အကဲမစမ်းနဲ့ ပွဲကြမ်းသွားမယ်
မိန်းမတစ်ယောက်ကခေါင်းကလေးငုံ့ပါးစပ်ကလေးစေ့ထားတိုင်း
မာနနဲ့ကိုယ်ရည်ကိုယ်သွေးညံ့တဲ့ခပ်ညံ့ညံ့,ခပ်တုံးတုံးမိန်းမလို့တော့မထင်လိုက်နဲ့။
တစ်ယောက်တည်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လို့
ရည်ရွယ်ရာပန်းတိုင်ကိုလျောက်လှမ်းနေတဲ့မိန်းမတစ်ယောက်ကို
အထင်သေးစော်ကားချင်သူတွေရှိတယ်။
လှောင်ပြောင်ရူံ့ချချင်သူတွေရှိတယ်။ကဲ့ရဲ့ချိုးနှိမ်ချင်သူတွေရှိတယ်။နင်းဖိခြေမွချင်သူတွေရှိတယ်။
ဘယ်သူ့အကူအညီမှမယူ,ဘယ်သူ့အမှီအခိုမှမပါပဲ,
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတယ်ဆိုမှတော့
မာနနဲ့ထက်မြတ်မူအစွယ်တွေကသာမာန်ထက်ချွန်မြလို့ပေါ့…
တစ်ခါတလေအမောက်ကလေးထောင်,အစွယ်ကလေးထုတ်ပြလိုက်မှ
တစ်ပွဲတစ်လမ်းအကဲစမ်းကြည့်ချင်သူတွေရှဲသွားကြတော့တယ်။
မှတ်ထားနော်!အဲဒီမိန်းမမျိုးတွေကအစွယ်တစ်ချောင်းချိုးလို့ကတော့
နောက်ထက်အစွယ်ပွားတွေပြန်ထွက်လာတတ်တယ်။ သတိထား….
Nan Khin May Win
အကဲမစမ္းနဲ႔ ပြဲၾကမ္းသြားမယ္
မိန္းမတစ္ေယာက္ကေခါင္းကေလးငံု႔ပါးစပ္ကေလးေစ့ထားတိုင္း
မာနနဲ႔ကိုယ္ရည္ကိုယ္ေသြးညံ့တဲ့ခပ္ညံ့ညံ့,ခပ္တံုးတံုးမိန္းမလို႔ေတာ့မထင္လိုက္နဲ႔။
တစ္ေယာက္တည္းကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္လို႔
ရည္ရြယ္ရာပန္းတိုင္ကိုေလ်ာက္လွမ္းေနတဲ့မိန္းမတစ္ေယာက္ကို
အထင္ေသးေစာ္ကားခ်င္သူေတြ႐ွိတယ္။
ေလွာင္ေျပာင္ရံူ႔ခ်ခ်င္သူေတြ႐ွိတယ္။ကဲ့ရဲ႕ခ်ိဳးႏွိမ္ခ်င္သူေတြ႐ွိတယ္။နင္းဖိေျခမြခ်င္သူေတြ႐ွိတယ္။
ဘယ္သူ႔အကူအညီမွမယူ,ဘယ္သူ႔အမွီအခိုမွမပါပဲ,
ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ေနတယ္ဆိုမွေတာ့
မာနနဲ႔ထက္ျမတ္မူအစြယ္ေတြကသာမာန္ထက္ခြၽန္ျမလို႔ေပါ့…
တစ္ခါတေလအေမာက္ကေလးေထာင္,အစြယ္ကေလးထုတ္ျပလိုက္မွ
တစ္ပြဲတစ္လမ္းအကဲစမ္းၾကည့္ခ်င္သူေတြ႐ွဲသြားၾကေတာ့တယ္။
မွတ္ထားေနာ္!အဲဒီမိန္းမမ်ိဳးေတြကအစြယ္တစ္ေခ်ာင္းခ်ိဳးလို႔ကေတာ့
ေနာက္ထက္အစြယ္ပြားေတြျပန္ထြက္လာတတ္တယ္။ သတိထား….
Nan Khin May Win