၁.အခြေအနေက ပေးတဲ့ အသိကို အသုံးချနိုင်တဲ့ အသိဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ပါစေ။
၂.အရွယ်ချင်း မတူရင်… နေရာချင်း မတူရင်… အဖြစ်ချင်း မတူရင်… အသိချင်းမတူနိုင်ပါဘူး၊ ဒါလေးတော့ နားလည်သင့်တာပေ့ါ။
၃.စိတ်တူ ကိုယ်တူ ဖြစ်နိုင်တဲ့ ထုံးစမ်မရှိပေမယ့် ဖြစ်အောင်တော့ နေကြရမှာပဲ။ အဲ့ဒါမှ အရည်အချင်း။
၄.မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်တောင်မှ သင့်တော်တဲ့ အကျင့်တွေ မဖျောက်ပစ်ပါနဲ့။
၅.မင်းလိုပါပဲ၊ သူတို့ပြောတာသာ အဟုတ်၊ သူတို့လုပ်တာသာ အမှန်၊ သူတို့ကြံတာသာ အကောင်းထင်နေကြတယ်။
၆.ပညာဆိုတာ ကောင်းပါတယ်။ ပညာရှိချင်တာလား? ပညာပြချင်တာလား? နည်းနည်းတော့ သတိထားပါဦး။
၇.ငယ်တုန်းက ထမင်းကို ဝါးပြီး ခွံ့ခဲ့တာ ကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေထင်တတ်တယ်။
၈.မြင့်မြတ်တဲ့သူတွေဟာ ပျာယာမခပ်ကြတော့ပါဘူး။ တစ်ချို့ကပျာယာခပ်နေရတာကို ကျေနပ်နေကြတယ်။
၉.အလိုက် မသိတတ်သူ တစ်ယောက်ကြောင့် ကိုယ်ပါ အလိုက်မသိတဲ့သူ အဖြစ်မခံပါနဲ့။
၁၀.ကဲ့ရဲ့စရာတွေ့ရင် ပါးစပ်ကို တတွတ်တွတ်နဲ့ အမြဲဖွင့်တတ်ပေမယ့် ချီးမွမ်းစရာကြုံရင် သော့ခတ်ပြီး အသေပိတ်ထားတတ်တယ်။
၁၁.မူရင်း ကောင်းမှ၊ မိတ္တူ ကောင်းမယ်။
၁၂.သူများတွေ ဖတ်ချင်သလို ဖတ်ကြပါစေ၊ ကိုယ်တိုင်ရေး အတ္တုပတ္တိကအမှန်အတိုင်း ကောင်းဖို့လိုတယ်။ သူတို့ အကြိုက် လိုက်ပြီးမရေးပါနဲ့။
၁၃.သနားစရာကို သနားတာ ကောင်းတဲ့အလုပ်ပါ၊ ဟန်ဆောင်တာကို မသိရင် လူညံ့ဖြစ်သွားပြီ။
၁၄.“အားလုံးကို သိပါတယ်” လို့ ပြောပေမယ့် မဟုတ်တာတွေကို အဟုတ်လို့ သိနေခဲ့ရင် အလကားပါပဲ။
၁၅.စုပြီး… ဆုံပြီး… ရှင်းလင်းကြတာက စုဆုံပြီး ငြင်းကြတာထက် အကျိုးကောင်းတွေ များပါတယ်။
၁၆.အလုပ်မှာ မပျော်ရင် မအောင်မြင်နိုင်ဘူး၊ ပျော်လွန်းရင်လည်း အလုပ် မဖြစ်တာတွေကြုံရလိမ့်မယ်။
၁၇.လေကြောင့် ပျံသန်းနိုင်တဲ့ငှက်ဟာ လေရှိမှန်း မသိကြသလို၊ ရေကြောင့် ကူးခပ်နိုင်တဲ့ငါးဟာ ရေရှိမှန်းမသိကြသလို၊ ဓမ္မ၊ အဓမ္မကြောင့် ကောင်းကောင်း ဆိုးဆိုး ဖြစ်နေတဲ့သတ္တဝါတွေဟာလည်း ဓမ္မ၊အဓမ္မကို ရှိမှန်း မသိကြပါဘူး။
၁၈.သူတစ်ပါး လဲနေလို့ ထူပေးတာဟာ ကောင်းတဲ့စိတ်ပါ၊ ကိုယ် ချော်လဲနေတာကိုလည်း ရပ်နိုင်အောင်အရင်အားမွေးပါဦး။
၁၉.ကြိုးစားနေကြတာ ကောင်းပါတယ်၊ ဒါပေမယ့် သူဌေးဖြစ်ဖို့ပဲ မနေမနား ကြိုးစားကြတယ်၊ ချမ်းသာအောင်မလုပ်ကြဘူး။
ဓမၼဒူတ ေဒါက္တာအရွင္ေဆကိႏၵ၏ စာစုမ်ား
၁.အေျခအေနက ေပးတဲ့ အသိကို အသံုးခ်ႏိုင္တဲ့ အသိျဖစ္ေအာင္ ၾကိဳးစားေျပာင္းလဲႏုိင္ပါေစ။
၂.အရြယ္ခ်င္း မတူရင္… ေနရာခ်င္း မတူရင္… အျဖစ္ခ်င္း မတူရင္… အသိခ်င္းမတူႏုိင္ပါဘူး၊ ဒါေလးေတာ့ နားလည္သင့္တာေပ့ါ။
၃.စိတ္တူ ကိုယ္တူ ျဖစ္ႏုိင္တဲ့ ထံုးစမ္မရိွေပမယ့္ ျဖစ္ေအာင္ေတာ့ ေနၾကရမွာပဲ။ အဲ့ဒါမွ အရည္အခ်င္း။
၄.မသင့္ေတာ္တဲ့ ေနရာကုိ ေရာက္ခဲ့ရင္ေတာင္မွ သင့္ေတာ္တဲ့ အက်င့္ေတြ မေဖ်ာက္ပစ္ပါနဲ႔။
၅.မင္းလုိပါပဲ၊ သူတို႔ေျပာတာသာ အဟုတ္၊ သူတို႔လုပ္တာသာ အမွန္၊ သူတို႔ၾကံတာသာ အေကာင္းထင္ေနၾကတယ္။
၆.ပညာဆုိတာ ေကာင္းပါတယ္။ ပညာရိွခ်င္တာလား? ပညာျပခ်င္တာလား? နညး္နညး္ေတာ့ သတိထားပါဦး။
၇.ငယ္တုန္းက ထမင္းကို ၀ါးျပီး ခြ႔ံခဲ့တာ ေကာင္းေပမယ့္ ၾကီးလာတဲ့အခါ အံဖတ္ေတြထင္တတ္တယ္။
၈.ျမင့္ျမတ္တဲ့သူေတြဟာ ပ်ာယာမခပ္ၾကေတာ့ပါဘူး။ တစ္ခ်ိဳ႔ကပ်ာယာခပ္ေနရတာကို ေက်နပ္ေနၾကတယ္။
၉.အလုိက္ မသိတတ္သူ တစ္ေယာက္ေၾကာင့္ ကိုယ္ပါ အလုိက္မသိတဲ့သူ အျဖစ္မခံပါနဲ႔။
၁၀.ကဲ့ရဲ့စရာေတြ႔ရင္ ပါးစပ္ကို တတြတ္တြတ္နဲ႔ အျမဲဖြင့္တတ္ေပမယ့္ ခ်ီးမြမ္းစရာၾကံဳရင္ ေသာ့ခတ္ျပီး အေသပိတ္ထားတတ္တယ္။
၁၁.မူရင္း ေကာင္းမွ၊ မိတၱဴ ေကာင္းမယ္။
၁၂.သူမ်ားေတြ ဖတ္ခ်င္သလုိ ဖတ္ၾကပါေစ၊ ကုိယ္တုိင္ေရး အတၱဳပတၱိကအမွန္အတိုင္း ေကာင္းဖို႔လုိတယ္။ သူတို႔ အၾကိဳက္ လုိက္ျပီးမေရးပါနဲ႔။
၁၃.သနားစရာကို သနားတာ ေကာင္းတဲ့အလုပ္ပါ၊ ဟန္ေဆာင္တာကို မသိရင္ လူညံ့ျဖစ္သြားျပီ။
၁၄.“အားလံုးကို သိပါတယ္” လုိ႔ ေျပာေပမယ့္ မဟုတ္တာေတြကို အဟုတ္လုိ႔ သိေနခဲ့ရင္ အလကားပါပဲ။
၁၅.စုျပီး… ဆံုျပီး… ရွင္းလင္းၾကတာက စုဆံုျပီး ျငင္းၾကတာထက္ အက်ိဳးေကာင္းေတြ မ်ားပါတယ္။
၁၆.အလုပ္မွာ မေပ်ာ္ရင္ မေအာင္ျမင္ႏုိင္ဘူး၊ ေပ်ာ္လြန္းရင္လည္း အလုပ္ မျဖစ္တာေတြၾကံဳရလိမ့္မယ္။
၁၇.ေလေၾကာင့္ ပ်ံသန္းႏုိင္တဲ့ငွက္ဟာ ေလရိွမွန္း မသိၾကသလို၊ ေရေၾကာင့္ ကူးခပ္ႏုိင္တဲ့ငါးဟာ ေရရိွမွန္းမသိၾကသလုိ၊ ဓမၼ၊ အဓမၼေၾကာင့္ ေကာင္းေကာင္း ဆုိးဆိုး ျဖစ္ေနတဲ့သတၱ၀ါေတြဟာလညး္ ဓမၼ၊အဓမၼကို ရိွမွန္း မသိၾကပါဘူး။
၁၈.သူတစ္ပါး လဲေနလို႔ ထူေပးတာဟာ ေကာင္းတဲ့စိတ္ပါ၊ ကိုယ္ ေခ်ာ္လဲေနတာကိုလည္း ရပ္ႏုိင္ေအာင္အရင္အားေမြးပါဦး။
၁၉.ၾကိဳးစားေနၾကတာ ေကာင္းပါတယ္၊ ဒါေပမယ့္ သူေဌးျဖစ္ဖို႔ပဲ မေနမနား ၾကိဳးစားၾကတယ္၊ ခ်မး္သာေအာင္မလုပ္ၾကဘူး။