သစ်တံခါးဆရာတော်၏ မဟာဗောဓိညောင်ပင်(၁၀)ပင် အဓိဌာန်ကျင့်စဉ်

အဓိဌာန်ဝင်ချင်သူများ မသိသေးတဲ့သူများမေးထားလို့အဓိဌာန်ဝင်နည်း ရေးပေးလိုက်ပါတယ်

သစ်တံခါးဆရာတော်၏ မဟာဗောဓိညောင်ပင်(၁၀)ပင် အဓိဌာန်ကျင့်စဉ်

မိမိတို့တွင် ငွေရေးကြေးရေးခက်ခဲမှု အမှုကိစ္စ လာဘ်ပိတ်နေမှု အလုပ်ကိစ္စမပွင့်လင်း မပေါ်မှု အခက်အခဲမှန်သမျှတွေ အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုတွေ ရရှိစေပါတယ်လို့ ဘုန်းဘုန်း ကမိန့်ထားပါတယ်..

ငွေကြေးခက်ခဲနေသူတွေ စီးပွားရေးမှာလာဘ်ပိတ်နေသူတွေ ဝင်သင့်တဲ့အဓိဌာန်တစ်ခုပါ…

“ အဓိဋ္ဌာန်ဆောင်ရွက်ရာတွင် အဓိကဆောင်ရွက်ရမည့်အချက်များ ”

၁_ ရေ (၁၀) ခွက်၊ အမွှေးတိုင် (၁၀) တိုင် ကွမ်းယာ (၁၀) ယာ၊ ဆီမီး (၁၀) တိုင်ပူဇော်ပါ။

ယခုဘုရား( ___ ) အမည်တွင် စောင့်ရှောက်ကြကုန်သော အစောင့်အရှောက် နတ်မင်းများနှင့် သူတော်စင် သူတော်ကောင်း သူတော်မြတ်အပေါင်းနှင့်

ဤဗောဓိညောင်ပင်တွင် စောင့်ရှောက်ရန်နေကြကုန်သော ရုက္ခစိုး နတ်မင်းတို့….. အရှင်တို့ကိုယ်တိုင် မြတ်စွားဘုရားရှင်အားလာရောက်လှူဒါန်းနိုင်စေရန် ကျွနု်ပ်တို့မိသားစု(__)တို့မှ

အမွှေးတိုင် ၁၀တိုင် အလင်းတိုင် ၁၀တိုင်သောက်တော်ရေ ၁၀ခွက် /ဗူး တို့ကို အလှူဒါနပြုပေးပါတယ် အရှင်တို့ကိုယ်တိုင် ကြားရာအရပ်မှ ကြွရောက်၍ အလှူ ခံတော်မူပြီး မြတ်စွာဘုရားအား ကပ်လှူပူဇော်ကြ ပါကုန်လော့ အရှင် ရုက္ခစိုး နတ်မင်းအတွက် ကွမ်းယာ ၁၀ယာကိုလည်း ကပ်လှူ ပူဇော်ပါတယ်ဟု လျှောက်ပါ။

၂ _ မြတ်ဗုဒ္ဓ အာရုံပြု ရှိခိုးပူဇော်ပါ။

၃ _ငါးပါးသီလ ခံယူဆောက်တည်ပါ။ဂုဏ်တော် ၉ ပါးရွတ်ပါ။

၄ _ ပဋ္ဌာန်းပစ္စယနိဒ္ဒေယ ပူဇော်ပါ(မပူဇော်နိုင်ပါက ပဌာန်း ၂၄ ပစ္စည်း အကျဉ်း၁၀ ခေါက် ပူဇော်ပါ)

၅ _ မေတ္တာသုတ် တစ်ခေါက်ပူဇော်ပါ (ကိုယ့်အဓိဌာန်နဲ့ကိုယ်နိုင်သရွေ့ပူဇော်နိုင်ပါတယ်။)

၆ _ သစ်ပင်တစ်ပင်မှာ“အရဟံ သိဒ္ဓိ ဘဂဝါအောင် “ပုတီး ၁၀ ပတ်အနည်းဆုံးစိပ်ပါ။

၇ _ ရုက္ခစိုးဂါထာကို ၃၇ ခေါက်ရွတ်ပွားပါ ။

“ ဥုံ ယက္ခ ရုက္ခစိုး နတ်ရုက္ခစိုး မနိုးစိမ့်စိမ့် မအိပ်စက်စက် အကျွန်ုပ်အား အသက်ဥစ္စာ ပညာ ပေးပါလော့။

”နောက်တစ်ဂါထာ ~ အာကာသဋ္ဌော ဘူမဋ္ဌာစ ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ ဣဒ္ဓိမန္တောစ ယေဒေဝါ မံ ပါလေတု ယထိစ္ဆိတံ။

တစ်ဂါထာဘဲရွတ်ရွတ် နှစ်ဂါထာလုံးဘဲ ရွတ်ရွတ် ၃၇ခေါက်ရွတ်ပွားပါ အထူးကောင်းမွန်ပါ၏။

၈ _ သတ္တဝါ မှန်သမျှ အနန္တတွေ မေတ္တာပို့ပါ အထူးကျန်းမာစေ ချမ်းသာပါစေ အဆင်ပြေပါစေ အေးချမ်းကြပါစေ အောင်မြင်ကြပါစေ အပူကင်းပျောက် အအေးရောက်ကြပါစေဟု မေတ္တာပို့ပါ။

၉ _ မိဘ ဘိုးဘွား ဆရာသမား ဆွေတော်မျိုးတော်တွေ အမျှဝေပါ ရုက္ခစိုးနတ် ဘုမ္မစိုးနတ် အမျှဝေပါ {အထူး} ထူးခြားပါ၏။

မှတ်ချက် _ တစ်နေ့တည်း ၁၀ ပင်ပြီးပါက အထူးကောင်းပါ၏ မလုပ်နိုင်ပါက နေ့ခွဲပြီး ၁၀ ပင်အပြည့်ဟု အဓိဋ္ဌာန်ပါကလဲ ရပါ၏။

အဓိဋ္ဌာန်လုပ်ပြီး ကိုယ်လှူထားသော ရေဘူး ကွမ်းယာစသော ပစ္စည်းများအား သူတစ်ပါး အနှောက်အယှက်မဖြစ်အောင် ကိုယ်တိုင်သိမ်းဆည်းပြီး ဝေယျဝစ္စကုသိုလ် ပြန်လုပ်သင့်သည်။

အထက်ပါကိစ္စအားလုံးကိုညောင်ပင် ၁ ပင် တည်းဆယ်ခါလုပ်ရန် မဟုတ်ပါ။

ညောင်ပင် (၁၀ ) ပင်မှာ တစ်ပင်ကို တစ်ကြိမ်ဆီ ဖြစ်ပါတယ်နော် ခဏခဏ မေးတတ်ကြတဲ့ မေးခွန်းပါ ။ ။

ဗောဓိညောင်ပင်(၁၀)ပင်အဓိဌာန်အကျိုးကျေးဇူးတွေကတော့ မဟာဗောဓိညောင်ပင်သည် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော်လည်းဖြစ်ပါသည်.. ပရိဘောဂစေတီလည်းဖြစ်ပါသည်…

ပရိဘောဂစေတီတော်ကို ပူဇော်ရာမည်သောကြောင့် အသက်လည်းရှည် ကျန်းမာရေးလည်း ကောင်းပါတယ်…

သစ်ပင်အောက်တွင် ကျင့်ရသောကြောင့် ရုက္ခမူ ဒူတင်လည်း ရပါတယ်..နော်

ဂုဏ်တော်ဖြင့်ပူဇော်သောကြောင့် ဂုဏ်တော်ဓါတ်အကျိုးတရားလည်းရပါတယ်…

သောက်တော်ရေ ဆီမီး အ မွှေးနံသာဖြင့် ပူဇော်သော ဒါနလည်းရပါတယ်.

ဗောဓိပင်စောင့်သော ရုက္ခစိုးနတ်ကို ကွမ်းယာဖြင့်လှူဒါနပြုရသောကြောင့် သီလရှိသော ရုက္ခစိုးနတ်မှ ချစ်၍အမျှရသောကြောင့်လက်တွေ့ ဒိဌဓမ္မ အကျိုးထူး ခံစားရပါလိမ့် မယ်။

သတိထားရမည်မှာ..အဓိဌာန်ပြုလုပ်ပြီးတိုင်းမှာ မိမိတို့ လှူထားသော ရေဗူး ကွမ်းယာစသော ပစ္စည်းများကို တစ်ပါးသူများအား အနှောင့်အယှက်မဖြစ်စေဘဲကိုယ်တိုင်ပြန်သိမ်းဆည်းပြီး ဝေယျဝစ္စကုသိုလ်ပြန်လုပ်သင့်ပါတယ်နော် .

ယုံကြည်ချက်ဖြင့် အဓိဌာန်ပါ.. ဆုတောင်းပြည့်ကြပါစေ…တစ်ပါးသူတွေလည်း အဓိဌာန်ဝင်စေချင်တဲ့ စိတ်ရင်းစေတနာ အမှန်ဖြင့်ရေးသားဖော်ပြတာပါ

စေတနာအကျိုး ခံစားရပါစေ ကုသိုလ်ထပ်တူရကြပါစေ

အဓိဌာန္ဝင္ခ်င္သူမ်ား မသိေသးတဲ့သူမ်ားေမးထားလို႔အဓိဌာန္ဝင္နည္း ​ေရးေပးလိုက္ပါတယ္

သစ္တံခါးဆရာေတာ္၏ မဟာေဗာဓိေညာင္ပင္(၁၀)ပင္ အဓိဌာန္က်င့္စဥ္

မိမိတို႔တြင္ ေငြေရးေၾကးေရးခက္ခဲမႈ အမႈကိစၥ လာဘ္ပိတ္ေနမႈ အလုပ္ကိစၥမပြင့္လင္း မေပၚမႈ အခက္အခဲမွန္သမွ်ေတြ အဆင္ေျပေခ်ာေမြ႕ၿပီး ေအာင္ျမင္မႈေတြ ရရွိေစပါတယ္လို႔ ဘုန္းဘုန္း ကမိန႔္ထားပါတယ္..

ေငြေၾကးခက္ခဲေနသူေတြ စီးပြားေရးမွာလာဘ္ပိတ္ေနသူေတြ ဝင္သင့္တဲ့အဓိဌာန္တစ္ခုပါ…

“ အဓိ႒ာန္ေဆာင္႐ြက္ရာတြင္ အဓိကေဆာင္႐ြက္ရမည့္အခ်က္မ်ား ”

၁_ ေရ (၁၀) ခြက္၊ အေမႊးတိုင္ (၁၀) တိုင္ ကြမ္းယာ (၁၀) ယာ၊ ဆီမီး (၁၀) တိုင္ပူေဇာ္ပါ။

ယခုဘုရား( ___ ) အမည္တြင္ ေစာင့္ေ႐ွာက္ၾကကုန္ေသာ အေစာင့္အေ႐ွာက္ နတ္မင္းမ်ားႏွင့္ သူေတာ္စင္ သူေတာ္ေကာင္း သူေတာ္ျမတ္အေပါင္းႏွင့္

ဤေဗာဓိေညာင္ပင္တြင္ ေစာင့္ေ႐ွာက္ရန္ေနၾကကုန္ေသာ ႐ုကၡစိုး နတ္မင္းတို႔….. အ႐ွင္တို႔ကိုယ္တိုင္ ျမတ္စြားဘုရား႐ွင္အားလာေရာက္လႉဒါန္းႏိုင္ေစရန္ ကြၽႏု္ပ္တို႔မိသားစု(__)တို႔မွ

အေမႊးတိုင္ ၁၀တိုင္ အလင္းတိုင္ ၁၀တိုင္ေသာက္ေတာ္ေရ ၁၀ခြက္ /ဗူး တို႔ကို အလႉဒါနျပဳေပးပါတယ္ အ႐ွင္တို႔ကိုယ္တိုင္ ၾကားရာအရပ္မွ ႂကြေရာက္၍ အလွဴ ခံေတာ္မူၿပီး ျမတ္စြာဘုရားအား ကပ္လႉပူေဇာ္ၾက ပါကုန္ေလာ့ အ႐ွင္ ႐ုကၡစိုး နတ္မင္းအတြက္ ကြမ္းယာ ၁၀ယာကိုလည္း ကပ္လႉ ပူေဇာ္ပါတယ္ဟု ေလ်ွာက္ပါ။

၂ _ ျမတ္ဗုဒၶ အာ႐ုံျပဳ ရွိခိုးပူေဇာ္ပါ။

၃ _ငါးပါးသီလ ခံယူေဆာက္တည္ပါ။ဂုဏ္ေတာ္ ၉ ပါး႐ြတ္ပါ။

၄ _ ပ႒ာန္းပစၥယနိေဒၵယ ပူေဇာ္ပါ(မပူေဇာ္ႏိုင္ပါက ပဌာန္း ၂၄ ပစၥည္း အက်ဥ္း၁၀ ေခါက္ ပူေဇာ္ပါ)

၅ _ ေမတၱာသုတ္ တစ္ေခါက္ပူေဇာ္ပါ (ကိုယ့္အဓိဌာန္နဲ႔ကိုယ္ႏိုင္သေ႐ြ႕ပူေဇာ္ႏိုင္ပါတယ္။)

၆ _ သစ္ပင္တစ္ပင္မွာ“အရဟံ သိဒၶိ ဘဂဝါေအာင္ “ပုတီး ၁၀ ပတ္အနည္းဆုံးစိပ္ပါ။

၇ _ ႐ုကၡစိုးဂါထာကို ၃၇ ေခါက္႐ြတ္ပြားပါ ။

“ ဥဳံ ယကၡ ႐ုကၡစိုး နတ္႐ုကၡစိုး မႏိုးစိမ့္စိမ့္ မအိပ္စက္စက္ အကြၽႏ္ုပ္အား အသက္ဥစၥာ ပညာ ေပးပါေလာ့။

”ေနာက္တစ္ဂါထာ ~ အာကာသေ႒ာ ဘူမ႒ာစ ႐ုကၡ႒ာစ မဟိဒၶိကာ ဣဒၶိမေႏၲာစ ေယေဒဝါ မံ ပါေလတု ယထိစၦိတံ။

တစ္ဂါထာဘဲ႐ြတ္႐ြတ္ ႏွစ္ဂါထာလုံးဘဲ ႐ြတ္႐ြတ္ ၃၇​ေခါက္႐ြတ္ပြားပါ အထူးေကာင္းမြန္ပါ၏။

၈ _ သတၱဝါ မွန္သမွ် အနႏၲေတြ ေမတၱာပို႔ပါ အထူးက်န္းမာေစ ခ်မ္းသာပါေစ အဆင္ေျပပါေစ ေအးခ်မ္းၾကပါေစ ေအာင္ျမင္ၾကပါေစ အပူကင္းေပ်ာက္ အေအးေရာက္ၾကပါေစဟု ေမတၱာပို႔ပါ။

၉ _ မိဘ ဘိုးဘြား ဆရာသမား ေဆြေတာ္မ်ိဳးေတာ္ေတြ အမွ်ေဝပါ ႐ုကၡစိုးနတ္ ဘုမၼစိုးနတ္ အမွ်ေဝပါ {အထူး} ထူးျခားပါ၏။

မွတ္ခ်က္ _ တစ္ေန႔တည္း ၁၀ ပင္ၿပီးပါက အထူးေကာင္းပါ၏ မလုပ္ႏိုင္ပါက ေန႔ခြဲၿပီး ၁၀ ပင္အျပည့္ဟု အဓိ႒ာန္ပါကလဲ ရပါ၏။

အဓိ႒ာန္လုပ္ၿပီး ကိုယ္လႉထားေသာ ေရဘူး ကြမ္းယာစေသာ ပစၥည္းမ်ားအား သူတစ္ပါး အေႏွာက္အယွက္မျဖစ္ေအာင္ ကိုယ္တိုင္သိမ္းဆည္းၿပီး ေဝယ်ဝစၥကုသိုလ္ ျပန္လုပ္သင့္သည္။

အထက္ပါကိစၥအားလုံးကိုေညာင္ပင္ ၁ ပင္ တည္းဆယ္ခါလုပ္ရန္ မဟုတ္ပါ။

ေညာင္ပင္ (၁၀ ) ပင္မွာ တစ္ပင္ကို တစ္ႀကိမ္ဆီ ျဖစ္ပါတယ္ေနာ္ ခဏခဏ ေမးတတ္ၾကတဲ့ ေမးခြန္းပါ ။ ။

ေဗာဓိေညာင္ပင္(၁၀)ပင္အဓိဌာန္အက်ိဳးေက်းဇူးေတြကေတာ့ မဟာေဗာဓိေညာင္ပင္သည္ ျမတ္ဗုဒၶ၏ ဖြားဖက္ေတာ္လည္းျဖစ္ပါသည္.. ပရိေဘာဂေစတီလည္းျဖစ္ပါသည္…

ပရိေဘာဂေစတီေတာ္ကို ပူေဇာ္ရာမည္ေသာေၾကာင့္ အသက္လည္းရွည္ က်န္းမာေရးလည္း ေကာင္းပါတယ္…

သစ္ပင္ေအာက္တြင္ က်င့္ရေသာေၾကာင့္ ႐ုကၡမူ ဒူတင္လည္း ရပါတယ္..ေနာ္

ဂုဏ္ေတာ္ျဖင့္ပူေဇာ္ေသာေၾကာင့္ ဂုဏ္ေတာ္ဓါတ္အက်ိဳးတရားလည္းရပါတယ္…

ေသာက္ေတာ္ေရ ဆီမီး အ ေမႊးနံသာျဖင့္ ပူေဇာ္ေသာ ဒါနလည္းရပါတယ္.

ေဗာဓိပင္ေစာင့္ေသာ ႐ုကၡစိုးနတ္ကို ကြမ္းယာျဖင့္လႉဒါနျပဳရေသာေၾကာင့္ သီလရွိေသာ ႐ုကၡစိုးနတ္မွ ခ်စ္၍အမွ်ရေသာေၾကာင့္လက္ေတြ႕ ဒိဌဓမၼ အက်ိဳးထူး ခံစားရပါလိမ့္ မယ္။

သတိထားရမည္မွာ..အဓိဌာန္ျပဳလုပ္ၿပီးတိုင္းမွာ မိမိတို႔ လႉထားေသာ ေရဗူး ကြမ္းယာစေသာ ပစၥည္းမ်ားကို တစ္ပါးသူမ်ားအား အေႏွာင့္အယွက္မျဖစ္ေစဘဲကိုယ္တိုင္ျပန္သိမ္းဆည္းၿပီး ေဝယ်ဝစၥကုသိုလ္ျပန္လုပ္သင့္ပါတယ္ေနာ္ .

ယုံၾကည္ခ်က္ျဖင့္ အဓိဌာန္ပါ.. ဆုေတာင္းျပည့္ၾကပါေစ…တစ္ပါးသူေတြလည္း အဓိဌာန္ဝင္ေစခ်င္တဲ့ စိတ္ရင္းေစတနာ အမွန္ျဖင့္ေရးသားေဖာ္ျပတာပါ

ေစတနာအက်ိဳး ခံစားရပါေစ ကုသိုလ္ထပ္တူရၾကပါေစ