“ကိုယ့်အကြောင်းကိုယ် သိအောင်လုပ်” “ကိုယ့်ကိုကိုယ် ကောင်းအောင်နေ”

“ကိုယ့်အကြောင်းကိုယ် သိအောင်လုပ်” “ကိုယ့်ကိုကိုယ် ကောင်းအောင်နေ”

ကိုယ့်သိက္ခာ ကိုယ်ယုံရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး..

ကိုယ့်အရည်အချင်း ကိုယ်ယုံရင် ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာမလိုဘူး..

ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင် ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုဘူး..

ကိုယ့်စေတနာ ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ ဟန်လုပ်စရာမလိုဘူး..

ကိုယ့်အကြောင်း ကိုယ်သိနေရင် ဘယ်သူ့ကိုမှ ကြွားပြောနေစရာမလိုဘူး..

သီလမလုံတဲ့သူက လူတိုင်းကို ကြောက်နေရတတ်တယ်..

အရည်အချင်းမရှိတဲ့သူက ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်တယ်..

ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့သူက သူများကို မယုံမကြည်ဖြစ်တတ်တယ်..

ကိုယ့်စေတနာ မမှန်တဲ့သူက စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်..

ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိတဲ့သူက သူများသိအောင် ကြွားတတ်ကြတယ်..

အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ဖို့ပဲ..

ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ရင်ဘယ်သူ့ဘယ်သူအပေါ်မှ မနာလိုဖြစ်စရာမရှိသလို

ကြောက်နေဖို့လည်း မလိုဘူး..ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး..

ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး..

ကိုယ်ကောင်းအောင်နေဖို့ပဲ လိုတယ်…။

မနာပဒါယီ အရှင်ဝိစိတ္တ

“ကိုယ့္အေၾကာင္းကိုယ္ သိေအာင္လုပ္” “ကိုယ့္ကိုကိုယ္ ေကာင္းေအာင္ေန”

ကိုယ့္သိကၡာ ကိုယ္ယုံရင္ ဘယ္သူ႔ကိုမွ ေၾကာက္စရာမလိုဘူး..

ကိုယ့္အရည္အခ်င္း ကိုယ္ယုံရင္ ဘယ္သူ႔ကိုမွ မနာလိုျဖစ္စရာမလိုဘူး..

ကိုယ့္လိပ္ျပာ ကိုယ္သန္႔ရင္ ဘယ္သူ႔ကိုမွ ရွင္းျပစရာမလိုဘူး..

ကိုယ့္ေစတနာ ကိုယ္မွန္ေနရင္ ဘယ္သူ႔ကိုမွ ဟန္လုပ္စရာမလိုဘူး..

ကိုယ့္အေၾကာင္း ကိုယ္သိေနရင္ ဘယ္သူ႔ကိုမွ ၾကြားေျပာေနစရာမလိုဘူး..

သီလမလုံတဲ့သူက လူတိုင္းကို ေၾကာက္ေနရတတ္တယ္..

အရည္အခ်င္းမရွိတဲ့သူက ကိုယ့္ထက္သာရင္ မနာလိုျဖစ္တတ္တယ္..

ကိုယ့္လိပ္ျပာကိုယ္မလုံတဲ့သူက သူမ်ားကို မယုံမၾကည္ျဖစ္တတ္တယ္..

ကိုယ့္ေစတနာ မမွန္တဲ့သူက ေစတနာနဲ႔ မတန္ဘူးလို႔ ဆိုတတ္ၾကတယ္..

ကိုယ့္အေၾကာင္းကိုယ္ ေကာင္းေကာင္းမသိတဲ့သူက သူမ်ားသိေအာင္ ၾကြားတတ္ၾကတယ္..

အရင္းစစ္ေတာ့ ကိုယ့္အေၾကာင္းကိုယ္သိဖို႔ပဲ ကိုယ့္ကိုကိုယ္ ဆင္ျခင္ႏိုင္ဖို႔ပဲ..

ကိုယ့္ကိုကိုယ္ ေစာင့္ေရွာက္ႏိုင္ရင္ဘယ္သူ႔ဘယ္သူအေပၚမွ မနာလိုျဖစ္စရာမရွိသလို

ေၾကာက္ေနဖို႔လည္း မလိုဘူး..ဟန္လုပ္ဖို႔ မလိုသလို မာန္တက္ဖို႔လည္း မလိုဘူး..

ၾကြားေနဖို႔ မလိုသလို ဖားေနဖို႔လည္း မလိုဘူး..

ကိုယ္ေကာင္းေအာင္ေနဖို႔ပဲ လိုတယ္…။

မနာပဒါယီ အရွင္္ဝိစိတၱ