ကပ်ရောဂါဆိုးကြီးမှ ကင်းလွတ်အောင်ဘုရားရှင် သင်ပေးတော်မူခဲ့သော သစ္စာစကားယုံပါလို့မတိုက်တွန်းချင်ပါ
သို့သော် ယုံအောင်တော့ယုတ္တိသာဓကနှင့်တကွ ပြောပြပါ့မယ်
ဗုဒ္ဓဘာသာဝင် စစ်စစ်ဆိုလျှင် လက်တွေ့အသုံးချကြဖို့တိုက်တွန်းလိုပါတယ်။
ဘာမှမပင်ပန်းသလို ငွေကုန်ကြေးကြလဲမရှိပါဘူး
တစ်ခုပါပဲ..ယုံကြည်မှုရှိရုံလေးဆိုရပါတယ်
လောကီဘက်မှာတောင်မှ ကိုယ့်ခေါင်းဆောင်ပြောတဲ့စကားကို အသက်နဲ့လဲပြီးယုံကြည်သူတွေကို အများအပြားရှိတာကို အားလုံး တွေ့ဘူးကြမယ်ထင်ပါတယ်.
မသေချာတဲ့ ပုထုဇဉ် ပြောတဲ့စကားကိုတောင်မှ အသက်ပေးပြီး ယုံကြည်ရင် သေချာတဲ့ ကိလေသာလုံးဝ ကင်းစင်တဲ့ အတုမရှိတဲ့
ဗုဒ္ဓဂေါတမတည်းဟူသော ခေါင်းဆောင်ကြီးပြောခဲ့တဲ့ဟောခဲ့တဲ့ ပေးခဲ့တဲ့
လမ်းညွှန်ခဲ့တဲ့ စကားကို ရင်ထဲမှာနှစ်နှစ်ကာကာလေးလေးစားစားအသက်တမျှ ယုံကြည်လိုက်ပါ အရှုံးမရှိပါဘူး
ဗုဒ္ဓဘာသာမှာ မည်သည့်အခက်အခဲပင်ဖြစ်စေကာမူကျော်လွားနိုင်အောင်လမ်းညွှန်မှုပေးထားတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်
နောက်ဆုံး မီးနေခန်းထဲကအခက်အခဲကိုတောင်မှဖြေရှင်းပုံ ဖြေရှင်းနည်းကို ပေးခဲ့တဲ့ဘာသာပါ
မသုံးတတ်လို့ မသိကြလို့သာ တန်ဖိုးထားရမှန်းမသိတာပါ..
(၃၈) ဖြာ မင်္ဂလာတရားနဲ့တင် မြတ်ဗုဒ္ဓဟာ အတုမရှိပုဂ္ဂိုလ်မြတ်ကြီးဆိုတာ နက်နက်တွေးလေ လက်ခံလေလေ ပါပဲ
ခုလဲ မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ ကပ်ရောဂါကြီးဖြစ်နေပါတယ်
ကမ္ဘာ့နိုင်ငံတွေတော့ထားပါ သူတို့က လောကီဖြေဆေးနောက်ကို အားသွန်ခွန်စိုက် လိုက်နေကြတာဆိုတော့
ဗုဒ္ဓဘာသာတို့အတွက်ကတော့ ကိုယ့်ခေါင်းဆောင်ကြီးပြောတဲ့ သစ္စာစကားကို သုံးကြဖို့ တိုက်တွန်းပါတယ်
ယုံကြည်ကြဖို့ ပြောလိုပါတယ်..
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဝေသာလီပြည်မှာ ဒီလိုကပ်ရောဂါကြီးဖြစ်တော့ အဲ့ဒီကပ်ရောဂါကြီးကိုငြိမ်းအောင် မြတ်ဗုဒ္ဓဟာ တပည့်သား အရှင်အာနန္ဒာကိုဒီလိုသစ္စာဆိုကွ ဆိုပြီး သင်ပေးခဲ့ဘူးပါတယ်
အမှန်တကယ်လဲ ပျောက်ကင်းခဲ့ဘူးပါတယ်
ဘုရားရှင်သင်ပေးတဲ့ သစ္စာစကားကလွယ်လွယ်လေးပါ
သို့သော် မယုံကြည်ရင်မစမ်းပါနဲ့ သစ္စါမစွမ်းမှာစိုးလို့ပါ
မြတ်ဗုဒ္ဓရဲ့နှုတ်ထွက်စကားမို့မရိုမသေ မလေးမစားတော့ မလုပ်စေချင်ပါဘူး
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာအဖြစ်အပြစ်ထိမှာစိုးလို့ပါ
တချို့က မယုံကြည်ရုံတင်မဟုတ်ဘူး ဟုတ်မှဟုတ်ပါ့မလား ပျောင်မှပျောက်မှမလားဆိုတဲ့သံသယနဲ့ တွေးတတ်ဖြစ်တတ်ကြလို့ပါ
သံသယရှိရင်တော့ လုံးဝမပျောက်ပါဘူး သံဓိဋ္ဌာန်ချပြီးပျောက်ကိုပျောက်ရစေမယ်ဆိုတဲ့စိတ်ထားနဲ့သာလုပ်ပါ
ဘုရားစကား လွဲတယ်ဆိုတာမရှိပါဘူး..
ရတနသုတ်မှာလာပါတယ် ဒီသစ္စာစကားက..ဘုရားရှင်သင်ပေးပုံကဒီလိုပါ..
အာနန္ဒာရေ..ခု ငါဘုရားသင်ပေးမယ့်သစ္စာတရားကို မင်းရွတ်ကွလက်ထဲမှာလဲ ဗလာမထားနဲ့ ငါ့သပိတ်ကိုယူသွားပရိတ်ရေအဆောင်အဖြစ်သုံး
မင်းစိတ်ထဲမှာ ဒီရေက သစ္စာတရားရေ ဘုရားရှင်ရဲ့အာဏာတည်နေတဲ့ရေ
ဒါ့ကြောင့် ဒီသစ္စာရေနဲ့ထိတဲ့သူတိုင်း မကောင်းတဲ့နာနာဘာဝ ဝိနာဘာဝတွေဆိုပြေးလော့ သူတို့လဲမနေနိုင်ပါဘူး..
ကောင်းတဲ့သူတော်စဉ်တွေဆို ဒီသစ္စာရေနဲ့ထိက ..သောက်သုံးက ငြိမ်းအေးစေသတည်း အရံအတားလဲဖြစ်စေသတည်း.. ဖြစ်လဲဖြစ်မှာအာနန္ဒာရေ..
ဘာ့ကြောင့်လဲဆိုတော့ ငါဘုရားသစ္စာစကားကိုးကွ..
အဲ့လိုစိတ်ထားလေးနဲ့မင်းရွတ်ကွာ ငါသင်ပေးလိုက်မယ်
(ဟောဒီလူ့ပြည် ဟိုးနတ်ပြည် နဂါးပြည် ဂဠုန်ပြည်ဗြဟ္မာပြည် စကြာဝဠာတစ်ခုလုံးမှာကွာဂေါတမမြတ်စွာဘုရားနဲ့တူတဲ့ ရတနာဆိုတာမရှိဘူး
တစ်ဆူထဲသာရှိတဲ့ဘုရားဂေါတမမြတ်စွာဘုရား ဟောကြားတဲ့ ပိဋကတ်သုံးပုံဆိုတဲ့ တရားနဲ့တူတဲ့ရတနာမရှိဘူး
ဂေါတမမြတ်စွာဘုရားရဲ့ တပည့်ပရိသတ်ဖြစ်တဲ့ရှင်မဟာကဿပ ရှင်သာရိပုတ္တရာ ရှင်မဟာမေဂ္ဂလာန်စတဲ့
ရဟန္တာအပေါင်း သီလဝန္တပုထုဇဉ်အပေါင်း စတဲ့အရိယာသံဃာ အရိယာအနွယ်ဝင်သံဃာ ဒီသံဃာတွေနဲ့တူတဲ့ ရတနာ မရှိဘူး)
ဒါသစ္စာစကားပဲ ဒါသစ္စာတရားပဲ ဒီသစ္စာစကား သစ္စာတရားကို အာနန္ဒာရေ မင်းရွတ်ဆိုကွာ သပိတ်တော်ထဲက ပရိတ်ရေလဲဖျန်းပေး…
ဒီလိုဆိုရင် ဘာရောဂါကြီးပဲဖြစ်ဖြစ် ပျောက်လိမ့်မယ်.တဲ့..
ဒါက ဒါက ဘုရားဟောပါ အစစ်ပါ စမ်းကြည့်ပါ ယုံကြည်ရင်ပေါ့သစ္စာစကားဆိုကြည့်ပါ ရိုရိုသေသေ နက်နက်ရှိုင်းရှိုင်းပေါ့…
ဗုဒ္ဓဘာသာမှာ ဘုရားကယ်တယ်ဆိုတာလုံးဝမရှိပါဘူး
ဘုရားရှင် လမ်းညွှန်မှုပေးတာပဲရှိပါတယ်
ခု..ဘုရားရှင်ရဲ့လမ်းညွှန်မှုကို အားလုံးဗုဒ္ဓဘာသာဝင်သူတော်စဉ်တွေသိအောင် ဦးဇင်းရေးပြလိုက်ပါပြီ
ဘုရားရှင်ရဲ့ လမ်းညွှန်မှုအတိုင်း စမ်းကြည့်ကြပါလား..
ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်)
ကပ္ေရာဂါဆိုးႀကီးမွ ကင္းလြတ္ေအာင္ဘုရား႐ွင္ သင္ေပးေတာ္မူခဲ့ေသာ သစၥာစကားယုံပါလို႔မတိုက္တြန္းခ်င္ပါ
သို႔ေသာ္ ယုံေအာင္ေတာ့ယုတၱိသာဓကႏွင့္တကြ ေျပာျပပါ့မယ္
ဗုဒၶဘာသာဝင္ စစ္စစ္ဆိုလွ်င္ လက္ေတြ႔အသံုးခ်ၾကဖို႔တိုက္တြန္းလိုပါတယ္။
ဘာမွမပင္ပန္းသလို ေငြကုန္ေၾကးၾကလဲမ႐ွိပါဘူး
တစ္ခုပါပဲ..ယုံၾကည္မႈ႐ွိရံုေလးဆိုရပါတယ္
ေလာကီဘက္မွာေတာင္မွ ကိုယ့္ေခါင္းေဆာင္ေျပာတဲ့စကားကို အသက္နဲ႔လဲၿပီးယုံၾကည္သူေတြကို အမ်ားအျပား႐ွိတာကို အားလံုး ေတြ႔ဘူးၾကမယ္ထင္ပါတယ္.
မေသခ်ာတဲ့ ပုထုဇဥ္ ေျပာတဲ့စကားကိုေတာင္မွ အသက္ေပးၿပီး ယုံၾကည္ရင္ ေသခ်ာတဲ့ ကိေလသာလံုးဝ ကင္းစင္တဲ့ အတုမ႐ွိတဲ့
ဗုဒၶေဂါတမတည္းဟူေသာ ေခါင္းေဆာင္ႀကီးေျပာခဲ့တဲ့ေဟာခဲ့တဲ့ ေပးခဲ့တဲ့
လမ္းညႊန္ခဲ့တဲ့ စကားကို ရင္ထဲမွာႏွစ္ႏွစ္ကာကာေလးေလးစားစားအသက္တမွ် ယုံၾကည္လိုက္ပါ အ႐ွံဳးမ႐ွိပါဘူး
ဗုဒၶဘာသာမွာ မည္သည့္အခက္အခဲပင္ျဖစ္ေစကာမူေက်ာ္လြားႏိုင္ေအာင္လမ္းညႊန္မႈေပးထားတဲ့ နည္းလမ္းေတြအမ်ားႀကီး႐ွိပါတယ္
ေနာက္ဆံုး မီးေနခန္းထဲကအခက္အခဲကိုေတာင္မွေျဖ႐ွင္းပံု ေျဖ႐ွင္းနည္းကို ေပးခဲ့တဲ့ဘာသာပါ
မသံုးတတ္လို႔ မသိၾကလို႔သာ တန္ဖိုးထားရမွန္းမသိတာပါ..
(၃၈) ျဖာ မဂၤလာတရားနဲ႔တင္ ျမတ္ဗုဒၶဟာ အတုမ႐ွိပုဂၢိဳလ္ျမတ္ႀကီးဆိုတာ နက္နက္ေတြးေလ လက္ခံေလေလ ပါပဲ
ခုလဲ ျမန္မာျပည္မွာသာမက တစ္ကမၻာလုံးမွာပါ ကပ္ေရာဂါႀကီးျဖစ္ေနပါတယ္
ကမၻာ့ႏိုင္ငံေတြေတာ့ထားပါ သူတို႔က ေလာကီေျဖေဆးေနာက္ကို အားသြန္ခြန္စိုက္ လိုက္ေနၾကတာဆိုေတာ့
ဗုဒၶဘာသာတို႔အတြက္ကေတာ့ ကိုယ့္ေခါင္းေဆာင္ႀကီးေျပာတဲ့ သစၥာစကားကို သံုးၾကဖို႔ တိုက္တြန္းပါတယ္
ယုုံၾကည္ၾကဖို႔ ေျပာလိုပါတယ္..
အားလံုးသိၾကၿပီးျဖစ္တဲ့အတိုင္း ေဝသာလီျပည္မွာ ဒီလိုကပ္ေရာဂါႀကီးျဖစ္ေတာ့ အဲ့ဒီကပ္ေရာဂါႀကီးကိုၿငိမ္းေအာင္ ျမတ္ဗုဒၶဟာ တပည့္သား အ႐ွင္အာနနၵာကိုဒီလိုသစၥာဆိုကြ ဆိုၿပီး သင္ေပးခဲ့ဘူးပါတယ္
အမွန္တကယ္လဲ ေပ်ာက္ကင္းခဲ့ဘူးပါတယ္
ဘုရား႐ွင္သင္ေပးတဲ့ သစၥာစကားကလြယ္လြယ္ေလးပါ
သို႔ေသာ္ မယုံၾကည္ရင္မစမ္းပါနဲ႔ သစၥါမစြမ္းမွာစိုးလို႔ပါ
ျမတ္ဗုဒၶရဲ႕ႏႈတ္ထြက္စကားမို႔မ႐ိုမေသ မေလးမစားေတာ့ မလုပ္ေစခ်င္ပါဘူး
ကုသိုလ္တစ္ပဲ ငရဲတစ္ပိႆာအျဖစ္အျပစ္ထိမွာစိုးလို႔ပါ
တခ်ိဳ႕က မယုုံၾကည္ရံုတင္မဟုတ္ဘူး ဟုတ္မွဟုတ္ပါ့မလား ေပ်ာင္မွေပ်ာက္မွမလားဆိုတဲ့သံသယနဲ႔ ေတြးတတ္ျဖစ္တတ္ၾကလို႔ပါ
သံသယ႐ွိရင္ေတာ့ လံုးဝမေပ်ာက္ပါဘူး သံဓိ႒ာန္ခ်ၿပီးေပ်ာက္ကိုေပ်ာက္ရေစမယ္ဆိုတဲ့စိတ္ထားနဲ႔သာလုပ္ပါ
ဘုရားစကား လြဲတယ္ဆိုတာမ႐ွိပါဘူး..
ရတနသုတ္မွာလာပါတယ္ ဒီသစၥာစကားက..ဘုရား႐ွင္သင္ေပးပံုကဒီလိုပါ..
အာနႏၵာေရ..ခု ငါဘုရားသင္ေပးမယ့္သစၥာတရားကို မင္းရြတ္ကြလက္ထဲမွာလဲ ဗလာမထားနဲ႔ ငါ့သပိတ္ကိုယူသြားပရိတ္ေရအေဆာင္အျဖစ္သံုး
မင္းစိတ္ထဲမွာ ဒီေရက သစၥာတရားေရ ဘုရား႐ွင္ရဲ႕အာဏာတည္ေနတဲ့ေရ
ဒါ့ေၾကာင့္ ဒီသစၥာေရနဲ႔ထိတဲ့သူတိုင္း မေကာင္းတဲ့နာနာဘာဝ ဝိနာဘာဝေတြဆိုေျပးေလာ့ သူတို႔လဲမေနႏိုင္ပါဘူး..
ေကာင္းတဲ့သူေတာ္စဥ္ေတြဆို ဒီသစၥာေရနဲ႔ထိက ..ေသာက္သံုးက ၿငိမ္းေအးေစသတည္း အရံအတားလဲျဖစ္ေစသတည္း.. ျဖစ္လဲျဖစ္မွာအာနႏၵာေရ..
ဘာ့ေၾကာင့္လဲဆိုေတာ့ ငါဘုရားသစၥာစကားကိုးကြ..
အဲ့လိုစိတ္ထားေလးနဲ႔မင္းရြတ္ကြာ ငါသင္ေပးလိုက္မယ္
(ေဟာဒီလူ႔ျပည္ ဟိုးနတ္ျပည္ နဂါးျပည္ ဂဠဳန္ျပည္ျဗဟၼာျပည္ စၾကာဝဠာတစ္ခုလံုးမွာကြာေဂါတမျမတ္စြာဘုရားနဲ႔တူတဲ့ ရတနာဆိုတာမ႐ွိဘူး
တစ္ဆူထဲသာ႐ွိတဲ့ဘုရားေဂါတမျမတ္စြာဘုရား ေဟာၾကားတဲ့ ပိဋကတ္သုံးပံုဆိုတဲ့ တရားနဲ႔တူတဲ့ရတနာမ႐ွိဘူး
ေဂါတမျမတ္စြာဘုရားရဲ႕ တပည့္ပရိသတ္ျဖစ္တဲ့႐ွင္မဟာကႆပ ႐ွင္သာရိပုတၱရာ ႐ွင္မဟာေမဂၢလာန္စတဲ့
ရဟႏၲာအေပါင္း သီလဝႏၱပုထုဇဥ္အေပါင္း စတဲ့အရိယာသံဃာ အရိယာအႏြယ္ဝင္သံဃာ ဒီသံဃာေတြနဲ႔တူတဲ့ ရတနာ မ႐ွိဘူး)
ဒါသစၥာစကားပဲ ဒါသစၥာတရားပဲ ဒီသစၥာစကား သစၥာတရားကို အာနႏၵာေရ မင္းရြတ္ဆိုကြာ သပိတ္ေတာ္ထဲက ပရိတ္ေရလဲဖ်န္းေပး…
ဒီလိုဆိုရင္ ဘာေရာဂါႀကီးပဲျဖစ္ျဖစ္ ေပ်ာက္လိမ့္မယ္.တဲ့..
ဒါက ဒါက ဘုရားေဟာပါ အစစ္ပါ စမ္းၾကည့္ပါ ယုံၾကည္ရင္ေပါ့သစၥာစကားဆိုၾကည့္ပါ ႐ို႐ိုေသေသ နက္နက္႐ိႈင္း႐ိႈင္းေပါ့…
ဗုဒၶဘာသာမွာ ဘုရားကယ္တယ္ဆိုတာလံုးဝမ႐ွိပါဘူး
ဘုရား႐ွင္ လမ္းညႊန္မႈေပးတာပဲ႐ွိပါတယ္
ခု..ဘုရား႐ွင္ရဲ႕လမ္းညႊန္မႈကို အားလံုးဗုဒၶဘာသာဝင္သူေတာ္စဥ္ေတြသိေအာင္ ဦးဇင္းေရးျပလိုက္ပါၿပီ
ဘုရား႐ွင္ရဲ႕ လမ္းညႊန္မႈအတိုင္း စမ္းၾကည့္ၾကပါလား..
ဓမၼရံသီအ႐ွင္ကဝိႏၵ (မိုးကုတ္)