မရွတ်ဆိုဘဲကပ်လှူခြင်း
အရှင်ဘုရား
မိမိနေအိမ်ဘုရားတွင် ဆွမ်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ရာ၌ ဘာမျှ ရွတ်ဆိုခြင်း မပြုဘဲ တင်ထားပူဇော်ခြင်းမှာ ကုသိုလ်ဖြစ်၊ မဖြစ် သိလိုပါသည် အရှင်ဘုရား။ ။
ဦးစောမောင်၊ မကွေးမြို့ ။
ဘုရား၌ ဆွမ်းစသည် ကပ်လှူပူဇော်ရာ၌ ဆွမ်းကပ် ပူဇော်စရာ စသည်များကို မရရှိ၍ မရွတ်ဆိုနိုင်သည့်တိုင်အောင်
“ဤဆွမ်းစသော လှူဖွယ်ဝတ္ထု အစုစုကို ရွှေဘုန်းတော်သခင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား လှူဒါန်း ပူဇော်ပါ၏ဘုရား။
ဤကောင်းမှုကြောင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ ဘုရား” ဟူ၍ ဖြစ်စေ၊
ဤ အဓိပ္ပါယ်မျိုး ပါဝင်သော အနက် အဓိပ္ပါယ် တမျိုးမျိုးကိုဖြစ်စေ စိတ်ထဲ၊ နှလုံးထဲမှ ရွတ်ဆိုစဉ်းစား၍တင်လှူ ပူဇော် သင့်ပါသည်။
မည်သို့မျှ ဆိုလည်းမဆို အာရုံလည်း မပြုဘဲ တင်လှူပူဇော်ထားခြင်းထက် မိမိတတ်သလို လှူဒါန်းမှုသဘောပေါ်အောင် ပြုမူခြင်းသာ သင့်လျော်ပါကြောင်း ဖြေကြားလိုပါသည်။
ရဝေထွန်း (ဆရာတော်ဦးတိလောကသာရ)
ဘာသာရေးပြဿနာများ(၃/၁၅၃ – ၁၅၄)
မရြတ္ဆိုဘဲကပ္လွဴျခင္း
အ႐ွင္ဘုရား
မိမိေနအိမ္ဘုရားတြင္ ဆြမ္း၊ ေရခ်မ္း၊ ဆီမီး ကပ္လွဴပူေဇာ္ရာ၌ ဘာမွ် ရြတ္ဆိုျခင္း မျပဳဘဲ တင္ထားပူေဇာ္ျခင္းမွာ ကုသိုလ္ျဖစ္၊ မျဖစ္ သိလိုပါသည္ အ႐ွင္ဘုရား။ ။
ဦးေစာေမာင္၊ မေကြးၿမိဳ႕ ။
ဘုရား၌ ဆြမ္းစသည္ ကပ္လွဴပူေဇာ္ရာ၌ ဆြမ္းကပ္ ပူေဇာ္စရာ စသည္မ်ားကို မရ႐ွိ၍ မရြတ္ဆိုႏိုင္သည့္တိုင္ေအာင္
“ဤဆြမ္းစေသာ လွဴဖြယ္၀တၳဳ အစုစုကို ေရႊဘုန္းေတာ္သခင္ ဘုရား႐ွင္ ကိုယ္ေတာ္ျမတ္ႀကီးအား လွဴဒါန္း ပူေဇာ္ပါ၏ဘုရား။
ဤေကာင္းမႈေၾကာင့္ ဒုကၡခပ္သိမ္း ကင္းၿငိမ္းရာျဖစ္ေသာ မဂ္ဖိုလ္နိဗၺာန္ကို မ်က္ေမွာက္ျပဳရပါလို၏ ဘုရား” ဟူ၍ ျဖစ္ေစ၊
ဤ အဓိပၸါယ္မ်ိဳး ပါ၀င္ေသာ အနက္ အဓိပၸါယ္ တမ်ိဳးမ်ိဳးကိုျဖစ္ေစ စိတ္ထဲ၊ ႏွလံုးထဲမွ ရြတ္ဆိုစဥ္းစား၍တင္လွဴ ပူေဇာ္ သင့္ပါသည္။
မည္သို႔မွ် ဆိုလည္းမဆို အာရံုလည္း မျပဳဘဲ တင္လွဴပူေဇာ္ထားျခင္းထက္ မိမိတတ္သလို လွဴဒါန္းမႈသေဘာေပၚေအာင္ ျပဳမူျခင္းသာ သင့္ေလ်ာ္ပါေၾကာင္း ေျဖၾကားလိုပါသည္။
ရေ၀ထြန္း (ဆရာေတာ္ဦးတိေလာကသာရ)
ဘာသာေရးျပႆနာမ်ား(၃/၁၅၃ – ၁၅၄)