“သီတဂူဗုဒ္ဓတက္ကသိုလ်-စစ်ကိုင်းတွင် လူပုဂ္ဂိုလ်တစ်ဦး Positive တစ်ဦးတွေ့ရှိကြောင်း သီတဂူသတင်းထုတ်ပြန်ချက်”

“သီတဂူဗုဒ္ဓတက္ကသိုလ်-စစ်ကိုင်းတွင် လူပုဂ္ဂိုလ်တစ်ဦး Positive တစ်ဦးတွေ့ရှိကြောင်းထုတ်ပြန်ချက်”

အိန္ဒိယနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သော သံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ကို သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူဝိပဿနာအကယ်ဒမီတို့တွင် community based facility quarantine ထားရှိခဲ့ပါသည်။

သီတဂူဝိပဿနာအကယ်ဒမီတွင် သံဃာတော် ၂၁၁ ပါး သီတင်းသုံးပြီး၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် သီလရှင်-၅ပါးနှင့် လူပုဂ္ဂိုလ်-၄၁ဦးတို့ကို ၂ နေရာခွဲကာ ထားရှိခဲ့သည်။

၂၆-၄-၂၀၂၀ ရက်နေ့နံနက်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်တွင် quarantine ထားရှိထားသော “လူပုဂ္ဂိုလ်တစ်ဦး”၏ ကျန်းမာရေး ဆေးစစ်ချက်အဖြေမှာ Covid-19 Virus Positive တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ကျန်းမာရေးဌာနမှထုတ်ပြန်ကြေငြာပါသည်။

ကျန်းမာရေးဌာနမှ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စအဝဝကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

community based facility quarantine campus ဖြစ်သည့် သီတဂူ ဗုဒ္ဓတက္ကသိုလ်ကို ကျန်းမာရေးဌာနက စီစဉ်ညွှန်ကြားချက်များနှင့်အညီ ဂရုတစိုက် ဆက်လက်ဆောင်ရွက်သွားပါမည်။

သဗ္ဗေ ဘဒြာနိ ပဿန္တု

အကောင်းမြင်ဝါဒ ထွန်းကားပါစေ။

သီတဂူဆရာတော်ကြီးနှင့်အတူ လက်တွဲညီညာ ဆောင်ရွက်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်း၊ အလှူရှင်အပေါင်း၊ လုပ်အားဒါန ကုသိုလ် ပါဝင်ဆောင်ရွက်ကြကုန်သော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးနှင့် စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါသည်။

“သမဂ္ဂါနံ တပေါ သုခေါ”

စည်းလုံးညီညွတ်သူတို့၏အကျင့်သည် ကြီးပွါးချမ်းသာကြောင်း။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီတဂူသာသနာပြုအဖွဲ့

Posted by သီတဂူသတင်း

သီတဂူဆရာတော်နှင့်သီတဂူသတင်းများ

“သီတဂူဗုဒၶတကၠသိုလ္-စစ္ကိုင္းတြင္ လူပုဂၢိဳလ္တစ္ဦး Positive တစ္ဦးေတြ႕ရွိေၾကာင္းထုတ္ျပန္ခ်က္”

အိႏၵိယႏိုင္ငံမွ ျပန္လည္ေခၚေဆာင္ခဲ့ေသာ သံဃာ၊ သီလရွင္ႏွင့္လူပုဂၢိဳလ္တို႔ကို သီတဂူဗုဒၶတကၠသိုလ္ႏွင့္ သီတဂူဝိပႆနာအကယ္ဒမီတို႔တြင္ community based facility quarantine ထားရွိခဲ့ပါသည္။

သီတဂူဝိပႆနာအကယ္ဒမီတြင္ သံဃာေတာ္ ၂၁၁ ပါး သီတင္းသုံးၿပီး၊ သီတဂူဗုဒၶတကၠသိုလ္တြင္ သီလရွင္-၅ပါးႏွင့္ လူပုဂၢိဳလ္-၄၁ဦးတို႔ကို ၂ ေနရာခြဲကာ ထားရွိခဲ့သည္။

၂၆-၄-၂၀၂၀ ရက္ေန႔နံနက္တြင္ သီတဂူဗုဒၶတကၠသိုလ္တြင္ quarantine ထားရွိထားေသာ “လူပုဂၢိဳလ္တစ္ဦး”၏ က်န္းမာေရး ေဆးစစ္ခ်က္အေျဖမွာ Covid-19 Virus Positive ေတြ႕ရွိခဲ့ေၾကာင္း စစ္ကိုင္းတိုင္း က်န္းမာေရးဌာနမွထုတ္ျပန္ေၾကျငာပါသည္။

က်န္းမာေရးဌာနမွ ဆက္လက္ေဆာင္႐ြက္ရန္ လိုအပ္သည့္ ကိစၥအဝဝကို စီစဥ္ေဆာင္႐ြက္လွ်က္ရွိပါသည္။

community based facility quarantine campus ျဖစ္သည့္ သီတဂူ ဗုဒၶတကၠသိုလ္ကို က်န္းမာေရးဌာနက စီစဥ္ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ဂ႐ုတစိုက္ ဆက္လက္ေဆာင္႐ြက္သြားပါမည္။

သေဗၺ ဘျဒာနိ ပႆႏၲဳ

အေကာင္းျမင္ဝါဒ ထြန္းကားပါေစ။

သီတဂူဆရာေတာ္ႀကီးႏွင့္အတူ လက္တြဲညီညာ ေဆာင္႐ြက္ၾကကုန္ေသာ ရဟန္းရွင္လူ ျပည္သူအေပါင္း၊ အလႉရွင္အေပါင္း၊ လုပ္အားဒါန ကုသိုလ္ ပါဝင္ေဆာင္႐ြက္ၾကကုန္ေသာ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ ဌာနဆိုင္ရာအသီးသီးႏွင့္ ေစတနာ့ဝန္ထမ္းမ်ား အားလုံးတို႔ကို အထူးေက်းဇူးတင္ရွိပါသည္။

“သမဂၢါနံ တေပါ သုေခါ”

စည္းလုံးညီၫြတ္သူတို႔၏အက်င့္သည္ ႀကီးပြါးခ်မ္းသာေၾကာင္း။

သီတဂူစန္းလပမာ ခ်မ္းျမသာယာ ရွိၾကပါေစ။

သီတဂူသာသနာျပဳအဖြဲ႕

Posted by သီတဂူသတင္း

သီတဂူဆရာေတာ္ႏွင့္သီတဂူသတင္းမ်ား