မနာလိုစိတ်နဲ့ မှားယွင်းတဲ့လုပ်ရပ်၏ ဆိုးကျိုး
ကြောက်စရာကောင်းတဲ့ အမှားအယွင်းဆိုတာ..ဒေါသကြောင့် ဖြစ်စေ…ပြောင်လှောင်၍ ဖြစ်စေ …
တစ်ခုခုကြောင့် စိတ်ဆိုးမာန်ဆိုး ဖြစ်တဲ့အခါကြောင့်ဖြစ်စေ …
လူတွေဟာ မှားယွင်းတဲ့ အလုပ်တစ်ခုကိုလုပ်မိသွားတတ်တယ်။
ကြည့်၊ “ဇမ္ဗူက” ဆိုတဲ့ ပရဗိုဇ် တစ်ယောက် ရှိတယ်။
အဲ့ဒီ ဇမ်ဗူကဆိုတဲ့ ပရဗိုဇျကို လူတကာကကြည်ညိုကြတယ်။
အင်္ဂတိုင်းတို့၊ မဂဓတိုင်းတို့က လူတွေကကိုးကွယ်ကြတယ်။ အင်မတန် ဘုန်းကြီးတယ်။
ဘာဖြစ်လို့တုန်းဆိုတော့သူက အစာမစားဘူး၊ လေကို စားတယ်။
အဝတ်မဝတ်ဘူး၊ ပြင်းထန်တဲ့အကျင့်ကိုကျင့်တယ်လို့ ယုံကြည်ကြတယ်။
လူတွေက သူ့ကို တကယ့် အကျင့်ကောင်းတဲ့ “ရဟန္တာ”လို့ သိကြတယ်။
သို့သော် တကယ် မဟုတ်ဘူး။သူစားနေတာက ဘာတုန်းဆိုရင်လူတကာစွန့်ထားတဲ့ “မစင်” ကို စားတာနော်။
လူတကာ စွန့်ထားတဲ့မစင်မှ သူက စားတာ။
ဒါလည်း သံသရာတစ်ခုတုန်းက သူက “အမှား”လုပ်ခဲ့လို့။
အဝတ်မဝတ်ဘူး၊ ဘာလို့ မဝတ်တာတုန်းဆိုတာသံသရာတုန်းက သူက အဝတ် မဝတ်စေတတ်တဲ့အပြစ်ကို ဖြစ်ပေါ်လာစေတဲ့ ပြစ်မှုတစ်ခုကိုသူ ကျူးလွန်ခဲ့တယ်ပေါ့။
အရင်တုန်းက သူက ကျောင်းတစ်ကျောင်းမှာကျောင်းထိုင်နေတဲ့ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးပဲ။
အာဂန္တု တစ်ပါး ကြွလာတဲ့အခါ ကျောင်းဒကာက အဲဒီအာဂန္တု ကို ကြည်ညိုတယ်ပေါ့။
ဒါ ဘုန်းကြီးတွေ သတိ ထားရမည့်ဟာပေါ့။
ကြည်ညိုတော့ ကျောင်းဒကာက ဘာလုပ်တုန်းဆိုရင်အာဂန္တု က ဆံပင်ရှည်နေလို့ ဆံပင် ရိတ်ဖို့ရာအတွက်ဆေတ္တာသည်ပေါ့၊
ခုခေတ်လိုဆိုရင်ဆံသက လူတစ်ယောက်ကို လွှတ်လိုက်တယ်ပေါ့။
အဲ့ဒီ အာဂန္တု ကျိန်းဖို့ ဆိုပြီးတော့ကွပ်ပျစ်ကောင်းကောင်း အိမ်ကနေ သယ်ပြီးတော့ ပို့တယ်။အာဂန္တုကို ဂရုတစိုက် လုပ်ပေးတယ်။
အဲ့ဒီလို အာဂန္တုကို ဂရုတစိုက် ပြုစုတာကိုကျောင်းထိုင်ဘုန်းကြီးက မခံနိုင်ဘူး။
သူ့ထက်ပိုပြီး ကြည်ညိုတယ်လို့ စိတ်ထဲကထင်တယ်ပေါ့။
ဘုန်းကြီး တွေမှာလဲ အဲဒီလို ဖြစ်တတ်တယ်။အဲလိုဖြစ်တာ “ဣဿာ” လို့ခေါ်တယ်။မနာလို မရှုစိမ့်တဲ့ “ဣဿာ” ဖြစ်လာတာ။
ဣဿာ ဖြစ်လာတဲ့အခါကျတော့ အဲဒီအာဂန္တုကို ဒီမှာမနေအောင် သူကလုပ်တယ်။
သူက ဘာပြောတုန်းဆိုတော့ ….
1 ကိုယ်တော်တဲ့၊ ဒီဒကာရဲ့ သင်တုံးဓားနဲ့ခေါင်းရိတ်ခံမယ့်အစား ကိုယ်တော့်ခေါင်းကအမွှေးကို ထန်းစေ့နဲ့ ဆွဲညှပ်နှုတ်တာကမှကောင်းသေးတယ်”တဲ့။ဆဲရေးတာပေါ့ ဟုတ်ကဲ့လား။
2 ကိုယ်တော် ဒီဒကာကျွေးတဲ့ဆွမ်း စားမယ့်အစား လူ့မစင်စားတာက ကောင်းသေးတယ်” တဲ့။ဟော၊ သူက ဆဲရေးတာ။ဘာဖြစ်လို့တုန်းဆိုရင် ဒီမှာ မနေအောင် သူကလုပ်တာ။
3 ဒီဒကာပေးတဲ့ ကွပ်ပျစ် ပေါ် အိပ်မယ့်အစားကိုယ်တော်မြေကြီးပေါ်အိပ်တာ ကောင်းသေးတယ်”ပေါ့။
4 ဒီသင်္ကန်းကြီးဝတ်မယ့်အစားတုံးလုံးနေတာ ကောင်းသေးတယ်” နဲ့။
အဲဒီလို အာဂန္တု ကိုယ်တော်ကိုပြစ်မှားပြီးတော့ ဆဲရေးတယ်။
ဒကာက “အရှင်ဘုရား အာဂန္တု ပင့်ပြီးတော့ကြွခဲ့ပါ” လို့ မှာထားတာ။
မနက်မိုးလင်းတဲ့အခါကျတော့ အာဂန္တု နိုးမှာစိုးလို့နော်။သက်ကယ်ရိုးလေးနဲ့ ခေါင်းလောင်းထိုးသတဲ့။
တစ်ကယ်က အာဂန္တု ကို မနှိုးဘဲနဲ့တိတ်တဆိတ် သူက ဒကာအိမ်ကြွသွားတယ်။
ဒကာက “အရှင်ဘုရား၊ အာဂန္တု မပါဘူးလား” ဆိုတော့ “ဒကာကြီးရဲ့ကိုယ်တော် တစ်ခါတည်းဘယ်လောက်ထိအောင် အိပ်နေမှန်းမသိဘူးပေါ့လေ။
ခေါင်းလောင်း ထိုးတာတောင် မနိုးဘူး” အပြစ်ပြောတဲ့အခါ ကျောင်းဒကာက
“အရှင်ဘုရား၊ ခရီးပန်းလာလို့ နေမှာပါ” ဆိုပြီးတော့ သူ့ကိုဆွမ်းကပ်တယ်။
အာဂန္တု အတွက် ဆွမ်းတစ်သပိတ် လှူလိုက်တယ်။
“အာဂန္တုနိုးလို့ရှိရင် ကျွေးလိုက်ပါဘုရား”အဲဒီ ဆွမ်းသပိတ်ကို လမ်းမှာပဲ သွန်ပစ်ခဲ့တယ်။
ကြည့်နော်၊ မှားယွင်းတဲ့ လုပ်ရပ်တွေ သူလုပ်ခဲ့တယ်။
တစ်သက်စာလဲ မဟုတ်ဘူး။
တစ်ခဏစာလေး အတွက် သူဟာမနာလိုစိတ် နဲ့ မှားယွင်းတဲ့လုပ်ရပ်တွေ သူလုပ်ခဲ့တယ်။
အဲဒီလိုလုပ်ပြီး ကျောင်းပြန်ရောက်တဲ့အခါအာဂန္တု အိပ်တဲ့အခန်း သွားကြည့်တယ်။
မရှိတော့ဘူး။အဲဒီကျတော့မှ သူ ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်ပေါ့။“ငါ့ရဲ့လုပ်ရပ်တွေကို သိတဲ့ပုဂ္ဂိုလ်ဖြစ်မယ်”။
အဲဒီပုဂ္ဂိုလ်က ရဟန္တာ ပုဂ္ဂိုလ်ကြီး။
ရဟန္တာ ပုဂ္ဂိုလ်ကို ပြစ်မှားမိတဲ့ အတွက်ကြောင့်သေတဲ့အခါ “ငရဲ” ကျတယ်။
အခု နောက်ဆုံးဘဝ ရောက်တဲ့အခါ သူဟာမွေးလာတဲ့ အချိန်ကတည်းကနို့တိုက်ရင် နို့မစို့ဘူး၊ ဘာစားတုန်း ဆိုရင်ကိုယ့် “မစင်” ကိုယ်ပြန်စားတယ်။ ကြည့်နော်၊
ကိုယ့် မစင် ကိုယ်ပြန်စားတယ်။ လူကြီးတွေကတော့“ဪ၊ကလေးမို့ မသိတတ်လို့” ဆိုပြီးတော့နေကြတယ်။
ဘာ ဟုတ်မလဲ၊ အရွယ်လေး ရောက်လာတယ်။
စကားလေး ဘာလေး ပြောတတ်၊ လမ်းလေးဘာလေး လျှောက်တတ်တဲ့ အချိန်မှာလည်းထမင်းရယ်လို့ ဟုတ်တိပတ်တိ မစားဘူး။
လူအလစ်မှာ မစင်ပဲ သွားစားတယ်။
ကြာတော့ အဖေ အမေတွေက သူ့ရဲ့အကျင့်တွေတွေ့လာတဲ့အခါ လက်မခံတော့ဘူး။
အိမ်ကနေပြီး တော့ နှင်ထုတ်တယ်။နှင်ထုတ်တော့ အစေလက အဝတ်မဝတ်တဲ့ဂိုဏ်းထဲရောက်သွားတယ်။
အဲ့ဒီမှာ သူ့ဆံပင်ကို ထန်းစေ့လေးနဲ့ဆွဲပြီး နှုတ်ခံရတယ်။
သူပြောခဲ့တဲ့အတိုင်း အဝတ်မဝတ်ရဘူး။ မြေကြီးပေါ်မှာ အိပ်ရတယ်။
အဲဒီလိုနေပြီး အစေလက အဖွဲ့တွေကမြို့ထဲ၊ရွာထဲ ဆွမ်းခံသွားတဲ့အခါမှာ သူ့ကိုခေါ်တာ မလိုက်ဘူး။
ကျောင်းမှာပဲကျန်ရစ်တယ်။ရလာတဲ့ အစားအစာတွေ သွားကျွေးတဲ့အခါသူကလက်မခံဘူး၊ မစားဘူး ဆိုပြီးတော့နေတယ်။
“ဒီကိုယ်တော် ဘာစားနေသလဲ” ဆိုပြီးတော့ဆွမ်းခံသွားတဲ့အခါ တစ်ယောက်ကိုချောင်းကြည့်ခိုင်းတယ်။
သူက ဘာလုပ်လဲဆိုတော့ သူများသွားပြီဆိုရင်အိမ်သာဖွင့်ပြီးတော့ “လူ့မစင်” တွေကို အားရပါးရစားတာ။
အဲဒါနဲ့ အစေလကတွေကလည်း မစင်စားတယ်ဆိုတော့မကောင်းသတင်း ထွက်မှာစိုးလို့ သူ့ကိုမောင်းထုတ်လိုက်ကြတယ်။
မောင်းထုတ်လိုက်တဲ့အခါ လူတကာ မစင်စွန့်တဲ့နေရာ ကျောက်ဖျာဘေး သွားပြီးနေတယ်။
လူတွေ မမြင်တဲ့အခါမှာ မစင်တွေစားတယ်၊ပြီးတော့ ဘာလုပ်လဲဆိုရင် ခြေထောက်တစ်ဖက်မြှောက်၊ပါးစပ်ဟပြီးတော့ နေတယ်။
“သူဟာ လေစားတယ်၊ အစာမစားဘူး”။လိမ်တာညာတာနော်။
နောက်ပိုင်းကျတော့“ဪ၊ အစာမစားဘူး၊ လေစားတယ်”ဆိုပြီးတော့ဘုန်းကြီးလာတယ်။
တကယ်တော့ စားတာ လူတွေစွန့်တဲ့ မစင်ကို စားနေတာ။
တကယ်တော့ သူဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။
“ရဟန္တာ” ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။
ဒါနဲ့ မြတ်စွာဘုရား ကြွသွားပြီးတော့သူ့ရဲ့လုပ်ရပ်တွေ ဖော်ထုတ်တယ်။
မြတ်စွာဘုရားတရား နာရတဲ့အခါ သူဟာအကျွတ်တရားရပြီး ရဟန္တာကြီးဖြစ်သွားတယ်။
ကဲ၊ ဘယ်လောက် ကြောက်စရာကောင်းတုန်း။ရဟန္တာ ဖြစ်မယ့်ဘဝတောင် မစင်စားရတဲ့ ဘဝမျိုးရောက်သွားသေးတယ်။
အဲ့ဒါ တစ်ကြိမ် တစ်ခါတုန်းက အမှားလုပ်ခဲ့လို့ပဲ။ဒါကြောင့် သံသရာခရီးသွား အမှား မလုပ်မိစေနဲ့တဲ့နော်။။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
မနာလိုစိတ္နဲ႔ မွားယြင္းတဲ့လုပ္ရပ္၏ ဆိုးက်ိဳး
ေၾကာက္စရာေကာင္းတဲ့ အမွားအယြင္းဆိုတာ..ေဒါသေၾကာင့္ ျဖစ္ေစ…ေျပာင္ေလွာင္၍ ျဖစ္ေစ …
တစ္ခုခုေၾကာင့္ စိတ္ဆိုးမာန္ဆိုး ျဖစ္တဲ့အခါေၾကာင့္ျဖစ္ေစ …
လူေတြဟာ မွားယြင္းတဲ့ အလုပ္တစ္ခုကိုလုပ္မိသြားတတ္တယ္။
ၾကည့္၊ “ဇမၺဴက” ဆိုတဲ့ ပရဗိုဇ္ တစ္ေယာက္ ရွိတယ္။
အဲ့ဒီ ဇမ္ဗူကဆိုတဲ့ ပရဗိုဇ်ကို လူတကာကၾကည္ညိဳၾကတယ္။
အဂၤတိုင္းတို့၊ မဂဓတိုင္းတို့က လူေတြကကိုးကြယ္ၾကတယ္။ အင္မတန္ ဘုန္းႀကီးတယ္။
ဘာျဖစ္လို့တုန္းဆိုေတာ့သူက အစာမစားဘူး၊ ေလကို စားတယ္။
အဝတ္မဝတ္ဘူး၊ ျပင္းထန္တဲ့အက်င့္ကိုက်င့္တယ္လို့ ယုံၾကည္ၾကတယ္။
လူေတြက သူ႔ကို တကယ့္ အက်င့္ေကာင္းတဲ့ “ရဟႏၲာ”လို့ သိၾကတယ္။
သို့ေသာ္ တကယ္ မဟုတ္ဘူး။သူစားေနတာက ဘာတုန္းဆိုရင္လူတကာစြန္႔ထားတဲ့ “မစင္” ကို စားတာေနာ္။
လူတကာ စြန္႔ထားတဲ့မစင္မွ သူက စားတာ။
ဒါလည္း သံသရာတစ္ခုတုန္းက သူက “အမွား”လုပ္ခဲ့လို့။
အဝတ္မဝတ္ဘူး၊ ဘာလို့ မဝတ္တာတုန္းဆိုတာသံသရာတုန္းက သူက အဝတ္ မဝတ္ေစတတ္တဲ့အျပစ္ကို ျဖစ္ေပၚလာေစတဲ့ ျပစ္မွုတစ္ခုကိုသူ က်ဴးလြန္ခဲ့တယ္ေပါ့။
အရင္တုန္းက သူက ေက်ာင္းတစ္ေက်ာင္းမွာေက်ာင္းထိုင္ေနတဲ့ ေက်ာင္းထိုင္ ဘုန္းႀကီးတစ္ပါးပဲ။
အာဂႏၲဳ တစ္ပါး ႂကြလာတဲ့အခါ ေက်ာင္းဒကာက အဲဒီအာဂႏၲဳ ကို ၾကည္ညိဳတယ္ေပါ့။
ဒါ ဘုန္းႀကီးေတြ သတိ ထားရမည့္ဟာေပါ့။
ၾကည္ညိဳေတာ့ ေက်ာင္းဒကာက ဘာလုပ္တုန္းဆိုရင္အာဂႏၲဳ က ဆံပင္ရွည္ေနလို့ ဆံပင္ ရိတ္ဖို့ရာအတြက္ေဆတၱာသည္ေပါ့၊
ခုေခတ္လိုဆိုရင္ဆံသက လူတစ္ေယာက္ကို လႊတ္လိုက္တယ္ေပါ့။
အဲ့ဒီ အာဂႏၲဳ က်ိန္းဖို့ ဆိုၿပီးေတာ့ကြပ္ပ်စ္ေကာင္းေကာင္း အိမ္ကေန သယ္ၿပီးေတာ့ ပို့တယ္။အာဂႏၲဳကို ဂ႐ုတစိုက္ လုပ္ေပးတယ္။
အဲ့ဒီလို အာဂႏၲဳကို ဂ႐ုတစိုက္ ျပဳစုတာကိုေက်ာင္းထိုင္ဘုန္းႀကီးက မခံနိုင္ဘူး။
သူ႔ထက္ပိုၿပီး ၾကည္ညိဳတယ္လို့ စိတ္ထဲကထင္တယ္ေပါ့။
ဘုန္းႀကီး ေတြမွာလဲ အဲဒီလို ျဖစ္တတ္တယ္။အဲလိုျဖစ္တာ “ဣႆာ” လို့ေခၚတယ္။မနာလို မရွုစိမ့္တဲ့ “ဣႆာ” ျဖစ္လာတာ။
ဣႆာ ျဖစ္လာတဲ့အခါက်ေတာ့ အဲဒီအာဂႏၲဳကို ဒီမွာမေနေအာင္ သူကလုပ္တယ္။
သူက ဘာေျပာတုန္းဆိုေတာ့ ….
1 ကိုယ္ေတာ္တဲ့၊ ဒီဒကာရဲ့ သင္တုံးဓားနဲ႔ေခါင္းရိတ္ခံမယ့္အစား ကိုယ္ေတာ့္ေခါင္းကအေမႊးကို ထန္းေစ့နဲ႔ ဆြဲညႇပ္ႏွုတ္တာကမွေကာင္းေသးတယ္”တဲ့။ဆဲေရးတာေပါ့ ဟုတ္ကဲ့လား။
2 ကိုယ္ေတာ္ ဒီဒကာေကၽြးတဲ့ဆြမ္း စားမယ့္အစား လူ႔မစင္စားတာက ေကာင္းေသးတယ္” တဲ့။ေဟာ၊ သူက ဆဲေရးတာ။ဘာျဖစ္လို့တုန္းဆိုရင္ ဒီမွာ မေနေအာင္ သူကလုပ္တာ။
3 ဒီဒကာေပးတဲ့ ကြပ္ပ်စ္ ေပၚ အိပ္မယ့္အစားကိုယ္ေတာ္ေျမႀကီးေပၚအိပ္တာ ေကာင္းေသးတယ္”ေပါ့။
4 ဒီသကၤန္းႀကီးဝတ္မယ့္အစားတုံးလုံးေနတာ ေကာင္းေသးတယ္” နဲ႔။
အဲဒီလို အာဂႏၲဳ ကိုယ္ေတာ္ကိုျပစ္မွားၿပီးေတာ့ ဆဲေရးတယ္။
ဒကာက “အရွင္ဘုရား အာဂႏၲဳ ပင့္ၿပီးေတာ့ႂကြခဲ့ပါ” လို့ မွာထားတာ။
မနက္မိုးလင္းတဲ့အခါက်ေတာ့ အာဂႏၲဳ နိုးမွာစိုးလို့ေနာ္။သက္ကယ္ရိုးေလးနဲ႔ ေခါင္းေလာင္းထိုးသတဲ့။
တစ္ကယ္က အာဂႏၲဳ ကို မႏွိုးဘဲနဲ႔တိတ္တဆိတ္ သူက ဒကာအိမ္ႂကြသြားတယ္။
ဒကာက “အရွင္ဘုရား၊ အာဂႏၲဳ မပါဘူးလား” ဆိုေတာ့ “ဒကာႀကီးရဲ့ကိုယ္ေတာ္ တစ္ခါတည္းဘယ္ေလာက္ထိေအာင္ အိပ္ေနမွန္းမသိဘူးေပါ့ေလ။
ေခါင္းေလာင္း ထိုးတာေတာင္ မနိုးဘူး” အျပစ္ေျပာတဲ့အခါ ေက်ာင္းဒကာက
“အရွင္ဘုရား၊ ခရီးပန္းလာလို့ ေနမွာပါ” ဆိုၿပီးေတာ့ သူ႔ကိုဆြမ္းကပ္တယ္။
အာဂႏၲဳ အတြက္ ဆြမ္းတစ္သပိတ္ လွူလိုက္တယ္။
“အာဂႏၲဳနိုးလို့ရွိရင္ ေကၽြးလိုက္ပါဘုရား”အဲဒီ ဆြမ္းသပိတ္ကို လမ္းမွာပဲ သြန္ပစ္ခဲ့တယ္။
ၾကည့္ေနာ္၊ မွားယြင္းတဲ့ လုပ္ရပ္ေတြ သူလုပ္ခဲ့တယ္။
တစ္သက္စာလဲ မဟုတ္ဘူး။
တစ္ခဏစာေလး အတြက္ သူဟာမနာလိုစိတ္ နဲ႔ မွားယြင္းတဲ့လုပ္ရပ္ေတြ သူလုပ္ခဲ့တယ္။
အဲဒီလိုလုပ္ၿပီး ေက်ာင္းျပန္ေရာက္တဲ့အခါအာဂႏၲဳ အိပ္တဲ့အခန္း သြားၾကည့္တယ္။
မရွိေတာ့ဘူး။အဲဒီက်ေတာ့မွ သူ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားတယ္ေပါ့။“ငါ့ရဲ့လုပ္ရပ္ေတြကို သိတဲ့ပုဂၢိဳလ္ျဖစ္မယ္”။
အဲဒီပုဂၢိဳလ္က ရဟႏၲာ ပုဂၢိဳလ္ႀကီး။
ရဟႏၲာ ပုဂၢိဳလ္ကို ျပစ္မွားမိတဲ့ အတြက္ေၾကာင့္ေသတဲ့အခါ “ငရဲ” က်တယ္။
အခု ေနာက္ဆုံးဘဝ ေရာက္တဲ့အခါ သူဟာေမြးလာတဲ့ အခ်ိန္ကတည္းကနို့တိုက္ရင္ နို့မစို့ဘူး၊ ဘာစားတုန္း ဆိုရင္ကိုယ့္ “မစင္” ကိုယ္ျပန္စားတယ္။ ၾကည့္ေနာ္၊
ကိုယ့္ မစင္ ကိုယ္ျပန္စားတယ္။ လူႀကီးေတြကေတာ့“ဪ၊ကေလးမို့ မသိတတ္လို့” ဆိုၿပီးေတာ့ေနၾကတယ္။
ဘာ ဟုတ္မလဲ၊ အရြယ္ေလး ေရာက္လာတယ္။
စကားေလး ဘာေလး ေျပာတတ္၊ လမ္းေလးဘာေလး ေလၽွာက္တတ္တဲ့ အခ်ိန္မွာလည္းထမင္းရယ္လို့ ဟုတ္တိပတ္တိ မစားဘူး။
လူအလစ္မွာ မစင္ပဲ သြားစားတယ္။
ၾကာေတာ့ အေဖ အေမေတြက သူ႔ရဲ့အက်င့္ေတြေတြ႕လာတဲ့အခါ လက္မခံေတာ့ဘူး။
အိမ္ကေနၿပီး ေတာ့ ႏွင္ထုတ္တယ္။ႏွင္ထုတ္ေတာ့ အေစလက အဝတ္မဝတ္တဲ့ဂိုဏ္းထဲေရာက္သြားတယ္။
အဲ့ဒီမွာ သူ႔ဆံပင္ကို ထန္းေစ့ေလးနဲ႔ဆြဲၿပီး ႏွုတ္ခံရတယ္။
သူေျပာခဲ့တဲ့အတိုင္း အဝတ္မဝတ္ရဘူး။ ေျမႀကီးေပၚမွာ အိပ္ရတယ္။
အဲဒီလိုေနၿပီး အေစလက အဖြဲ႕ေတြကၿမိဳ့ထဲ၊ရြာထဲ ဆြမ္းခံသြားတဲ့အခါမွာ သူ႔ကိုေခၚတာ မလိုက္ဘူး။
ေက်ာင္းမွာပဲက်န္ရစ္တယ္။ရလာတဲ့ အစားအစာေတြ သြားေကၽြးတဲ့အခါသူကလက္မခံဘူး၊ မစားဘူး ဆိုၿပီးေတာ့ေနတယ္။
“ဒီကိုယ္ေတာ္ ဘာစားေနသလဲ” ဆိုၿပီးေတာ့ဆြမ္းခံသြားတဲ့အခါ တစ္ေယာက္ကိုေခ်ာင္းၾကည့္ခိုင္းတယ္။
သူက ဘာလုပ္လဲဆိုေတာ့ သူမ်ားသြားၿပီဆိုရင္အိမ္သာဖြင့္ၿပီးေတာ့ “လူ႔မစင္” ေတြကို အားရပါးရစားတာ။
အဲဒါနဲ႔ အေစလကေတြကလည္း မစင္စားတယ္ဆိုေတာ့မေကာင္းသတင္း ထြက္မွာစိုးလို့ သူ႔ကိုေမာင္းထုတ္လိုက္ၾကတယ္။
ေမာင္းထုတ္လိုက္တဲ့အခါ လူတကာ မစင္စြန္႔တဲ့ေနရာ ေက်ာက္ဖ်ာေဘး သြားၿပီးေနတယ္။
လူေတြ မျမင္တဲ့အခါမွာ မစင္ေတြစားတယ္၊ၿပီးေတာ့ ဘာလုပ္လဲဆိုရင္ ေျခေထာက္တစ္ဖက္ေျမႇာက္၊ပါးစပ္ဟၿပီးေတာ့ ေနတယ္။
“သူဟာ ေလစားတယ္၊ အစာမစားဘူး”။လိမ္တာညာတာေနာ္။
ေနာက္ပိုင္းက်ေတာ့“ဪ၊ အစာမစားဘူး၊ ေလစားတယ္”ဆိုၿပီးေတာ့ဘုန္းႀကီးလာတယ္။
တကယ္ေတာ့ စားတာ လူေတြစြန္႔တဲ့ မစင္ကို စားေနတာ။
တကယ္ေတာ့ သူဟာ သာမန္ပုဂၢိဳလ္မဟုတ္ဘူး။
“ရဟႏၲာ” ျဖစ္နိုင္တဲ့ အေနအထားရွိတယ္။
ဒါနဲ႔ ျမတ္စြာဘုရား ႂကြသြားၿပီးေတာ့သူ႔ရဲ့လုပ္ရပ္ေတြ ေဖာ္ထုတ္တယ္။
ျမတ္စြာဘုရားတရား နာရတဲ့အခါ သူဟာအကၽြတ္တရားရၿပီး ရဟႏၲာႀကီးျဖစ္သြားတယ္။
ကဲ၊ ဘယ္ေလာက္ ေၾကာက္စရာေကာင္းတုန္း။ရဟႏၲာ ျဖစ္မယ့္ဘဝေတာင္ မစင္စားရတဲ့ ဘဝမ်ိဳးေရာက္သြားေသးတယ္။
အဲ့ဒါ တစ္ႀကိမ္ တစ္ခါတုန္းက အမွားလုပ္ခဲ့လို့ပဲ။ဒါေၾကာင့္ သံသရာခရီးသြား အမွား မလုပ္မိေစနဲ႔တဲ့ေနာ္။။
ပါေမာကၡခ်ဳပ္ဆရာေတာ္
ေဒါက္တာအရွင္နႏၵမာလာဘိဝံသ