ပြောချင်သူတွေ ပြောကြပါစေ
ပြောချင်သူတွေ ပြောကြပါစေ
ကဲ့ရဲ့တာကို ထည့်တွက်ပါရင်ငဲ့ကွက်စရာတွေနဲ့ မဲ့ဘက်ပါလိမ့်မယ်။
အပြစ်ပြောချင်သူကတော့အလုပ်လုပ်ရင်လည်း ပြောမှာပဲ
မလုပ်ရင်လည်း ပြောမှာပဲ
အကောင်းလုပ်လည်း ပြောမှာပဲမကောင်းလုပ်လည်း ပြောမှာပဲ
ငြိမ်ငြိမ်နေလည်း ပြောမှာပဲ ငြိမ်ငြိမ်မနေလည်း ပြောမှာပဲ
ဒါဟာ သူတို့အတွက်တော့ ရောဂါပါပဲ။
ပြောချင်သူတွေ ပြောကြပါစေ
အပြောခံရတာချင်း အတူတူတော့မလုပ်ဘဲ အပြောခံရမယ့်အစား
လုပ်ပြီးအပြောခံလိုက်ပါ။
မဟုတ်ဘဲ အပြောခံရမယ့်အစားဟုတ်ပြီးအပြောခံလိုက်ပါ။
မကောင်းဘဲ အပြောခံရမယ့်အစားအကောင်းတွဲပြီး အပြောခံလိုက်ပါ။
အပြောတွေကြားမှာ သဘောတွေမမှားဖို့ အမောပြေတရားနဲ့ပဲ ဖြေကြပါစို့။ ။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
မေတ္တာဖြင့်