သူတပါး မကောင်းတာကို တွေးနေရင် ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့ အချိန်တွေ ဆုံးရှုံးတယ်။

“တိတ်တိတ်လေး နေ”

သူတပါး မကောင်းတာကို တွေးနေရင် ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့ အချိန်တွေ ဆုံးရှုံးတယ်။

သူတပါး မကောင်းကြောင်းတွေ ပြောနေရင် ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့ အချိန်တွေ ဆုံးရှုံးတယ်။

သူတပါး မကောင်းမှု လုပ်တာကို ထိုင်ကြည့်နေရင် ကိုယ်ကောင်းတာလုပ်ဖို့ အချိန်တွေ ဆုံးရှုံးတယ်။

ကမ္ဘာကြီးက တဖြည်းဖြည်းပူလာတယ်

ကိုယ့်စိတ်တွေ အေးအောင်ကြိုးစားထားမှ ဘဝအချိန်ခဏလေး နေရတာ တန်ဘိုးရှိမယ်။

နေရာတိုင်းက ဆူနေတယ်

ကိုယ့်စိတ်ကိုယ် တိတ်အောင် ငြိမ်အောင် ကြိုးစားထားမှ ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့ သေရမယ်မှန်း မသိနိုင်တဲ့ ဘဝအတွက် ပြင်ဆင်ပြီးသားဖြစ်မယ်။

ကုသိုလ်လည်းမရ ပညာလည်းမရ ဥစ္စာလည်းမရ အကုသိုလ်တွေပဲ အဖတ်တင်တဲ့ အလုပ်တွေအတွက် အချိန်မဖြုန်းပါနဲ့ ။

ကုသိုလ်ကောင်းမှုက တိတ်ဆိတ်တဲ့ သဘောရှိတယ် အေးချမ်းတယ် ။

အကုသိုလ်က ဆူတယ် ပူတယ်

ဒါကြောင့် တိတ်တိတ်လေးသာနေ ဘဝက သိပ်မြန်လွန်းလို့ပါ။

ချစ်ခင်စွာဖြင့်

ဓမ္မဒူတအရှင်ဆေကိန္ဒ

“တိတ္တိတ္ေလး ေန”

သူတပါး မေကာင္းတာကို ေတြးေနရင္ ကိုယ့္အတြက္ ေကာင္းတာေတြ ေတြးဖို႔ အခ်ိန္ေတြ ဆုံးရႈံးတယ္။

သူတပါး မေကာင္းေၾကာင္းေတြ ေျပာေနရင္ ကိုယ့္အတြက္ ေကာင္းတာေတြ ေျပာဖို႔ အခ်ိန္ေတြ ဆုံးရႈံးတယ္။

သူတပါး မေကာင္းမႈ လုပ္တာကို ထိုင္ၾကည့္ေနရင္ ကိုယ္ေကာင္းတာလုပ္ဖို႔ အခ်ိန္ေတြ ဆုံးရႈံးတယ္။

ကမာၻႀကီးက တျဖည္းျဖည္းပူလာတယ္

ကိုယ့္စိတ္ေတြ ေအးေအာင္ႀကိဳးစားထားမွ ဘဝအခ်ိန္ခဏေလး ေနရတာ တန္ဘိုးရွိမယ္။

ေနရာတိုင္းက ဆူေနတယ္

ကိုယ့္စိတ္ကိုယ္ တိတ္ေအာင္ ၿငိမ္ေအာင္ ႀကိဳးစားထားမွ ဘယ္ေန႔ ဘယ္အခ်ိန္ ဘယ္ေဘးနဲ႔ ေသရမယ္မွန္း မသိႏိုင္တဲ့ ဘဝအတြက္ ျပင္ဆင္ၿပီးသားျဖစ္မယ္။

ကုသိုလ္လည္းမရ ပညာလည္းမရ ဥစၥာလည္းမရ အကုသိုလ္ေတြပဲ အဖတ္တင္တဲ့ အလုပ္ေတြအတြက္ အခ်ိန္မျဖဳန္းပါနဲ႔ ။

ကုသိုလ္ေကာင္းမႈက တိတ္ဆိတ္တဲ့ သေဘာရွိတယ္ ေအးခ်မ္းတယ္ ။

အကုသိုလ္က ဆူတယ္ ပူတယ္

ဒါေၾကာင့္ တိတ္တိတ္ေလးသာေန ဘဝက သိပ္ျမန္လြန္းလို႔ပါ။

ခ်စ္ခင္စြာျဖင့္

ဓမၼဒူတအရွင္ေဆကိႏၵ