“လက်ရှိ မေတ္တာသုတ်ရွတ်နေသူများ ပိုပြီးအကျိုးသက်ရောက်မှုရှိစေရန် မေတ္တာပွားများပါ”

“လက်ရှိ မေတ္တာသုတ်ရွတ်နေသူများ ပိုပြီးအကျိုးသက်ရောက်မှုရှိစေရန် မေတ္တာပွားများပါ”

မေတ္တာသုတ်ကို နေ့စဉ်ရွတ်လို့ရှိရင် အန္တရာယ်တွေကင်းတယ် လို့

ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကား တစ်လုံးမှမပါဘူး..

သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်..

မိုးကုတ်ဆရာတော်ကြီးပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုရင်

“တို့လူတွေက သောက်ဆေးကို လိမ်းဆေးလုပ်နေကြတယ်”တဲ့..

သောက်ရမှာကို မသောက်ပဲနဲ့ လိမ်းဆေးအဖြစ်အသုံးပြုနေလို့ရှိရင်အကျိုးသက်ရောက်မှု အားနည်းမယ်..

သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှာနော်..

ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရားဖြစ်လို့ ပွားများကြရမယ်..

မေတ္တာဆိုတဲ့တရားက ရွတ်ဖတ်ရမယ့်တရားမဟုတ်ဘူး..

ပွားများရမယ့်တရားဖြစ်တယ်..မေတ္တာဟာ ကမ္မဌာန်းပဲ..

များသောအားဖြင့် ဝိပဿနာတရားအားထုတ်တာမှ ကမ္မဌာန်းလို့ယူဆနေကြတယ်..

မေတ္တာပို့နေတာ ပွားများတာဟာလည်း ကမ္မဌာန်းပါပဲ..

သမထကမ္မဌာန်းထဲမှာ ပါပါတယ်..

ဒါကြောင့် မေတ္တာသုတ်နဲ့ပတ်သက်လာလို့ရှိရင်

ရွတ်ရမှာသက်သက် မဟုတ်ဘူး..နာရမှာသက်သက် မဟုတ်ဘူး..

ပွားများကြရမှာ ဖြစ်ပါတယ်..။

ပါမောက္ခချုပ်ဆရာတော်ကြီး

“လက္ရွိ ေမတၱာသုတ္ရြတ္ေနသူမ်ား ပိုၿပီးအက်ိဳးသက္ေရာက္မႈရွိေစရန္ ေမတၱာပြားမ်ားပါ”

ေမတၱာသုတ္ကို ေန႔စဥ္ရြတ္လို႔ရွိရင္ အႏၲရာယ္ေတြကင္းတယ္ လို႔

ဒီေမတၱသုတ္ထဲမွာ ျပဆိုထားတဲ့စကား တစ္လုံးမွမပါဘူး..

သို႔ေသာ္ အမ်ားက ဒီအတိုင္းပဲ ယုံၾကည္ေနၾကတယ္..

မိုးကုတ္ဆရာေတာ္ႀကီးေျပာတဲ့ စကားလုံးနဲ႔ ေျပာရမယ္ဆိုရင္

“တို႔လူေတြက ေသာက္ေဆးကို လိမ္းေဆးလုပ္ေနၾကတယ္”တဲ့..

ေသာက္ရမွာကို မေသာက္ပဲနဲ႔ လိမ္းေဆးအျဖစ္အသုံးျပဳေနလို႔ရွိရင္အက်ိဳးသက္ေရာက္မႈ အားနည္းမယ္..

ေသာက္ရမယ့္ေဆးက ေသာက္ကိုေသာက္မွ အက်ိဳးသက္ေရာက္မွာေနာ္..

ဒါေၾကာင့္ ေမတၱာဆိုတာ ဘာဝနာတရားျဖစ္လို႔ ပြားမ်ားၾကရမယ္..

ေမတၱာဆိုတဲ့တရားက ရြတ္ဖတ္ရမယ့္တရားမဟုတ္ဘူး..

ပြားမ်ားရမယ့္တရားျဖစ္တယ္..ေမတၱာဟာ ကမၼဌာန္းပဲ..

မ်ားေသာအားျဖင့္ ဝိပႆနာတရားအားထုတ္တာမွ ကမၼဌာန္းလို႔ယူဆေနၾကတယ္..

ေမတၱာပို႔ေနတာ ပြားမ်ားတာဟာလည္း ကမၼဌာန္းပါပဲ..

သမထကမၼဌာန္းထဲမွာ ပါပါတယ္..

ဒါေၾကာင့္ ေမတၱာသုတ္နဲ႔ပတ္သက္လာလို႔ရွိရင္

ရြတ္ရမွာသက္သက္ မဟုတ္ဘူး..နာရမွာသက္သက္ မဟုတ္ဘူး..

ပြားမ်ားၾကရမွာ ျဖစ္ပါတယ္..။

ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး