ပူလောင်သူလား အေးချမ်းသူလား
ကိုယ့်အပေါ်မကောင်းပြောလာတာတွေကိုဆတ်ဆတ်ထိမခံပြန်ပြောလို့လည်းရတယ်။
တစ်နေ့ကျမှပြန်ပြောလိုက်ဦးမယ်ဆိုပြီးတော့ တေးထား လို့လည်းရတယ်။
ဒါမှမဟုတ် နားလည်မှုတွေနဲ့သည်းခံခွင့်လွှတ်လိုက်လို့လည်းရတယ်။
သဘာဝမကျတဲ့လူတွေကိုကြည့်ပြီး မဟုတ်လိုက်တဲ့လူတွေ ဆိုပြီးတော့ အစာမကြေဖြစ်နေလို့လည်းရတယ်။
ဒါမှမဟုတ် လောကကြီးကဒီလိုပါပဲ ဆိုပြီးတော့နားလည်မှုတွေနဲ့ကျော်လွှားသွားလို့လည်းရတယ်။
ကြိုက်တာကိုရွေးချယ်ခွင့်ရှိပါတယ်။သင့်ရဲ့ ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့သင်ဟာ ပူလောင်သူ(သို့မဟုတ်)အေးချမ်းသူဖြစ်သွားတာပါပဲ။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
ယုတ်ညံသူလား မြင့်မြတ်သူလား။
“မုန်းစရာကောင်းလိုက်တဲ့လူတွေ”ဆိုပြီးတော့ဒေါသတွေပွားနေလို့လည်းရတယ်။
“ချမ်းသာကြပါစေ”ဆိုပြီးတော့မေတ္တာတွေပွားနေလို့လည်းရတယ်။
“ဒင်းတို့ကိုတော့ ပြောပစ်လိုက်ဦးမယ်၊လုပ်ပစ်လိုက်ဦးမယ်”ဆိုပြီးတော့ဝိဟိံသာ တွေပွားနေလို့လည်းရတယ်။
“သနားစရာလူသားတွေ”ဆိုပြီးတော့ကရုဏာတွေပွားနေလို့လည်းရတယ်။
ကြိုက်တာကိုရွေးချယ်ခွင့်ရှိပါတယ်။
သင့်ရဲ့ ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့သင်ဟာ ယုတ်ညံ့သူ(သို့မဟုတ်)မြင့်မြတ်သူဖြစ်သွားတာပါပဲ။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
ပူေလာင္သူလား ေအးခ်မ္းသူလား
ကိုယ့္အေပၚမေကာင္းေျပာလာတာေတြကိုဆတ္ဆတ္ထိမခံျပန္ေျပာလို႔လည္းရတယ္။
တစ္ေန႔က်မွျပန္ေျပာလိုက္ဦးမယ္ဆိုၿပီးေတာ့ ေတးထား လို႔လည္းရတယ္။
ဒါမွမဟုတ္ နားလည္မႈေတြနဲ႔သည္းခံခြင့္လႊတ္လိုက္လို႔လည္းရတယ္။
သဘာဝမက်တဲ့လူေတြကိုၾကည့္ၿပီး မဟုတ္လိုက္တဲ့လူေတြ ဆိုၿပီးေတာ့ အစာမေၾကျဖစ္ေနလို႔လည္းရတယ္။
ဒါမွမဟုတ္ ေလာကႀကီးကဒီလိုပါပဲ ဆိုၿပီးေတာ့နားလည္မႈေတြနဲ႔ေက်ာ္လႊားသြားလို႔လည္းရတယ္။
ႀကိဳက္တာကိုေရြးခ်ယ္ခြင့္ရွိပါတယ္။သင့္ရဲ႕ ေရြးခ်ယ္မႈေပၚမွာမူတည္ၿပီးေတာ့သင္ဟာ ပူေလာင္သူ(သို႔မဟုတ္)ေအးခ်မ္းသူျဖစ္သြားတာပါပဲ။
အရွင္ဥတၱမ(သစၥာေရႊစည္)
ယုတ္ညံသူလား ျမင့္ျမတ္သူလား။
“မုန္းစရာေကာင္းလိုက္တဲ့လူေတြ”ဆိုၿပီးေတာ့ေဒါသေတြပြားေနလို႔လည္းရတယ္။
“ခ်မ္းသာၾကပါေစ”ဆိုၿပီးေတာ့ေမတၱာေတြပြားေနလို႔လည္းရတယ္။
“ဒင္းတို႔ကိုေတာ့ ေျပာပစ္လိုက္ဦးမယ္၊လုပ္ပစ္လိုက္ဦးမယ္”ဆိုၿပီးေတာ့ဝိဟႎသာ ေတြပြားေနလို႔လည္းရတယ္။
“သနားစရာလူသားေတြ”ဆိုၿပီးေတာ့က႐ုဏာေတြပြားေနလို႔လည္းရတယ္။
ႀကိဳက္တာကိုေရြးခ်ယ္ခြင့္ရွိပါတယ္။
သင့္ရဲ႕ ေရြးခ်ယ္မႈေပၚမွာမူတည္ၿပီးေတာ့သင္ဟာ ယုတ္ညံ့သူ(သို႔မဟုတ္)ျမင့္ျမတ္သူျဖစ္သြားတာပါပဲ။
အရွင္ဥတၱမ(သစၥာေရႊစည္)