ငိုနေလို့မှမပြီးတာ
‘ လူတစ်ယောက်ဟာလက်ကိုဓားထိမိတဲ့အခါ
ဓားထိမိတဲ့နေရာကိုဘာဆေးမှမထည့်ထိုင်ငိုနေခဲ့တယ်………။
‘ ဒီလိုငိုနေတဲ့အခါ……သူ့ရဲ့သူငယ်ချင်း တစ်ယောက်ဟာ
သူ့ဘေးနားမှာလာထိုင်ပြီးငိုပြန်ပါတယ်………။
‘ ဒီတော့……လက်ကိုဓားထိလိုငိုနေတဲ့သူက
လာထိုင်ငိုနေတဲ့သူငယ်ချင်းကိုမေးလိုက်တယ်
ပထမလူ။ ။
မင်းကဘာဖြစ်လို့ငါ့ဘေးနားမှာလာငိုနေရတာလဲ………။
ဒီတော့ လာထိုင်ငိုနေတဲ့သူငယ်ချင်းကပြန်မေးပါတယ်……။
ဒုတိယလူ။ ။
မင်းကရော့ဘာလို့ငိုနေရတာလဲ ?
ပထမလူ။ ။
ငါငိုနေတာ ငါ့လက်ဓားထိသွားတော့ငါအရမ်းခံစားနာကျင်ရလို့ငိုနေတာပါကွာ
ဒုတိယလူ။ ။
ငါလည်း မင်းလက်ဓားထိလို့ဘာဆေးမှမထည့်ပဲ ငိုနေတာမြင်တော့……
ငါလည်းပဲ လက်ကိုဓားထိလာလို့ဘာဆေးမှမထည့်ပဲ မင်းလိုငိုနေရင်
ဝေဒနာသက်သာမလားဒဏ်ရာသက်သာမလားလို့လာငိုနေတာပါကွာ…………။
ပြောလိုတာကပြဿနာဖြစ်တိုင်းဝမ်းနည်းကြေကွဲနေလို့ပြဿနာရပ်သွားတာမှမဟုတ်တာလေ။
မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)
ငိုေနလို႔မွမၿပီးတာ
‘ လူတစ္ေယာက္ဟာလက္ကိုဓားထိမိတဲ့အခါ
ဓားထိမိတဲ့ေနရာကိုဘာေဆးမွမထည့္ထိုင္ငိုေနခဲ့တယ္………။
‘ ဒီလိုငိုေနတဲ့အခါ……သူ႔ရဲ႕သူငယ္ခ်င္း တစ္ေယာက္ဟာ
သူ႔ေဘးနားမွာလာထိုင္ၿပီးငိုျပန္ပါတယ္………။
‘ ဒီေတာ့……လက္ကိုဓားထိလိုငိုေနတဲ့သူက
လာထိုင္ငိုေနတဲ့သူငယ္ခ်င္းကိုေမးလိုက္တယ္
ပထမလူ။ ။
မင္းကဘာျဖစ္လို႔ငါ့ေဘးနားမွာလာငိုေနရတာလဲ………။
ဒီေတာ့ လာထိုင္ငိုေနတဲ့သူငယ္ခ်င္းကျပန္ေမးပါတယ္……။
ဒုတိယလူ။ ။
မင္းကေရာ့ဘာလို႔ငိုေနရတာလဲ ?
ပထမလူ။ ။
ငါငိုေနတာ ငါ့လက္ဓားထိသြားေတာ့ငါအရမ္းခံစားနာက်င္ရလို႔ငိုေနတာပါကြာ
ဒုတိယလူ။ ။
ငါလည္း မင္းလက္ဓားထိလို႔ဘာေဆးမွမထည့္ပဲ ငိုေနတာျမင္ေတာ့……
ငါလည္းပဲ လက္ကိုဓားထိလာလို႔ဘာေဆးမွမထည့္ပဲ မင္းလိုငိုေနရင္
ေဝဒနာသက္သာမလားဒဏ္ရာသက္သာမလားလို႔လာငိုေနတာပါကြာ…………။
ေျပာလိုတာကျပႆနာျဖစ္တိုင္းဝမ္းနည္းေၾကကြဲေနလို႔ျပႆနာရပ္သြားတာမွမဟုတ္တာေလ။
ေမတၱာျဖင့္
အရွင္ဇနက(မႏၲေလးစာသင္သား)