နှစ်ပေါင်း(၂၀)ကျော် အတွင်း တစ်ခါမှမကြုံဖူးလောက်အောင် ထူးခြာစွာ ကြည်လင်နေတဲ့ ချင်းတွင်းမြစ်ရေ

ယခုအကြောင်းအရာကို Thein Lwin facebook account မှ မျှဝေထားခြင်းကို သမီးလေးတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်

လွန်ခဲ့သောနှစ်ပေါင်း(၂၀)ကျော် လွန်၍ ယခုနှစ်သင်္ကြန်ကာလအလွန်တွင် ချင်းတွင်းမြစ်(ခ)သလ္လာဝတီမြစ် မြစ်ရေ ထူးခြားစွာ ကြည်လင်နေခြင်း

ချင်းတွင်းမြစ်(ခ)သလ္လာဝတီ မြစ်ဟာ ဥရုမြစ်(မြစ်ညှာ ဖားကန့်ဒေသ/ဗန်းမောက်)၊

ယုမြစ်(ကဘော်ချိုင့်ဝှမ်း)၊မြစ်သာမြစ်(ကလေးချိုင့်ဝှမ်း) မြစ်လက်တက်များဖြင့် ပေါင်းဆုံစီးဆင်းနေသော မြစ်တစ်စင်းဖြစ်ပါကြောင်း-

ယခုအခါ ချင်းတွင်းမြစ်၏ မြစ်လက်တက်များ အနီးတဝိုက်တွင် ရွှေရှာဖွေ တူးဖော်သည့် လုပ်ငန်းများ လုပ်ကိုင်မူလျော့နည်ခြင်းကြောင့်လေလား၊

ကိုရိုနာဗိုင်းရပ်စ်-19 ကာကွယ်သည့်အနေဖြင့် ချင်းတွင်းမြစ်အတွင်း မုံရွာ-ခန္တီးပြေးဆွဲနေသည့် ရေယာဉ် လိုင်းများ ယာယီရပ်နားထားခြင်း ကြောင့်လေလား

နှစ်ပေါင်း(၂၀)ကျော် ယခုနှစ်သင်္ကြန်ကာလ အလွန် ချင်းတွင်မြစ်ရေသည် ကြည်လင်နေသည်ကို 26-4-2020 ရက်နေ့တွင် ရောက်ရှိခဲ့ရာ

ဘုတလင်မြို့နယ် ရွေစာရေးဒေသခံ တစ်ဦးမှ ပြောပြခဲ့၍ သိရှိရပါသည်။

မည်သို့ပင်ဆိုစေကာမှု နာမကျန်းဖြစ်နေသည်ဟု ယူဆရသော ချင်းတွင်းမြစ်သည် နလန်ထခါစ နုပျိုလှပနေဆဲ……….

ချင်းတွင်းမြစ်ဝှမ်း ရေဝေရေလဲဒေသရှိ သတ္တဝါများ အားလုံးကျန်းမာကျပါစေ…………..

Thein Lwin











Thein Lwin