ဂုဏ်သတင်းမွှေးတဲ့မိန်းကလေး
ညီမလေးရေ မိန်းကလေးဆိုတာ
နူးညံ့ပျော့ပြောင်းပြီးအပြစ်ကင်းစင်တဲ့
ပန်းကလေးတစ်ပွင့်လိုယဉ်ကျေးသိမ်မွေ့ရမယ်။
အိန္ဒြေသိက္ခာရှိရမယ်။စိတ်သဘောထားဖြုစင်သန့်ရှင်းရမယ်။
ကိုယ်ကျင့်တရားကောင်းမွန်ရပါမယ်။
နေရာတစ်ကာယောကျ်ားတွေနဲ့ရင်ဘောင်တန်းနေချင်လို့တော့မရပါဘူး။
မိန်းကလေးဆိုတာအရာရာမှာကိုယ့်ကိုယ်ကိုထိန်းချုပ်ကန့်သတ်မူတွေရှိနိုင်ရပါမယ်။
ညီမလေးရေ ပန်းကလေးတွေဟာအဆင်းနဲ့ရနံ့အမျိုးမျိးရှိကြသလို
မိန်းကလေးတွေကလည်းအသွင်အမျိုးမျိုးနဲ့ အကျင့်စရိုက်အမျိုးမျိုးရှိကြပါတယ်။
မိန်းကလေးတွေရဲ့အဆင်းဟာပန်းကလေးတွေရဲ့
အလှဖြစ်ပြီးမိန်းကလေးတွေရဲ့အချင်းကတော့
ပန်းကလေးတွေရဲ့ရနံ့နဲ့ဆင်တူပါတယ်။
ညီမလေးရေ ပန်းကလေးတစ်ပွင့်ဟာအဆင်းသဏ္ဌာန်မလှပပေမယ့်
အများတစ်ကာကိုဆွဲဆောင်ထားနိုင်တဲ့ရနံ့တွေရှိသလို
ကိုယ်ကပြင်ပပုံသဏ္ဌာန်ရုပ်ဆိုးအကျည်းတန်နေလို့
သိမ်ငယ်မူနဲ့အားငယ်ဝမ်းနည်းနေစရာမလိုပါဘူး။
ကိုယ့်ရဲ့ရိုးသားဖြူစင်တဲ့စိတ်နှလုံးနဲ့အရည်အသွေးထက်မြတ်မူတွေက
သဘာဝကျကျဆွဲဆောင်ထားနီုင်တဲ့အရည်အချင်းတွေပဲမဟုတ်လား?
ဒါကြောင့်ညီမလေးရေ ကောင်းမွန်တဲ့စာရိတ္တ,
ပြည့်စုံတဲ့အသိပညာအတတ်ပညာ
မြင့်မြတ်တဲ့စိတ်သဘောထား,နဲ့ ရိုးသားဖြူစင်တဲ့နှလုံးသားတစ်စုံကို
ပိုင်ဆိုင်ထားနိုင်မယ်ဆိုရင်ရုပ်ရည်အဆင်း
မလှပသည့်တိုင်ကောင်းတဲ့ဂုဏ်သတင်းမွှေးပြန့်တဲ့
မိန်းကလေးတစ်ယောက်အဖြစ်အများတစ်ကာ
အလယ်မှာဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေနိုင်မှာဖြစ်တယ်။
Nan Khin May Win
နေရာတစ်ကာယောက်ျားတွေနဲ့ရင်ဘောင်တန်းနေချင်လို့တော့မရပါဘူး။
Nan Khin May Win