ရှေးလူကြီးတွေပြောပြောနေတဲ့ စာတစ်လုံးဘုရားတစ်ဆူ ဆိုတာ

ရှေးလူကြီးတွေကတော့ စာတစ်လုံးဘုရားတစ်ဆူလို့ ပြောခဲ့ကြတာ…

အရင်ကတော့ ကိုယ်လည်းနားမလည်ခဲ့ဘူး။

ဒီ Post လေးတွေ့လိုက်တော့မှ…အော်…ဒါကိုပြောတာလားဆိုပီးနားလည်လာတော့တယ်…

ထပ်ဆင့် မျှဝေကုသိုလ်ပြုလိုက်ပါတယ်…

” အက္ခရာဘုရားရှိခိုး “

က – ကကြီးဟူသည်ကား ကိလေသာ မာန်ကိုအောင်မြင်တော်မူသော မြတ်စွာဘုရား

ခ – ခခွေးဟူသည်ကား ခန္ဓမာန်ကို အောင် မြင်တော်မူသော မြတ်စွာဘုရား

ဂ – ဂငယ်ဟူသည်ကား ဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား

ဃ – ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော မြတ်စွာဘုရား

င – ငဟူသည်ကား မာန်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား

စ – စလုံးဟူသည်ကား စကြဝဠာ တစ်သိုက် တုဖက်ပြိုင်ဖက်ရှိတော်မမူသော မြတ်စွာဘုရား

ဆ – ဆလိမ်ဟူသည်ကား ဆယ်ပါးသော ဒုစရိုက်ကို ပယ်ဖျက်ခုတ်ထွင်းအောင်မြင်တော်မူသော မြတ်စွာဘုရား

ဇ – ဇကွဲဟူသည်ကား ဇာတိဿ ရဉာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ဈ – ဇမျဉ်ဇွဲဟူသည်ကား ဈာန်သမာပတ်အပေါင်းပြည့်စုံတော်မူသော မြတ်စွာဘုရား

ည – ညဟူသည်က ဉေယျ ဓံတရား ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

ဋ – တတလင်းချိတ်ဟူသည်ကား ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို ဆရာမရှိ ကိုယ်ကိုတိုင်သိတော်မူသော မြတ်စွာဘုရား

ဋ္ဌ – ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသောမြတ်စွာဘုရား

ဍ – ဒရင် ကောက်ဟူသည်ကားကောဒည ပုဏ္ဏားသည် လက်ညိုးတစ်ချောင်းထောင်ပြ၍ ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟုပြောဆိုခံရသော မြတ်စွာဘုရား

ဎ – ဓရင်မှုတ် ဟူသည်ကား ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသော မြတ်စွာဘုရား

ဏ – ဏကြီးဟူသည်ကား တဏှာတည်းဟူသော အမိုက်မှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား

တ – တဝမ်းပူဟူသည်ကား တစ်ထောင်မကမကသော ဒိဋ္ဌိတို့ကိုဆုံးမတော်မူသော မြတ်စွာဘုရား

ထ – ထဆင်ထူး ဟူသည်ကား ထူးမြတ်သော တရားအပေါင်း၌ပြည့်စုံတော်မူသော မြတ်စွာဘုရား

ဒ – ဒဒွေးဟူသည်ကား ဒိပ္ပစက္ခု ရွှေဉာဏ်တော်ကို ရတော်မူသောမြတ်စွာဘုရား

ဓ – ဓအောက်ချိုက်ဟူသည်ကား ဓမ္မစကြာ တရားအပေါင်း၌ပြည့်စုံတော်မူသော မြတ်စွာဘုရား

န – နငယ်ဟူသသည်ကား နိဗ္ဗာန် ခေမာ ပြည့်အောင်ဉာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော မြတ်စွာဘုရား

ပ – ပဆောက်ဟူသည်ကား ပုဗ္ဗေနိဝါသ နုဿ တိဉာဏ်ကိုအောင်မြင်တော်မူသော မြတ်စွာဘုရား

ဖ – ဖဥထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာကိုအောင်မြင်တော်မူသော မြတ်စွာဘုရား

ဗ – ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား

ဘ – ဘကုန်းဟူသည်ကားဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား

မ – မဟူသည်ကား မစ္စု မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ယ – ယပလက်ဟူသည်ကား ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ရ – ရကောက်ဟူသည်ကားရတနာခြောက်သွယ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား

လ – လဟူသည်ကား လူသုံးပါးတို့တွင်တုဖက် ပြိုင်ဖက်ကင်းတော်မူသော မြတ်စွာဘုရား

ဝ – ဝဟူသည်ကား ဝသုန္ဒြဒေ မြေစောင့်နတ်သားသည် သက်သေပြု၍မာနတ်မင်းအား ခုခံ အောင်မြင်တော်မူသောမြတ်စွာဘုရား

သ – သဟူသည်ကား သစ္စာလေးပါး တရားအပေါင်းနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား

ဟ – ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ ပါဋ္ဌိတော်လာသည်နှင့် အနိယတ ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား

ဠ – လကြီး ဟူသည်ကား ဝေဠုဝန်ကျောင်းတော်၌ လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းတော်မူသော မြတ်စွာဘုရား

အ – အဟူသည်ကား နေ အရုဏ်မတက်မှီ အာသဝေါကင်း၍အာသဝက္ခယဉာဏ်ကို ရတော်မူသော မြတ်စွာဘုရား

ထို့ကြောင့် စာတစ်လုံးဘုရားတစ်ဆူဟုရှေးလူကြီးသူမတို့ဆိုရိုးရှိခဲ့ပေသည်။

ေရွးလူႀကီးေတြကေတာ့ စာတစ္လုံးဘုရားတစ္ဆူလို့ ေျပာခဲ့ၾကတာ…

အရင္ကေတာ့ ကိုယ္လည္းနားမလည္ခဲ့ဘူး။

ဒီ Post ေလးေတြ႕လိုက္ေတာ့မွ…ေအာ္…ဒါကိုေျပာတာလားဆိုပီးနားလည္လာေတာ့တယ္…

ထပ္ဆင့္ မၽွေဝကုသိုလ္ျပဳလိုက္ပါတယ္…

” အကၡရာဘုရားရွိခိုး ”

က – ကႀကီးဟူသည္ကား ကိေလသာ မာန္ကိုေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

ခ – ခေခြးဟူသည္ကား ခႏၶမာန္ကို ေအာင္ ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

ဂ – ဂငယ္ဟူသည္ကား ဂုဏ္ေတာ္ကိုးပါးႏွင့္ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား

ဃ – ဃႀကီးဟူသည္ကား ဃဋိက ျဗဟၼာမင္း ဆက္သေတာ္မူေသာ ေရႊၾကာသဃၤန္း ဆင္ျမန္းေတာ္မူေသာ ျမတ္စြာဘုရား

င – ငဟူသည္ကား မာန္ငါးပါးကို ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

စ – စလုံးဟူသည္ကား စၾက၀ဠာ တစ္သိုက္ တုဖက္ၿပိဳင္ဖက္ရွိေတာ္မမူေသာ ျမတ္စြာဘုရား

ဆ – ဆလိမ္ဟူသည္ကား ဆယ္ပါးေသာ ဒုစရိုက္ကို ပယ္ဖ်က္ခုတ္ထြင္းေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

ဇ – ဇကြဲဟူသည္ကား ဇာတိႆ ရဥာဏ္ကို ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

ဈ – ဇမ်ဥ္ဇြဲဟူသည္ကား စ်ာန္သမာပတ္အေပါင္းျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား

ည – ညဟူသည္က ေဉယ် ဓံတရား ငါးပါးႏွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား

ဋ – တတလင္းခ်ိတ္ဟူသည္ကား ဒီဃလင္တက်မ္းေအာက္အစြယ္စြယ္တို့ကို ဆရာမရွိ ကိုယ္ကိုတိုင္သိေတာ္မူေသာ ျမတ္စြာဘုရား

႒ – ႒ဝန္ဘဲဟူသည္ကား ပ႒ာန္းက်မ္းကို ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား

ဍ – ဒရင္ ေကာက္ဟူသည္ကားေကာဒည ပုဏၰားသည္ လက္ညိဳးတစ္ေခ်ာင္းေထာင္ျပ၍ ဘုရားဧကန္ျဖစ္ပါလိမ့္မည္ဟုေျပာဆိုခံရေသာ ျမတ္စြာဘုရား

ဎ – ဓရင္မွုတ္ ဟူသည္ကား ဒီပကၤရာ ျမတ္စြာဘုရားေရွ႕ေတာ္၌ အနိယတ ဗ်ာဒိတ္ပန္းကိုဆင္ျမန္းေတာ္မူေသာ ျမတ္စြာဘုရား

ဏ – ဏႀကီးဟူသည္ကား တဏွာတည္းဟူေသာ အမိုက္ေမွာင္တို့ကို ပယ္ဖ်က္ခုတ္ထြင္း ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

တ – တဝမ္းပူဟူသည္ကား တစ္ေထာင္မကမကေသာ ဒိ႒ိတို့ကိုဆုံးမေတာ္မူေသာ ျမတ္စြာဘုရား

ထ – ထဆင္ထူး ဟူသည္ကား ထူးျမတ္ေသာ တရားအေပါင္း၌ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား

ဒ – ဒေဒြးဟူသည္ကား ဒိပၸစကၡဳ ေရႊဥာဏ္ေတာ္ကို ရေတာ္မူေသာျမတ္စြာဘုရား

ဓ – ဓေအာက္ခ်ိဳက္ဟူသည္ကား ဓမၼစၾကာ တရားအေပါင္း၌ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား

န – နငယ္ဟူသသည္ကား နိဗၺာန္ ေခမာ ျပည့္ေအာင္ဥာဏ္မ်ိဳးတို့ကို ပို့ေဆာင္ေတာ္မူေသာ ျမတ္စြာဘုရား

ပ – ပေဆာက္ဟူသည္ကား ပုေဗၺနိဝါသ ႏုႆ တိဥာဏ္ကိုေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

ဖ – ဖဥထုပ္ဟူသည္ကား ဖိုလ္ ၊ မဂ္ ခ်မ္းသာကိုေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

ဗ – ဗလခ်ိဳက္ဟူသည္ကား ေဗာဓိပင္ကို ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား

ဘ – ဘကုန္းဟူသည္ကားဘုန္းေတာ္ေျခာက္ပါးႏွင့္ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား

မ – မဟူသည္ကား မစၥဳ မာန္ကို ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

ယ – ယပလက္ဟူသည္ကား ယမက ဗ်ာဒိယာ၌ ရတနာေရႊပလႅင္ကို ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား

ရ – ရေကာက္ဟူသည္ကားရတနာေျခာက္သြယ္ႏွင့္ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား

လ – လဟူသည္ကား လူသုံးပါးတို့တြင္တုဖက္ ၿပိဳင္ဖက္ကင္းေတာ္မူေသာ ျမတ္စြာဘုရား

ဝ – ဝဟူသည္ကား ဝသုျႏၵေဒ ေျမေစာင့္နတ္သားသည္ သက္ေသျပဳ၍မာနတ္မင္းအား ခုခံ ေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား

သ – သဟူသည္ကား သစၥာေလးပါး တရားအေပါင္းႏွင့္ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား

ဟ – ဟဟူသည္ကား ဟႏၵ ဒါနိ ဘိကၡေဝ ပါ႒ိေတာ္လာသည္ႏွင့္ အနိယတ ဗ်ာဒိတ္ပန္း ဆင္ျမန္းေတာ္မူသည့္ ျမတ္စြာဘုရား

ဠ – လႀကီး ဟူသည္ကား ေဝဠဳဝန္ေက်ာင္းေတာ္၌ လျပည့္ဝန္းကဲ့သို့ ျပည့္ထြန္းေတာ္မူေသာ ျမတ္စြာဘုရား

အ – အဟူသည္ကား ေန အ႐ုဏ္မတက္မွီ အာသေဝါကင္း၍အာသဝကၡယဥာဏ္ကို ရေတာ္မူေသာ ျမတ္စြာဘုရား

ထို့ေၾကာင့္ စာတစ္လုံးဘုရားတစ္ဆူဟုေရွးလူႀကီးသူမတို့ဆိုရိုးရွိခဲ့ေပသည္။