ကပ်ရောဂါဖြစ်ရခြင်းအကြောင်းရင်း
လူတို့ အသက်တမ်း ၅၀၀- တမ်း အောက်၌ လောကတွင် အယုတ်တရားကြီး ၃-မျိုး ဖြစ်ပေါ်လာ၏။
၁။ အဓမ္မရာဂ
၂။ ဝိသမလောဘ
၃။ မိစ်ဆာ ဓမ်မ…… ဆိုပြီးသုံးမျိုးရှိတယ် ။
အဓမ္မရာဂ …ဟူသည်……
ယောက်ျား မိန်းမတို့သည် မိမိတို့ဆိုင်ရာ အာရုံများနှင့် မတင်းတိမ်နိုင်ကြဘဲ ၊အခြားတစ်ပါး၌ စွန်းငြိကျူးလွန်သော ရာဂတရား ဖြစ်၏။
(လယ်တီဆရာတော်)
(တစ်နည်း)
အမေ အဒေါ် အမ စသော ရာဂမဖြစ်သင့်သူတို့၌ တက်မက်သော ရာဂ တရားကို အဓမ္မရာဂ ဟု ခေါ်သည်။ (အဋ္ဌကထာ)
ခုခေတ်မှာ….အဖနဲ့သမီး၊ အမိနဲ့သား ၊အကိုနဲ့နှမ၊ ဦးလေးနဲ့ တူမ ၊အရင်မောင်နှမတွေပါ မကျန်ရအောင် ဖတ်လိုက်ရ ၊ကြားလိုက်ရတဲ့ သတင်းတွေ က ဟုတ်မှ ဟုတ်ပါရဲ့လို့တောင် ထင်နေရတာ..
ဒါတွေဟာ……တစ်ကယ်တော့ အဓမ္မရာဂ… ??
မဖြစ်သင့် မဖြစ်ထိုက်ဖူး ဆိုပေးမယ့်…ဆုတ်ကပ်ရောက်လာတဲ့အချိန်မှာ ကပ်ဆိုက်ဖို့အတွက် မကောင်းကြံတော့ ကပ်ဘေးကြီးဆိုက်ဖို့ အတွက် အကြောင်းတရားတွေ ဖန်တီးသလိုဖြစ်နေတာပေါ့ ။
ဝိသမလောဘ ….ဟူသည်……ပစ္စည်းဥစ္စာတို့၌ သူ့ဖို့ ကိုယ့်ဖို့ မျှတခြင်း မရှိကြဘဲ ကိုယ့်ဖို့ကိုယ်သာ လုယက်ဆွဲငင်ကြသော လောဘတရား ဖြစ်၏။
ရသမျှ ပစ္စည်းတွေက ဘယ်တော့မှ ပြည့်တယ်၊တော်ပီ တန်ပါပြီဆို ရှိမလာခဲ့ကြဘူး ။
ဖြည့်သာဖြည့်နေကြတာ ပြည့်သွားပြီဆိုတာတော့မရှိကြဘူး ။ ရလေ လိုလေ အို..တစ္ဆေ ဘဝဖြစ်နေကြတာတွေက များလှပလေ ။
မိစ်ဆာဓမ်မ ဟူသညျ ……..တိရစ္ဆာန်ကို သတ်မှုသည် အပြစ်မရှိ၊ အရက်သောက်ခြင်းသည် အပြစ်မရှိ အစရှိသဖြင့် ယူဆမှုမျိုး ဖြစ်၏။
(လယ်တီဆရာတော်)
အမှားကို အမှန်ထင် ၊ အမှန်ပြင်သူကိုတော့ အများကမုန်း ၊ ကိုယ့်ကိုယ်လုံလုံး မထိရင် အမှားတွေကို အမှန်လိုသုံးတဲ့ခေတ် ။
(တစ်နည်း)
ယောက်ျားအချင်းချင်း တပ်မက်ခြင်း၊ မိန်းမအချင်းချင်း တပ်မက်ခြင်းသည် မိစ္ဆာဓမ္မ မည်၏။ (အဋ္ဌကထာ)
ထိုအခါ နတ်ဗြဟ္မာတို့သည် လူတို့ကို မကြည်ညိုတော့ပြီ။ လူ့လောကကို မစောင့်ရှောက်ကြတော့ပြီ။ နတ်ဆိုးတို့ကို ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ လွှတ်ထားကြကုန်၏။
နတ်ဆိုး သရဲ သဘက်တို့သည် လူတို့နေရာသို့ လာရောက်၍ လူတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍ အသွေးအဆီတို့ကို စားသောက်ကြကုန်၏။
လူတို့ကို မရခဲ့သော် ကျွဲ နွား မြင်း သိုး စသော သတ္တဝါတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍ အသွေး အဆီတို့ကို စားသောက်ကြကုန်၏။
ထိုကပ်ဆိုက်ရာ မြို့ရွာတို့၌ လူ ကျွဲ နွားတို့သည် ထောင် သောင်း များစွာ သေဆုံးကြကုန်တော့၏။
ဤသည်မှာ ကပ်ရောဂါဆိုက်ရခြင်း အကြောင်းဖြစ်၏။
ခုလိုမျိုးကပ်ကြီးဆိုက်နေချိန်တောင်မှ တစ်ချို့တွေက….. ရတာလေးတွေကို လောဘကြီးပြီး မဖြစ်သင့်တာတွေဖြစ်နေကြတယ် ။
တစ်ချို့က….လိုချင်မှုလောဘတွေ မထိန်းနိူင်ကြတော့ ဒေါသဖြစ်ကာ သူတစ်ပါးအသက်ကို သတ်မိကြတယ် ။
တစ်ချို့တွေက အတတ်ပညာရှိကြပြီး အသိပညာအလိမ္မာဉာဏ်ပညာတရားတွေကင်းမဲ့သွားကာမလုပ်သင့် မဖြစ်သင့်တာတွေ မောဟဆိုတဲ့ မသိမှုကြောင့် ထပ်ခါတစ်လဲလဲ မှားနေကြတယ် ။
တစ်ကယ်တော့…. ဒါတွေဟာ လောဘ ဒေါသ မောဟ တရားဆိုးသုံးပါးကြောင့် ရောဂန္တရကပ် ၊ သတ္တန္တရကပ် ၊ ဒုဗ္ဘိက္ခန္တရကပ် တွေ ဆိုက်လာကြတာပါ ။
လူ့လောက၌ လူ့အသက်တမ်း ၅၀၀ အထက်တွင် အယုတ်တရားကြီး ၃~ခု မရှိသေးလျှင် နတ် သိကြား ဗြဟ္မာတို့သည် လူတို့ကို ကြည်ညို လေးစားကြကုန်၏။
လူ့လောကကို ကြည့်ရှု စောင့်ရှောက်ကြကုန်၏။ လူတို့ကို ထိပါးခြင်း မရှိရအောင် နတ်ဆိုး တို့ကို ထိန်းချုပ်ထားကြကုန်၏။
ထိုအခါ လူ့လောကတွင် မည့်သည့် ကပ်ရောဂါမျှ မရှိ။
ထို့ကြောင့် လူ့ပြည် လူ့လောကတွင် ကပ်ရောဂါများ မပေါ်ပေါက်လိုလျှင် အယုတ်တရားကြီး ၃~ခုကို ဂရုပြုကြကုန်ရာ၏။
ကျမ်းကိုး။
၁။ အင်္ဂုတ္တိုရ် တိကနိပါတ်၊ ပလောကသုတ်
၂။ ပါထိကဝဂ္ဂအဋ္ဌကထာ၊ ၃၆
၂။ ရောဂန္တရဒီပနီ
ကမ္ဘာသူ ကမ္ဘာသားများ အားလုံး နှင့် မြန်မာပြည်ကြီး ကပ်ရောဂါဆိုးကြီးမှ ကျော်လွှားနိုင်ကြပါစေ ။
သာယာချမ်းမြေ့ကြပါစေ
သစ္စာနီ
PS
မြတ်ဗုဒ္ဓ၏ အာဏာစက်သည် စြက်ာဝဠာ အနန္တ၌ တည်၏။
လူ့ပြည် လူ့ရွာ၌ သာသနာကွယ်သော်လည်း ၊ နတ်ဗြဟ္မာတို့ထံ၌ ကွယ်သည်ဟူ၍မရှိ ၊ ကမ္ဘာတို့ အလီလီပျက်သော်လည်း သုဿဝါဒဗြဟ္မာဘုံကားမပျက် ၊ သာသနာသည်လည်းမကွယ် မဆိတ်ရှိ၏။
ဤအရိယာဗြဟ္မာတို့၏ ဘုန်းတန်ခိုးအရှိန်ကြောင့် ၊ သာသနာသည် ၊ နတ်တို့ထံ ဆက်၍ ပြန့်နှံ့ပြန်၏။ ထို့ကြောင့် နတ်ဘုံ မြဟ္မာ့ဘုံတို့တွင် ဘုရား တရား သံဃာ ရတနာသုံးပါး၏
အာဏာစက်ကား အဆက်ဆက်တည်တန့်၏။
ထို့ကြောင့် သရဏဂုံစွဲမြဲသူ သရဏဂုံသုံးပါးကို မပြတ်ရွတ်ဖတ် ပူဇော်နေသူတို့အားမည်သည့် နတ်ယုတ်မာတို့ကမှ နှောက်ယှက်ဖျက်ဆီးခွင့်မရှိ ၊ နှောက်ယှက်ဖျက်ဆီး၍ မရပါချေ။
ထို့ကြောင့် သရဏဂုံသုံးပါးကိုရွတ်ဖတ်ပွားများ ထုံမွှန်းထားပြီး ဘေးဒုက္ခကပ်အပေါင်းမှ ကျော်လွှား နိုင်ကြပါစေသတည်း။
သာယာချမ်းမြေ့ကြပါစေ
သစ္စာနီ
ကပ္ေရာဂါျဖစ္ရျခင္းအေၾကာင္းရင္း
လူတို႔ အသက္တမ္း ၅၀၀- တမ္း ေအာက္၌ ေလာကတြင္ အယုတ္တရားႀကီး ၃-မ်ိဳး ျဖစ္ေပၚလာ၏။
၁။ အဓမၼရာဂ
၂။ ဝိသမေလာဘ
၃။ မိစ္ဆာ ဓမ္မ…… ဆိုၿပီးသုံးမ်ိဳးရွိတယ္ ။
အဓမၼရာဂ …ဟူသည္……
ေယာက္်ား မိန္းမတို႔သည္ မိမိတို႔ဆိုင္ရာ အာ႐ုံမ်ားႏွင့္ မတင္းတိမ္ႏိုင္ၾကဘဲ ၊အျခားတစ္ပါး၌ စြန္းၿငိက်ဴးလြန္ေသာ ရာဂတရား ျဖစ္၏။
(လယ္တီဆရာေတာ္)
(တစ္နည္း)
အေမ အေဒၚ အမ စေသာ ရာဂမျဖစ္သင့္သူတို႔၌ တက္မက္ေသာ ရာဂ တရားကို အဓမၼရာဂ ဟု ေခၚသည္။ (အ႒ကထာ)
ခုေခတ္မွာ….အဖနဲ႔သမီး၊ အမိနဲ႔သား ၊အကိုနဲ႔ႏွမ၊ ဦးေလးနဲ႔ တူမ ၊အရင္ေမာင္ႏွမေတြပါ မက်န္ရေအာင္ ဖတ္လိုက္ရ ၊ၾကားလိုက္ရတဲ့ သတင္းေတြ က ဟုတ္မွ ဟုတ္ပါရဲ႕လို႔ေတာင္ ထင္ေနရတာ..
ဒါေတြဟာ……တစ္ကယ္ေတာ့ အဓမၼရာဂ… ??
မျဖစ္သင့္ မျဖစ္ထိုက္ဖူး ဆိုေပးမယ့္…ဆုတ္ကပ္ေရာက္လာတဲ့အခ်ိန္မွာ ကပ္ဆိုက္ဖို႔အတြက္ မေကာင္းႀကံေတာ့ ကပ္ေဘးႀကီးဆိုက္ဖို႔ အတြက္ အေၾကာင္းတရားေတြ ဖန္တီးသလိုျဖစ္ေနတာေပါ့ ။
ဝိသမေလာဘ ….ဟူသည္……ပစၥည္းဥစၥာတို႔၌ သူ႔ဖို႔ ကိုယ့္ဖို႔ မွ်တျခင္း မရွိၾကဘဲ ကိုယ့္ဖို႔ကိုယ္သာ လုယက္ဆြဲငင္ၾကေသာ ေလာဘတရား ျဖစ္၏။
ရသမွ် ပစၥည္းေတြက ဘယ္ေတာ့မွ ျပည့္တယ္၊ေတာ္ပီ တန္ပါၿပီဆို ရွိမလာခဲ့ၾကဘူး ။
ျဖည့္သာျဖည့္ေနၾကတာ ျပည့္သြားၿပီဆိုတာေတာ့မရွိၾကဘူး ။ ရေလ လိုေလ အို..တေစၦ ဘဝျဖစ္ေနၾကတာေတြက မ်ားလွပေလ ။
မိစ္ဆာဓမ္မ ဟူသည် ……..တိရစာၦန္ကို သတ္မႈသည္ အျပစ္မရွိ၊ အရက္ေသာက္ျခင္းသည္ အျပစ္မရွိ အစရွိသျဖင့္ ယူဆမႈမ်ိဳး ျဖစ္၏။
(လယ္တီဆရာေတာ္)
အမွားကို အမွန္ထင္ ၊ အမွန္ျပင္သူကိုေတာ့ အမ်ားကမုန္း ၊ ကိုယ့္ကိုယ္လုံလုံး မထိရင္ အမွားေတြကို အမွန္လိုသုံးတဲ့ေခတ္ ။
(တစ္နည္း)
ေယာက္်ားအခ်င္းခ်င္း တပ္မက္ျခင္း၊ မိန္းမအခ်င္းခ်င္း တပ္မက္ျခင္းသည္ မိစာၦဓမၼ မည္၏။ (အ႒ကထာ)
ထိုအခါ နတ္ျဗဟၼာတို႔သည္ လူတို႔ကို မၾကည္ညိဳေတာ့ၿပီ။ လူ႔ေလာကကို မေစာင့္ေရွာက္ၾကေတာ့ၿပီ။ နတ္ဆိုးတို႔ကို ထိန္းခ်ဳပ္ထားျခင္း မရွိေတာ့ဘဲ လႊတ္ထားၾကကုန္၏။
နတ္ဆိုး သရဲ သဘက္တို႔သည္ လူတို႔ေနရာသို႔ လာေရာက္၍ လူတို႔အား ကပ္ေရာဂါအမ်ိဳးမ်ိဳးေပး၍ အေသြးအဆီတို႔ကို စားေသာက္ၾကကုန္၏။
လူတို႔ကို မရခဲ့ေသာ္ ကြၽဲ ႏြား ျမင္း သိုး စေသာ သတၱဝါတို႔အား ကပ္ေရာဂါအမ်ိဳးမ်ိဳးေပး၍ အေသြး အဆီတို႔ကို စားေသာက္ၾကကုန္၏။
ထိုကပ္ဆိုက္ရာ ၿမိဳ႕႐ြာတို႔၌ လူ ကြၽဲ ႏြားတို႔သည္ ေထာင္ ေသာင္း မ်ားစြာ ေသဆုံးၾကကုန္ေတာ့၏။
ဤသည္မွာ ကပ္ေရာဂါဆိုက္ရျခင္း အေၾကာင္းျဖစ္၏။
ခုလိုမ်ိဳးကပ္ႀကီးဆိုက္ေနခ်ိန္ေတာင္မွ တစ္ခ်ိဳ႕ေတြက….. ရတာေလးေတြကို ေလာဘႀကီးၿပီး မျဖစ္သင့္တာေတြျဖစ္ေနၾကတယ္ ။
တစ္ခ်ိဳ႕က….လိုခ်င္မႈေလာဘေတြ မထိန္းႏိူင္ၾကေတာ့ ေဒါသျဖစ္ကာ သူတစ္ပါးအသက္ကို သတ္မိၾကတယ္ ။
တစ္ခ်ိဳ႕ေတြက အတတ္ပညာရွိၾကၿပီး အသိပညာအလိမၼာဉာဏ္ပညာတရားေတြကင္းမဲ့သြားကာမလုပ္သင့္ မျဖစ္သင့္တာေတြ ေမာဟဆိုတဲ့ မသိမႈေၾကာင့္ ထပ္ခါတစ္လဲလဲ မွားေနၾကတယ္ ။
တစ္ကယ္ေတာ့…. ဒါေတြဟာ ေလာဘ ေဒါသ ေမာဟ တရားဆိုးသုံးပါးေၾကာင့္ ေရာဂႏၲရကပ္ ၊ သတၱႏၲရကပ္ ၊ ဒုဗၻိကၡႏၲရကပ္ ေတြ ဆိုက္လာၾကတာပါ ။
လူ႔ေလာက၌ လူ႔အသက္တမ္း ၅၀၀ အထက္တြင္ အယုတ္တရားႀကီး ၃~ခု မရွိေသးလွ်င္ နတ္ သိၾကား ျဗဟၼာတို႔သည္ လူတို႔ကို ၾကည္ညိဳ ေလးစားၾကကုန္၏။
လူ႔ေလာကကို ၾကည့္ရႈ ေစာင့္ေရွာက္ၾကကုန္၏။ လူတို႔ကို ထိပါးျခင္း မရွိရေအာင္ နတ္ဆိုး တို႔ကို ထိန္းခ်ဳပ္ထားၾကကုန္၏။
ထိုအခါ လူ႔ေလာကတြင္ မည့္သည့္ ကပ္ေရာဂါမွ် မရွိ။
ထို႔ေၾကာင့္ လူ႔ျပည္ လူ႔ေလာကတြင္ ကပ္ေရာဂါမ်ား မေပၚေပါက္လိုလွ်င္ အယုတ္တရားႀကီး ၃~ခုကို ဂ႐ုျပဳၾကကုန္ရာ၏။
က်မ္းကိုး။
၁။ အဂၤုတၱိဳရ္ တိကနိပါတ္၊ ပေလာကသုတ္
၂။ ပါထိကဝဂၢအ႒ကထာ၊ ၃၆
၂။ ေရာဂႏၲရဒီပနီ
ကမာၻသူ ကမာၻသားမ်ား အားလုံး ႏွင့္ ျမန္မာျပည္ႀကီး ကပ္ေရာဂါဆိုးႀကီးမွ ေက်ာ္လႊားႏိုင္ၾကပါေစ ။
သာယာခ်မ္းေျမ့ၾကပါေစ
သစၥာနီ
PS
ျမတ္ဗုဒၶ၏ အာဏာစက္သည္ စၾက္ာဝဠာ အနႏၲ၌ တည္၏။
လူ႔ျပည္ လူ႔႐ြာ၌ သာသနာကြယ္ေသာ္လည္း ၊ နတ္ျဗဟၼာတို႔ထံ၌ ကြယ္သည္ဟူ၍မရွိ ၊ ကမာၻတို႔ အလီလီပ်က္ေသာ္လည္း သုႆဝါဒျဗဟၼာဘုံကားမပ်က္ ၊ သာသနာသည္လည္းမကြယ္ မဆိတ္ရွိ၏။
ဤအရိယာျဗဟၼာတို႔၏ ဘုန္းတန္ခိုးအရွိန္ေၾကာင့္ ၊ သာသနာသည္ ၊ နတ္တို႔ထံ ဆက္၍ ျပန္႔ႏွံ႔ျပန္၏။ ထို႔ေၾကာင့္ နတ္ဘုံ ျမဟၼာ့ဘုံတို႔တြင္ ဘုရား တရား သံဃာ ရတနာသုံးပါး၏
အာဏာစက္ကား အဆက္ဆက္တည္တန္႔၏။
ထို႔ေၾကာင့္ သရဏဂုံစြဲျမဲသူ သရဏဂုံသုံးပါးကို မျပတ္႐ြတ္ဖတ္ ပူေဇာ္ေနသူတို႔အားမည္သည့္ နတ္ယုတ္မာတို႔ကမွ ေႏွာက္ယွက္ဖ်က္ဆီးခြင့္မရွိ ၊ ေႏွာက္ယွက္ဖ်က္ဆီး၍ မရပါေခ်။
ထို႔ေၾကာင့္ သရဏဂုံသုံးပါးကို႐ြတ္ဖတ္ပြားမ်ား ထုံမႊန္းထားၿပီး ေဘးဒုကၡကပ္အေပါင္းမွ ေက်ာ္လႊား ႏိုင္ၾကပါေစသတည္း။
သာယာခ်မ္းေျမ့ၾကပါေစ
သစၥာနီ