“ဘာတွေကို ချစ်ကြတာလဲ ”
လောက၌ “ချစ်စရာကောင်းသည်´´ဆိုသည်မှာ ကိလေသာကင်းခြင်းကိုဆိုသည်။
တစ်ဆင့်လျှော့ ပြောရလျှင် ကိလေသာနည်းခြင်းကိုဆိုသည်။
လူတစ်ယောက်ကို ချစ်သည်ဆိုရာ၌ ရုပ်ရည်ပြေပြစ်မှုကို ချစ်သည်ဟု ထင်ရသော်လည်း ထိုအချက်မှာ အဓိကမဟုတ်ပေ။
ရိုးသားခြင်း၊ အတ္တနည်းခြင်း၊ သည်းခံခြင်း၊
အမျှော်အမြင်ရှိခြင်းစသည် အချက်များရှိလျှင်ရှိသလောက် မြတ်နိုးမိတတ်ကြသည်။
မရိုးသားဘူးဆိုပါစို့ ချစ်နိုင်ပါဦးမည်လော…
အတ္တကြီးသည်ဆိုပါစို့ ချစ်နိုင်ပါဦးမည်လော…
တစ်ယောက်နှင့်တစ်ယောက် အစကတော့ ရုပ်ရည်ကြည့်ပြီး ချစ်ကြ၊ မြတ်နိုးကြသည်။
နောက်တော့ တစ်ယောက်အကြောင်း တစ်ယောက်သိလာလို့ “အတ္တသိပ်ကြီးတာပဲ၊ ရိုးသားမှု လုံးဝမရှိဘူးပဲ၊ နည်းနည်းလေး တောင် သည်းမခံနိုင်ဘူးပဲ´´စသဖြင့် သိလာလျှင်
တဖြေးဖြေးနှင့် မုန်းတီးပြီးခွာသွားကြပြန်သည်။
ရိုးသားခြင်း၊ အတ္တနည်းခြင်း၊ သည်းခံခြင်း၊ အမျှော်အမြင်ရှိခြင်း ဆိုသည်တို့မှာ ကိလေသာ နည်းခြင်းပင်ဖြစ်သည်။
ရိုးသားရင် ရိုးသားသလောက် ချစ်စရာကောင်းသည်။
မေတ္တာကြီးရင် ကြီးသလောက် ချစ်စရာကောင်းသည်။
အသိကြီးရင် ကြီးသလောက် ချစ်စရာကောင်းသည်။
ထို့ကြောင့် လောက၌ “ချစ်စရာကောင်းသည်´´ဆိုသည်မှာ ကိလေသာနည်းခြင်းကို ဆိုသည်။
ကိလေသာ ကင်းပါမူကား ချစ်စရာအကောင်းဆုံးပင် ဖြစ်ပေတော့သည်။
သစ္စာရွှေစည်ဆရာတော် ဦးဥတ္တမ။
“ဘာေတြကို ခ်စ္ၾကတာလဲ ”
ေလာက၌ “ခ်စ္စရာေကာင္းသည္´´ဆိုသည္မွာ ကိေလသာကင္းျခင္းကိုဆိုသည္။
တစ္ဆင့္ေလွ်ာ့ ေျပာရလွ်င္ ကိေလသာနည္းျခင္းကိုဆိုသည္။
လူတစ္ေယာက္ကို ခ်စ္သည္ဆိုရာ၌ ႐ုပ္ရည္ေျပျပစ္မႈကို ခ်စ္သည္ဟု ထင္ရေသာ္လည္း ထိုအခ်က္မွာ အဓိကမဟုတ္ေပ။
႐ိုးသားျခင္း၊ အတၱနည္းျခင္း၊ သည္းခံျခင္း၊
အေမွ်ာ္အျမင္ရွိျခင္းစသည္ အခ်က္မ်ားရွိလွ်င္ရွိသေလာက္ ျမတ္ႏိုးမိတတ္ၾကသည္။
မ႐ိုးသားဘူးဆိုပါစို႔ ခ်စ္ႏိုင္ပါဦးမည္ေလာ…
အတၱႀကီးသည္ဆိုပါစို႔ ခ်စ္ႏိုင္ပါဦးမည္ေလာ…
တစ္ေယာက္ႏွင့္တစ္ေယာက္ အစကေတာ့ ႐ုပ္ရည္ၾကည့္ၿပီး ခ်စ္ၾက၊ ျမတ္ႏိုးၾကသည္။
ေနာက္ေတာ့ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိလာလို႔ “အတၱသိပ္ႀကီးတာပဲ၊ ႐ိုးသားမႈ လံုးဝမ႐ွိဘူးပဲ၊ နည္းနည္းေလး ေတာင္ သည္းမခံႏိုင္ဘူးပဲ´´စသျဖင့္ သိလာလွ်င္
တေျဖးေျဖးႏွင့္ မုန္းတီးၿပီးခြာသြားၾကျပန္သည္။
႐ိုးသားျခင္း၊ အတၱနည္းျခင္း၊ သည္းခံျခင္း၊ အေမွ်ာ္အျမင္ရွိျခင္း ဆိုသည္တို႔မွာ ကိေလသာ နည္းျခင္းပင္ျဖစ္သည္။
႐ိုးသားရင္ ႐ိုးသားသေလာက္ ခ်စ္စရာေကာင္းသည္။
ေမတၱာႀကီးရင္ ႀကီးသေလာက္ ခ်စ္စရာေကာင္းသည္။
အသိႀကီးရင္ ႀကီးသေလာက္ ခ်စ္စရာေကာင္းသည္။
ထို႔ေၾကာင့္ ေလာက၌ “ခ်စ္စရာေကာင္းသည္´´ဆိုသည္မွာ ကိေလသာနည္းျခင္းကို ဆိုသည္။
ကိေလသာ ကင္းပါမူကား ခ်စ္စရာအေကာင္းဆံုးပင္ ျဖစ္ေပေတာ့သည္။
သစၥာေရႊစည္ဆရာေတာ္ ဦးဥတၱမ။