Case 132 နဲ့ Contact ရှိခဲ့သော သူနာပြုဆရာမ၏ ရင်ဖွင့်ချက်ကို Thinzar Kyaw facebook account မှ ခုလိုတင်ပြထားသည်ကို သမီးလေးမှ သက်ဆိုင်ရာများသိစေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ် . . .
ကျွန်မသူနာပြုဆရာမတစ်ယောက်ပါကျွန်မ case 132ဖြင့်3.4.20မှာ OT တွင်contact ရှိခဲ့ပါသည်
သို့ဖြစ်၍ 21.4..20တွင်အဆိုပါလူနာသည်positive ထွက်ခဲ့၍ကျွန်မတို့close contact ဖြစ်ခဲ့သောကျန်းမာရေးဝန်ထမ်းများswabယူ၍စစ်ဆေးခဲ့ရပါသည်
ထို့နောက်ကျွန်မhome quaratine 7ရက်နေရန်ပြောပါသည်
သို့ဖြစ်၍ကျွန်မအိမ်တွင်ကျွန်မနေစဉ် ရွာနှင့်သက်ဆိုင်သောအကြီးအကဲမျာူကျွန်မအိမ်သို့data ကောက်ရန် လာရောက်ခဲ့ပါသည်။
နောက်တရက်တွင်ကျွန်မအဖြေnegative ဖြစ်သည်
ကိုကျွန်မရွာနှင့်သက်ဆိုင်သောအကြီးအကဲများကိုအကြောင်းကြားခဲ့ပါသည်သို့သော်ရွာသူရွာသားများထဲမှတစ်ဦးသဘ်အိမ်သို့ရောက်လာကာစော်ကားပါသည်
ကျွန်မမိဘများကိုလဲစော်ကားပါသည် ကျွန်မသည်ကိုယ့်အိမ်တွင်quaratine နေသည်က်ုအိမ်ထိလာရောက်စော်ကားပါသည်
အိမ်ကိုpositiveအိမ်ဟုဆိုကာထုံးများဖြင့်ဝိုင်းပတ်ပီးအိမ်မိသားစုကိုပိုးတွေ့လူနာတွေငါတို့ရွာရှေ့မထွက်နှင့်ဟုပြောပါသည်
ကျန်းမာရေးဝန်ထမ်းတယောက်ဖြစ်သည့်အတွက်လူနာပေါင်းစုံကိုင်ရသည်မာမလွဲဧကန်ပါ
home quaratine ဝင်နေသောnurseတယောက်.လူနာကိုကိုင်မိ၍လူနာအတွက်လုက်ပေးမိ၍Qထိမိသောဝန်ထမ်း များအတွက်ဘာများဆောင်ရွက်ပေးကြမလဲ ။
စော်ကားတိုင်းခံနေရမည်လား။ကိုယ်ထိလက်ရောက်စော်ကားခြင်းများ။အိမ်ထိလာစော်ကားခြင်းများအားကျွန်မတို့ဘက်မှဘာများဆောင်ရွက်ပေးကြမည်နည်း။
ကျွန်မတို့ကိုခုလိုပဲကြိုဆိုပေးကြတာ ကျေးဇူးပါကျွန်မတို့ပေးဆပ်ရတာတန်ရဲ့လား
Thinzar Kyaw
Thinzar Kyaw