ဒေါက်တာ ဒေါ်မြင့်မြင့်စိန်𝐂𝐨𝐯𝐢𝐝-19 ကူးစက်သွားသည့် အကြောင်းအရင်း

ဆရာမကြီးကို လေးစားလွန်းလို့ Thein Htay တင်ထားသော Post အား သမီးလေးတို့အတွက် ပြန်လည်မျှဝေလိုက်ပါတယ်

ဒေါက်တာ ဒေါ်မြင့်မြင့်စိန်𝐂𝐨𝐯𝐢𝐝-19 ကူးစက်သွားသည့် အကြောင်းအရင်း

case (30) ကပြည်‌ဆေးရုံက မေ့ဆေးဆရာဝန်မကြီးပါ..

ပေါက်ခေါင်းမှ(ယခုကွယ်လွန်) လူနာ၏ အသက်ရူလမ်းကြောင်းထဲသို့ ventilator မှ tube ကိုထည့်ရာတွင်

ဆရာဝန် အနည်းဆုံး နှစ်ယောက်မှ သုံးယောက်လိုအပ်ပါတယ်..

ဒါပေမယ်လို့ ထိသွားပါက ဆရာဝန်အင်အားလျော့မှာစိုးရိမ်ခြင်းအပြင်သူမက အသက်အရွယ်ကြီးပါ၍

ထိခြင်းထိ သူမသာ အထိခံမည်ဟုဆုံးဖြတ်ကာလူနာ၏ အခန်းထဲသို့ သူမတစ်ဦးတည်း ဝင်ရောက်ပြီး

လည်ချောင်းထဲသို့ tube ကိုထည့်ရာတွင်နှစ်ခါ သုံးခါ ကြိုးစားသော်လည်း မရပါ၊

မမြင်ရပါသဖြင့် နောက်ဆုံး သူမ၏ အကာအကွယ်ဖြစ်သည့်Goggles… ကိုချွတ် ပြီး လုပ်ဆောင်မှသာ အဆင်ပြေ မည်ဟူ၍ဆုံးဖြတ် လုပ်ဆောင်ခဲ့ပါတယ်။

ဤကဲ့သို့ အဆင်ပြေအောင်မြင်စေရန်လုပ်ဆောင်မူကြောင့် သူမ အား COVID-19 ကူးနိုင်သည်ကိုသိသိကြီးဖြင့် လူနာ၏ အသက်အား ကယ်တင်ဘို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

Goggles ကို ချွတ်မှသာ မြင်ရမှာဖြစ်ပြီး အကယ်၍ ချွတ်ပါကလည်း သူမကို ရောဂါ ကူးဆက်နိုင်သည်ကိုသိသော်လည်း

မေ့ဆေးဆရာဝန်မကြီး ၏ လူနာကို ကယ်တင်လိုသည့် စိတ်ဓာတ် ခွန်အားနှင့် လုပ်ဆောင်မှု့သည် အလွန်ပင် ကြီးမြတ်ပါပေသည်။

အကယ်၍သူမအား ကုသရင်း အခြေအနေဆေိုးလာ၍ventilator တင်ရပါက မတင်ပါနဲ့ဟူ၍လက်မှတ်ထိုးလိုက်သည်ဟုလည်းကြားသိရပါတယ်။

အဘယ်ကြောင်ဲဆိုသော် ventilator တင်ရပါကအဆင်မသင့်လျှင် လုပ်ဆောင်သူအား ကူးနိုင်ပါသဖြင့်ဟုဆိုပါတယ်။

ကျွန်ုပ် တို့ နိုင်ငံသားအားလုံးမှပြည်ဆေးရုံမှမေ့ဆေးဆရာဝန်ကြီးနဲ့အတူ

တစ်နိုင်ငံလုံးမှ ဆရာဝန်များ၊ သူနာပြုများ၊အဖက်ဖက်မှ ကျန်းမာရေးဝန်ထမ်းများ နှင့် ကျန်းမာရေး အောက်ခြေဝန်ထမ်းများ အားလုံးကို အထူး(အထူး) ကျေးဇူးတင်လွန်းလှ ပါကြောင်း ရေးသား ဂုဏ်ပြုလိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး (11.4.2020)။
















