မိန်းမသားနဲ့အသိပညာ
မိန်းမချင်းတူရင်တောင် လှတဲ့မိန်းမသားက
အများရဲ့ဦးစားပေးတာကိုခံရမှာပါ။
ဒါပေမယ့် လှတဲ့မိန်းမသားထက်အရည်အချင်းရှိတဲ့မိန်းမသားတစ်ယောက်ကိုတော့
အများကပိုပြီးတန်ဖိုးထားကြမှာပါ။
လူဆိုတာလှတဲ့မိန်းမသားတစ်ယောက်နဲ့
အရည်အချင်းရှိတဲ့မိန်းမသားတစ်ယောက်ကို
တန်ဖိုးထားကြပုံချင်းတော့ကွာခြားပါလိမ့်မယ်။
မိန်းမဆိုတာ အလှပြင်ယုံ လှချင်ယုံ လှနေယုံလောက်နဲ့မရပါဘူး။
ကိုယ်ကိုယ်တိုင်ကအရည်အချင်းတစ်ခုဖြစ်တဲ့ “အသိပညာ”ဗဟုသုတကြွယ်ဝရပါမယ်။
မိန်းမသားတစ်ယောက်အတွတ် လှပခြင်းလက်ဆောင်ဆိုတာ
ကိုယ့်ဘဝရဲ့ကံအကျိုးပေးကြောင့်ဆိုပေမယ့်
အဲဒီအလှအပကိုမထိန်းသိမ်းတတ်ခဲ့ရင်တော့ အသက်ကိုတောင်စတေးရတတ်ပါတယ်။
အသိပညာဆိုတာကတော့ မိန်းမသားတစ်ယောက်အတွတ်
ကိုယ့်ဘဝရဲ့ကောင်းမူဆိုးမူမှန်သမျှကို
မှန်မှန်ကန်ကန်ရွေးချယ်နိုင်လို့ ကိုယ့်ဘဝကိုစောင့်ရှောက်ပေးသွားမယ့်အရာပါ။
ဒါကြောင့်အသိပညာကြွယ်ဝစေဖို့သုတ,ရသစာပေတွေကိုဖတ်ရူလေ့လာမှတ်သားသင့်ပါတယ်။
သုတစာပေဆိုတာမိန်းမသားတစ်ယောက်ရဲ့ဦးနှောက်အတွတ်
အမှားနဲ့အမှန်ကိုရွေးချယ်ပေးနိုင်သလို
ရသစာပေဆိုတာကတော့မိန်းမသားတစ်ယောက်ရဲ့နှလုံးသားတစ်စုံကို
တစိမ့်စိမ့်စီးဝင်ပြီးနူးညံ့သိမ်မွေ့စေပါတယ်။
ယောင်္ကျားကောင်းတွေဆိုတာ သူတို့ဘဝရဲ့အဖော်မွန်ကို
တစ်ကယ်အရည်အချင်းရှိတဲ့မိန်းမသားကိုသာရွေးချယ်တတ်ကြတာပါ။
မိန်းမသားတစ်ယောက်အတွတ် လှပခြင်းဆိုတာနောင်တစ်ချိန်မှာ
အိုမင်းလို့ယိုယွင်းသွားနိုင်ပေမယ့်
အသိပညာရှိထားတဲ့မိန်းမသားတစ်ယောက်ကတော့
အရည်အချင်းရှိရှိနဲ့ကိုယ့်ကိုယ်ကို စောင့်ရှောက်ပေးသွားနိုင်လို့
တစ်သက်တာလုံးအေးချမ်းသာယာမူနဲ့ချမ်းမြေ့နေပါလိမ့်မယ်။
Nan Khin May Win
မိန်းမသားနဲ့အသိပညာ
Nan Khin May Win