ဘယ်လောက်ဝေးဝေးရေစက်ရှိတဲ့သူတွေကကိုယ့်အနား အလိုလို ရောက်လာမှာပဲ….
ဘယ်လောက်နီးနီးရေစက်ကုန်သွားတဲ့ သူတွေကတော့ခွဲကြရဦးမယ်….
ဘဝဆိုတာ…အရာရာစိတ်တိုင်းကျတော့ မဖြစ်နိုင်ဘူး…
စိတ်မပျက်ပါနဲ့….ဒုက္ခဆိုတာရှိလို့ သုခအမှန်ရှာရင်းနဲ့သစ္စာကို ရှာတွေ့သွားကြတာပဲမဟုတ်လား…
လောကနိယာမတွေကရိုးရိုးလေးတွေးရင်ရှင်းရှင်းလေးပေါ်လာတယ်….
ဆုံလာကြသမျှ တစ်နေ့ခွဲရမယ်…ဖြစ်လာတာမှန်သမျှ တစ်နေ့ပျက်ရမယ်..
အနှေးနဲ့ အမြန်ပဲ…ဆွဲထားလို့ ရရင်တောင် ခဏပါပဲ….
ဘာကိုမှ တရားသေစွဲမထားတဲ့သူဟာလွတ်လပ်တယ်….
ဘာကိုမှဆုပ်ကိုင် မထားတဲ့သူဟာပေါ့ပါးတယ်…
အလိုက်သင့်လေးနေတတ်တဲ့ သူဟာငြိမ်းချမ်းပါလိမ့်မယ်….
ဘာပဲဖြစ်ဖြစ်ပါ…လက်ရှိတွေးနေတဲ့အတွေးကိုကောင်းအောင်တွေး
လက်ရှိလုပ်နေတဲ့အလုပ်ကိုအကောင်းဆုံးလုပ်
လက်ရှိတွေ့နေတဲ့သူကိုအကောင်းဆုံးဆက်ဆံ
လက်ရှိအချိန်လေးကိုပဲအကောင်းဆုံး တတ်နိုင်သလောက်ဂရုစိုက်နေရင် ရပါပြီ….
ဒါ ကိုယ့်အနာဂါတ်အတွက်အကောင်းဆုံး အရင်းအနှီး ဖြစ်လာပါလိမ့်မယ်….
ငြိမ်းအေး၊လွတ်လပ်သောဘဝများ…ပိုင်ဆိုင်နိုင်ကြပါစေ…။
Nan Kyawt Shwe Su
Nan Kyawt Shwe Su