစိတ်ပျက် လက်ပျက် တစ်လှမ်းချင်း တစ်ရွေ့ရွေ့လျောက်လာခဲ့တယ်။

ထိုအခါ အနီးနားမှာ ရှိတဲ့ ကျောက်တုံးတစ်တုံးကိုမှီပြီးအဝေးကိုငေးကြည့်နေတယ်။

သက်ပြင်းတွေသာ ခဏခဏ ချလု့ိ ငိုင်နေမိတယ်။

သူနဲ့မလှမ်းမကမ်းမှာရှိတဲ့ တုက်ကောက်တစ်ချောင်းနဲ့ လေညှင်းခံ လမ်းလျောက်ထွတ်နေတဲ့ အဘိုးအိုတစ်ယောက်ဟာ သူ့ကိုကြည့်ပြီး အားမလိုအားမရဖြစ်ကာ ထိုလူနားကို ချဉ်းကပ်သွားခဲ့တယ်။

ပြီးတော့ လူငယ်ကိုမေးတယ်ငါ့တူ မင်းကြည့်ရတာ ဘာတွေအဆင်မပြေမှုတွေများနေလဲ

ငါ့နှယ်အားမရလိုက်တာကွာလို့ အဘိုးအိုကပြောလေတယ်

ထိုလူလည်း အဘုးိအိုကိုတစ်ချက်ကြည့်ပြီး

ဒီလိုပါပဲဗျာ အလုပ်ကလည်း အဆင်မပြေ ဘာမှကိုလုပ်ချင်စိတ်မရှိတော့ဘူး မလုပ်ရင်လည်းမိသားစုက အဆင်မပြေနဲ့ စိတ်ညစ်ပါတယ်ဗျာ လို့ ငြီးတွားလိုက်တယ်။

အဘိုးအိုက တစ်ချက်ပြုံးလိုက်တယ် ပြီးတော့

မင်းက ခုလူငယ်ပဲရှိသေးတယ် အဲ့လိုစိတ်ဓာတ်ကျပြီး

လက်မှိုင်ချ အရှုံးပေးနေရင် မင်းအသက်တွေကြီးလာရင်

ဘယ်လိုလုပ်မလဲ ငါ့မှာကြည့်စမ်း ဒီမှာ….ဆိုပြီး အဘိုးအိုက သူ့ရဲ့ ညာဘက်ခြေထောက်ကို လှန်ပြတယ်

ငါ့ခြေထောက်က ငါငယ်ငယ်ကတည်းက မသန်စွမ်းတာ

ခြေထောက်မသန်တော့ မင်းတို့လူကောင်းလို ဘယ်သွက်သွက်လက်လက် အလုပ်လုပ်နိုင်ပါ့မလဲ

ဒါပေမယ့် ငါ့လုပ်နိုင်သမျှကို ကြိုးစားပြီး စိတ်ဓာတ်အပြည့်ထည့်လုပ်ခဲ့တယ်

အဲ့လို ငယ်စဉ်က လုံ့လဝိရိယထားပြီး ကြိုးစားခဲ့လို့ ခုဆိုငါ့မိသားစုစားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘူးလေ လို့ ပြောလိုက်တယ်။

လူငယ်လည်း အဘိုးအိုကိုကြည့်ပြီးဘာဆက်ပြောရမှန်းမသိဖြစ်နေလေတယ်။

ထိုအခါ အဘုးိအိုက

ဟော ဟိုမှာကြည့် ဆိုပြီးကျောက်တုံးအောက်က လိမ်တွန့်ပြီး ရုန်းထွတ်လာတဲ့ မြက်ပင်လေးကို ပြလိုက်တယ်။

“သူတို့ဟာ မြေအောက်မှာနေလု့ိအဆင်မပြေဘူး လေထုနဲ့ နေရောင်ခြည်စွမ်းအင်ကိုရယူမှ သူတို့ရှင်သန်နိုင်မယ် ဒါကြောင့် မာကြောထက်သန်တဲ့

ကျောက်တုံးကို အံတုပြီး အပြင်ကိုရအောင်ထွတ်လာခဲ့တယ် လူ့ဘဝဆိုတာလည်း

မင်းမှာ အဲ့လို စိတ်ဓာတ်ကျ အရှုံးပေးနေဖို့ အချိန်မရှိဘူးကွ တစ်ခုနဲ့ အဆင်မပြေရင် နောက်တစ်ခုထပ်လုပ်ကြည့်ရမှာပဲ လေ” ဆိုပြီး အဘိုးဘိုဟာ ဂရုဏာသက်စွာပြောလေတယ်။

လူငယ်လည်း အဘိုးအိုပြောတဲ့ ကျောက်တုံးအောက်ကမြက်ပင်လေးကို ငေးကြည့်နေတယ်။ကြည့်ပြီး အဘိုးအိုကိုတစ်ချက်ပြန်ကြည့်လိုက်တယ်

မျက်နာလည်း နည်းနည်းလန်းလာတယ်။

” ဘယ့်နှယ့်လဲ ငါ့တူ ခုငါမင်းလုပ်နိုင်တာတွေ မလုပ်နိုင်တော့ဘူး ငါလည်း ငယ်စဉ်က တစ်ခါခါ လစ်ဟာသွားတဲ့ အချိန်တွေကို နှမျောတမ်းတ နောင်တနေမိတယ်

ဟိုမှာတွေ့လား ဆိုပြီ း လူသွား ကတ္တရားလမ်းပေါ်က

ထိုးထွတ်နေတဲ့ သစ်ပင်ငယ်လေးကို ထပ်ပြတယ်။

လူငယ်လည်း အဘိုးအိုပြသောနေရာကို လိုက်လံကြည့်နေမိတယ်။

အဲ့ဒီသစ်ပင်လေးကို မင်းချေဖြတ်နိုင်တယ် ဆွဲနုတ်နိုင်တယ်

အလွယ်တစ်ကူသူ့ဘဝသေသွားနိုင်တယ်

ဒါပေမယ့် အဲ့ဒီ့အပင်လေးက အရင်ကအစေ့ဘဝပျော့ပျော့လေး သူ့ရဲ့ သစ်ရွက်လေးတွေလည်း နူးညံ့တာပဲ ဒါပေမယ့်

သူ့မှာ မင်းလို့ပျော့ညံ့တဲ့ စိတ်ဓာတ်မရှိဘူး

သူ့ဘဝရှင်သန်ဖို့အတွက် မာကျောတဲ့ ကတ္တရာတွေကို ထိုးဖောက်ပြီး ကောင်းကင်ကကျရောက်လာတ့ နေရောင်ခြည်ဓာတ်ကို ကောင်းကောင်းကြီးခံစားနေတယ်။

ဒါတွေက ငါတို့ အတုယူစရာတွေကွ မင်းမှာ ကိုယ်စွမ်းကိုယ်စတွေ ရှိပါတယ် အဲ့လိုကြီး စိတ်ဓာတ်ကျပြီး လောကကြီးကို လက်မြောက်အရှုံးမပေးပါနဲ့ မင်းနောက်မှာ မင်းကို အားကိုးပြီး မှီတွယ်နေတဲ့လူတွေ မင်းမိသားစုရှိတယ်လေ ” ဆိုပြီး အဘိုးအိုဟာလူငယ်ရဲ့ မျက်နှာကို တစ်ချက်အကဲခတ်ပြီး စကားကိုရပ်လိုက်တယ်။

ထိုအချိန်မှာပဲ လူငယ်ဟာအဘိုးအိုကို ကြည်သာရွှင်ပျသော မျက်နှာနှင့် ကျေးဇူးတင်စကားဆိုကာ တက်ကြွသော ခြေလှမ်းတွေကို စတင်လိုက်တော့တယ်။

အဘိုးအိုကတော့ လူငယ်ရဲ့ကျောပြင်ကိုကြည့်ပြီးခေါင်းတစ်ဆက်ဆက်ညိမ့်နေလေတယ်။

ဟုတ်ပါတယ် တစ်ကယ်တော့လူ့ဘဝဆိုတာ လက်မှိုင်ချ မှိုင်တွေနေဖို့ အချိန်မရှိပါဘူး။

အချိန်ရှိခိုက် လုံ့လစိုက်ဆိုသလိုအားမာန်တွေပြည့်နေဖို့လိုပါတယ်။

မဖြစ်သေးတဲ့အရတွေအတွက် မဖြစ်နိုင်တော့ပါဘူးလို့

ဆုံးဖြတ်စောရင် ပို၍ဝေးသွားလိမ့်မယ်။

အဆင်မပြေမှုရှိတိုင်းစိတ်ဓာတ်ကျနေမယ်ဆိုရင်

ကျွန်တော်တို့တွေ လူ့လောကရဲ့ အရသာဆိုတာ ဘာလဲလို့ လိုက်မေးရတဲ့ဘဝကိုရောက်သွားကြလိမ့်မယ်။

အရှုံးမပေးပါနဲ့ ပြုံးပြုံးလေးသာ ရှေ့ဆက်ကြစို့

လေးစားစွာဖြင့်

သျှီ(တမာမြေ)

တစ္ေန႔မွာ လူတစ္ေယာက္ဟာအလုပ္အဆင္မေျပလုိ႔ စိတ္ဓာတ္က်ၿပီးကန္ေဘာင္တစ္ခုကုိ ထြတ္လာတယ္။

အလုပ္မွာလည္း ဆက္လုပ္ခ်င္စိတ္မရိွဘာမွစိတ္မပါေတာ့သလုိ ခံစားေနရၿပီးစိတ္ပ်က္ လက္ပ်က္ တစ္လွမ္းခ်င္း တစ္ေ႐ြ႕ေ႐ြ႕ေလ်ာက္လာခ့ဲတယ္။

ထိုအခါ အနီးနားမွာ ရိွတဲ့ ေက်ာက္တုံးတစ္တုံးကုိမွီၿပီးအေ၀းကုိေငးၾကည့္ေနတယ္။

သက္ျပင္းေတြသာ ခဏခဏ ခ်လု႔ိ ငိုင္ေနမိတယ္။

သူန႔ဲမလွမ္းမကမ္းမွာရိွတ႔ဲ တုက္ေကာက္တစ္ေခ်ာင္းန႔ဲ ေလညႇင္းခံ လမ္းေလ်ာက္ထြတ္ေနတ႔ဲ အဘုိးအုိတစ္ေယာက္ဟာ သူ႔ကုိၾကည့္ၿပီး အားမလုိအားမရျဖစ္ကာ ထုိလူနားကုိ ခ်ဥ္းကပ္သြားခ့ဲတယ္။

ၿပီးေတာ့ လူငယ္ကုိေမးတယ္ငါ့တူ မင္းၾကည့္ရတာ ဘာေတြအဆင္မေျပမႈေတြမ်ားေနလဲ

ငါ့နွယ္အားမရလိုက္တာကြာလုိ႔ အဘုိးအုိကေျပာေလတယ္

ထုိလူလည္း အဘုးိအုိကုိတစ္ခ်က္ၾကည့္ၿပီး

ဒီလုိပါပဲဗ်ာ အလုပ္ကလည္း အဆင္မေျပ ဘာမွကုိလုပ္ခ်င္စိတ္မရိွေတာ့ဘူး မလုပ္ရင္လည္းမိသားစုက အဆင္မေျပန႔ဲ စိတ္ညစ္ပါတယ္ဗ်ာ လုိ႔ ၿငီးတြားလိုက္တယ္။

အဘိုးအုိက တစ္ခ်က္ျပဳံးလိုက္တယ္ ၿပီးေတာ့

မင္းက ခုလူငယ္ပဲရိွေသးတယ္ အ့ဲလိုစိတ္ဓာတ္က်ၿပီး

လက္မိႈင္ခ် အရႈံးေပးေနရင္ မင္းအသက္ေတြႀကီးလာရင္

ဘယ္လုိလုပ္မလဲ ငါ့မွာၾကည့္စမ္း ဒီမွာ….ဆိုၿပီး အဘုိးအုိက သူ႔ရဲ႕ ညာဘက္ေျခေထာက္ကုိ လွန္ျပတယ္

ငါ့ေျခေထာက္က ငါငယ္ငယ္ကတည္းက မသန္စြမ္းတာ

ေျခေထာက္မသန္ေတာ့ မင္းတို႔လူေကာင္းလုိ ဘယ္သြက္သြက္လက္လက္ အလုပ္လုပ္နိုင္ပါ့မလဲ

ဒါေပမယ့္ ငါ့လုပ္နိုင္သမ်ွကုိ ၾကဳိးစားၿပီး စိတ္ဓာတ္အျပည့္ထည့္လုပ္ခ့ဲတယ္

အ့ဲလုိ ငယ္စဥ္က လုံ႔လ၀ိရိယထားၿပီး ၾကဳိးစားခ့ဲလို႔ ခုဆိုငါ့မိသားစုစား၀တ္ေနေရးအတြက္ ပူစရာမလုိေတာ့ဘူးေလ လုိ႔ ေျပာလိုက္တယ္။

လူငယ္လည္း အဘုိးအုိကုိၾကည့္ၿပီးဘာဆက္ေျပာရမွန္းမသိျဖစ္ေနေလတယ္။

ထိုအခါ အဘုးိအုိက

ေဟာ ဟုိမွာၾကည့္ ဆိုၿပီးေက်ာက္တုံးေအာက္က လိမ္တြန္႔ၿပီး ရုန္းထြတ္လာတဲ့ ျမက္ပင္ေလးကုိ ျပလိုက္တယ္။

“သူတို႔ဟာ ေျမေအာက္မွာေနလု႔ိအဆင္မေျပဘူး ေလထုန႔ဲ ေနေရာင္ျခည္စြမ္းအင္္ကုိရယူမွ သူတို႔ရွင္သန္နိုင္မယ္ ဒါေၾကာင့္ မာေၾကာထက္သန္တ႔ဲ

ေက်ာက္တုံးကုိ အံတုၿပီး အျပင္ကုိရေအာင္ထြတ္လာခ့ဲတယ္ လူ႔ဘ၀ဆိုတာလည္း

မင္းမွာ အ့ဲလုိ စိတ္ဓာတ္က် အရႈံးေပးေနဖုိ႔ အခ်ိန္မရိွဘူးကြ တစ္ခုန႔ဲ အဆင္မေျပရင္ ေနာက္တစ္ခုထပ္လုပ္ၾကည့္ရမွာပဲ ေလ” ဆိုၿပီး အဘုိးဘုိဟာ ဂရုဏာသက္စြာေျပာေလတယ္။

လူငယ္လည္း အဘုိးအုိေျပာတ့ဲ ေက်ာက္တုံးေအာက္ကျမက္ပင္ေလးကုိ ေငးၾကည့္ေနတယ္။ၾကည့္ၿပီး အဘုိးအုိကုိတစ္ခ်က္ျပန္ၾကည့္လိုက္တယ္

မ်က္နာလည္း နည္းနည္းလန္းလာတယ္။

” ဘယ့္နွယ့္လဲ ငါ့တူ ခုငါမင္းလုပ္နိုင္တာေတြ မလုပ္နိုင္ေတာ့ဘူး ငါလည္း ငယ္စဥ္က တစ္ခါခါ လစ္ဟာသြားတ့ဲ အခ်ိန္ေတြကုိ နွေမ်ာတမ္းတ ေနာင္တေနမိတယ္

ဟုိမွာေတြ႕လား ဆိုၿပီ း လူသြား ကတၲရားလမ္းေပၚက

ထိုးထြတ္ေနတ႔ဲ သစ္ပင္ငယ္ေလးကုိ ထပ္ျပတယ္။

လူငယ္လည္း အဘိုးအုိျပေသာေနရာကုိ လိုက္လံၾကည့္ေနမိတယ္။

အ့ဲဒီသစ္ပင္ေလးကုိ မင္းေခ်ျဖတ္နိုင္တယ္ ဆြဲႏုတ္နိုင္တယ္

အလြယ္တစ္ကူသူ႔ဘ၀ေသသြားနိုင္တယ္

ဒါေပမယ့္ အ့ဲဒီ့အပင္ေလးက အရင္ကအေစ့ဘ၀ေပ်ာ့ေပ်ာ့ေလး သူ႔ရဲ႕ သစ္႐ြက္ေလးေတြလည္း ႏူးည့ံတာပဲ ဒါေပမယ့္

သူ႔မွာ မင္းလုိ႔ေပ်ာ့ည့ံတ့ဲ စိတ္ဓာတ္မရွိဘူး

သူ႔ဘ၀ရွင္သန္ဖုိ႔အတြက္ မာေက်ာတ့ဲ ကတၲရာေတြကုိ ထုိးေဖာက္ၿပီး ေကာင္းကင္ကက်ေရာက္လာတ့ ေနေရာင္ျခည္ဓာတ္ကုိ ေကာင္းေကာင္းႀကီးခံစားေနတယ္။

ဒါေတြက ငါတို႔ အတုယူစရာေတြကြ မင္းမွာ ကုိယ္စြမ္းကုိယ္စေတြ ရိွပါတယ္ အ့ဲလိုႀကီး စိတ္ဓာတ္က်ၿပီး ေလာကႀကီးကုိ လက္ေျမာက္အရႈံးမေပးပါနဲ႔ မင္းေနာက္မွာ မင္းကုိ အားကုိးၿပီး မွီတြယ္ေနတ႔ဲလူေတြ မင္းမိသားစုရိွတယ္ေလ ” ဆိုၿပီး အဘုိးအုိဟာလူငယ္ရ႕ဲ မ်က္နွာကုိ တစ္ခ်က္အကဲခတ္ၿပီး စကားကုိရပ္လိုက္တယ္။

ထုိအခ်ိန္မွာပဲ လူငယ္ဟာအဘုိးအုိကုိ ၾကည္သာ႐ႊင္ပ်ေသာ မ်က္နွာနွင့္ ေက်းဇူးတင္စကားဆိုကာ တက္ႂကြေသာ ေျခလွမ္းေတြကုိ စတင္လိုက္ေတာ့တယ္။

အဘုိးအုိကေတာ့ လူငယ္ရဲ႕ေက်ာျပင္ကုိၾကည့္ၿပီးေခါင္းတစ္ဆက္ဆက္ညိမ့္ေနေလတယ္။

ဟုတ္ပါတယ္ တစ္ကယ္ေတာ့လူ႔ဘ၀ဆိုတာ လက္မိႈင္ခ် မိႈင္ေတြေနဖုိ႔ အခ်ိန္မရိွပါဘူး။

အခ်ိန္ရိွခိုက္ လု႔ံလစိုက္ဆုိသလိုအားမာန္ေတြျပည့္ေနဖုိ႔လုိပါတယ္။

မျဖစ္ေသးတ့ဲအရေတြအတြက္ မျဖစ္နိုင္ေတာ့ပါဘူးလုိ႔

ဆုံးျဖတ္ေစာရင္ ပုိ၍ေ၀းသြားလိမ့္မယ္။

အဆင္မေျပမႈရိွတိုင္းစိတ္ဓာတ္က်ေနမယ္ဆိုရင္

က်ြန္ေတာ္တို႔ေတြ လူ႔ေလာကရ႕ဲ အရသာဆိုတာ ဘာလဲလုိ႔ လိုက္ေမးရတ႕ဲဘ၀ကုိေရာက္သြားၾကလိမ့္မယ္။

အရႈံးမေပးပါနဲ႔ ျပဳံးၿပံဳးေလးသာ ေရွ႕ဆက္ၾကစုိ႔

ေလးစားစြာျဖင့္

သ်ွီ(တမာေျမ)