သူမကောင်းလည်း ကိုယ်ကောင်းပါ…

သူမကောင်းလည်း ကိုယ်ကောင်းပါ…

မြတ်စွာဘုရားက လောကမှာတဲ့ တချို့လူတွေက ကိုယ့်အပေါ်မှာပတ်ဝန်းကျင်က ကောင်းလို့၊ကိုယ်ကကောင်းနေတာ။

ဆိုလိုတာက သူများတွေကတော်နေလို့ ကောင်းနေတဲ့သူတော် ကောင်း ဖြစ်နေရတာ။

တချို့ကျတော့ ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။

ပတ်ဝန်းကျင်က ကိုယ့်အလိုအတိုင်းပြည့်နေတော့ သဘောကောင်းလိုက်တာ။

ပတ်ဝန်းကျင်အဆိုးနဲ့တွေ့ရတဲ့အခါမှာသဘောကောင်းသလား၊ မကောင်းဘူးလားဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။

တချို့ကျတော့လည်း တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့ သဘောကောင်းနေတာလည်း ရှိသေးတယ်။

ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုးဟာလည်း ရှိတတ်ပါတယ်။

အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမျိုး မဟုတ်ပါဘူး။

ပတ်ဝန်းကျင်ကောင်းနေတာကြောင့်ဆိုရင် တကယ်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။

နိဝါတဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ “ဥပသန္တ’ စိတ်နှလုံးငြိမ်းပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။

ငါဟာ တကယ်သဘောကောင်းတဲ့သူလား၊ပတ်ဝန်းကျင်ကောင်းလို့ ကောင်းတာလား၊စိတ်မဆိုးတတ်တာလား၊စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုလား၊ စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား။

ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။

တကယ့်ကို ပတ်ဝန်းကျင် မကောင်းတဲ့ကြားမှာ ငါကောင်းအောင်နေနိုင်ရဲ့လား။

ကိုယ့်ကို ထော်လော်ကန့်လန့်နေတဲ့သူတွေရဲ့ကြားမှာ ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲဆိုတာကို စဉ်းစားကြည့်ပါ။

မြတ်စွာဘုရားက လောကမှာတဲ့ ပတ်ဝန်းကျင်ကကောင်းလို့ ကိုယ်ကကောင်းနေတာ။

ဆိုလိုတာက သူများတွေကတော်နေလို့ ကိုယ်က ကောင်းနေတဲ့သူတော်ကောင်း ဖြစ်နေရတာ။

တချို့က တစ်စုံတစ်ခုရပြီး ဦးစားပေးခံနေရလို့သဘောကောင်းနေတာ။

အဲလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာ မဟုတ်ပါဘူး။

ပတ်ဝန်းကျင်ကောင်းနဲ့တွေ့နေလို့ ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်နေတာ။

“နိဝါတ” ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့။

“ဥပသန္တ’ -စိတ်နှလုံးအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။

ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး စဉ်းစားကြည့်ပါ။ ငါဟာ တကယ်သဘောကောင်းတဲ့သူလား။

ပတ်ဝန်းကျင်ကောင်းလို့ စိတ်မဆိုးတတ်တာလား။

စိတ်ဆိုးစရာ မရှိလို့ စိတ်မဆိုးတာလား၊ စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာလား။ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်ရဲ့ အစရှေ့ပိုင်းမှာ သာဝတ္ထိပြည်မှာတဲ့။

“ဝေဒေဟိကာ” ဆိုတဲ့ အိမ်ရှင်သူဌေးမကြီးတစ်ယောက် ရှိတယ်။

အဲဒီသူဌေးမကြီးမှာ ကာဠီဆိုတဲ့ အိမ်စေတစ်ယောက်ရှိတယ်။ ကာဠီဟာ အရမ်းတော်တယ်။

သူဌေးမကြီးဘာမှပြန်ကြည့်စရာမလိုအောင် အိမ်မှုကိစ္စတွေအားလုံး အကုန်လုပ်ကိုင်ပေးတယ်။

အဲဒီအခါ အိမ်ရှင်မကြီးဟာ နှလုံးအေးချမ်းတဲ့အတွက်ဒေါသထွက်တာ မရှိဘူး။

ဒါကြောင့် ပတ်ဝန်းကျင်က အိမ်ရှင်သူဌေးမကြီးဟာ အလွန်စိတ်ကောင်းရှိတယ်ဆိုပြီး ချီးကျူးစကား ပြောဆိုကြတယ်။

အဲဒါကို ကာဠီဆိုတဲ့ ကျွန် မ စဉ်းစားတယ်။ငါတော်လို့ ငါကောင်းလို့ ငါလုပ်ပေးနေလို့ သူဌေးမကြီးက ကောင်းနေတာလား။

ငါမလုပ်ပဲထားရင် ငါ့အပေါ်သူကောင်းနိုင်ပါ့မလား ဆိုပြီး သူဌေးမကြီးရဲ့စိတ်ကို စမ်းသပ်တယ်။

နောက်တစ်နေ့ မနက်ကစပြီးကာဠီဟာ အိပ်ရာက မထဘူး။

သူဌေးမကြီးက နေမကောင်းလို့ မထတာလားမေးတော့ မထချင်လို့ မထတာလို့ ပြန်ဖြေတယ်။

သူဌေးမကြီးဟာ ဒေါသအနည်းငယ်ဖြစ်လာတဲ့အတွတ် လေသံမာလာတယ်။

အဲဒီတစ်နေ့တော့ ဒီတိုင်းထားလိုက်တယ်။

နောက်တစ်နေ့ကျပြန်တော့လည်း မထပြန်ဘူး။

အိမ်ရှင်သူဌေးမဟာ ဒေါသစိတ်ကနေကိုယ်ထိလက်ရောက် ဖြစ်လာပြီး ကာဠီကို ရိုက်နှက်တော့တယ်။

ကာဠီရဲ့ခေါင်းကို ရိုက်မိပြီး သွေးထွက်လာတယ်။

ဒီအခါ ကာဠီက အိမ်နီးချင်း ပတ်ဝန်းကျင်ကိုလှည့်ပြီး ဒီမှာ ကြည့်ကြပါဦး၊

အရမ်းသဘော ကောင်းပြီး စိတ်ထားကောင်းတဲ့ အရပ်က ချီးမွမ်းကြတဲ့ သူဌေးမကြီးရဲ့ ရက်စက်ပုံကိုကြည့်ပါ ဆိုပြီး အော်တယ်။

ကာဠီက ခေါင်းအကွဲခံပြီး စမ်းသပ်ခံတယ်။အဲဒီနေ့ကစပြီး သဘောကောင်းတဲ့အိမ်ရှင်မဟာ ဆိုးတဲ့ အိမ်ရှင်မ ဖြစ်သွားတော့တယ်။

ဒီနေရာမှာ အဋ္ဌကထာဆရာကြီးကရေးထားတာ မှတ်သားစရာ ကောင်းတယ်။

၁။ ဂုဏာ နာမ သဏိကံ အာဂစ္ဆန္တိ – ဂုဏ်ဆိုတာ ဖြည်းဖြည်းချင်း တက်လာတယ်။

၂။ ဒေါသော ခဏေနေဝ ပတ္တယတိ – မကောင်းသတင်းကျတော့ ချက်ချင်းပြန့်တယ်တဲ့။

ဂုဏ်တစ်ခုရဖို့ဆိုတာ အချိန်အများကြီး လိုတယ်။လူတစ်ယောက် ဂုဏ်တက်လာဖို့ “ဝုန်း” “ဒိုင်း” ဆိုပြီး တက်မလာဘူး။

သို့သော် အပြစ်ကျတော့ မကောင်းသတင်းက ချက်ချင်းထွက်တယ်။

အဲဒီအခါကစပြီးတော့ ဝေဒေဟိကာ သူဌေးမကြီးဟာ ဆိုးလိုက်တာ ဆိုးလိုက်တာလို့ ဖြစ်လာတော့တာပဲ။

ဒါကြောင့် မြတ်စွာဘုရားက ဘယ်လိုဟောသလဲဆိုရင် သူများကောင်းနေတဲ့အကောင်းမျိုး မဖြစ်စေနဲ့တဲ့။

ပင်ကိုက ကောင်းအောင်ကျင့်တော်နေလို့ဒီလို ဟောတယ်။

ပင်ကိုက ကောင်းနေလို့ရှိရင် ဒီလိုရိုက်နှက်သည်အထိ ဘယ်ဖြစ်မလဲ။

အဲဒီနောက်မှာ မြတ်စွာဘုရားက လောကမှာ လူတွေဟာအချင်းချင်းမဟုတ်မမှန် ပြောတာတွေလည်း ရှိချင်ရှိမယ်။ရိုင်းရိုင်းပျပျပြောတာတွေလည်းကြုံရမယ်။

ကျိုးကြောင်းဆီလျော်မှု မရှိတာတွေလည်း ပြောကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို ဘာနဲ့ ခံယူမလဲတဲ့။

“မေတ္တာ”နဲ့ ခံယူပါတဲ့။အဲဒီနေရာမှာ မေတ္တာနှလုံး အစဉ်သုံးလို့ ပြောတာနော်။

(မေတ္တာနှလုံးအစဉ်သုံး တရားတော်မှ ကောက်နုတ်ချက်)

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ နန္ဒမာလာဘိဝံသ

သူမေကာင္းလည္း ကိုယ္ေကာင္းပါ…

ျမတ္စြာဘုရားက ေလာကမွာတဲ့ တခ်ိဳ႕လူေတြက ကိုယ့္အေပၚမွာပတ္ဝန္းက်င္က ေကာင္းလို႔၊ကိုယ္ကေကာင္းေနတာ။

ဆိုလိုတာက သူမ်ားေတြကေတာ္ေနလို႔ ေကာင္းေနတဲ့သူေတာ္ ေကာင္း ျဖစ္ေနရတာ။

တခ်ိဳ႕က်ေတာ့ ကိုယ့္ပတ္ဝန္းက်င္က သိပ္ေကာင္းတယ္ေလ။

ပတ္ဝန္းက်င္က ကိုယ့္အလိုအတိုင္းျပည့္ေနေတာ့ သေဘာေကာင္းလိုက္တာ။

ပတ္ဝန္းက်င္အဆိုးနဲ႔ေတြ႕ရတဲ့အခါမွာသေဘာေကာင္းသလား၊ မေကာင္းဘူးလားဆိုတာကို ဆုံးျဖတ္ၾကည့္ရမယ္။

တခ်ိဳ႕က်ေတာ့လည္း တစ္စုံတစ္ခုရၿပီးေတာ့ ဦးစားေပးခံေနရလို႔ သေဘာေကာင္းေနတာလည္း ရွိေသးတယ္။

ဦးစားေပးခံရလို႔ သေဘာေကာင္းေနတာမ်ိဳးဟာလည္း ရွိတတ္ပါတယ္။

အဲဒီလိုပုဂၢိဳလ္မ်ိဳးဟာ တကယ္သေဘာေကာင္းတာမ်ိဳး မဟုတ္ပါဘူး။

ပတ္ဝန္းက်င္ေကာင္းေနတာေၾကာင့္ဆိုရင္ တကယ္ယဥ္ေက်းတဲ့ ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူး။

နိဝါတဘယ္ေတာ့မွ စိတ္မဆိုးတဲ့ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူး။ “ဥပသႏၲ’ စိတ္ႏွလုံးၿငိမ္းပုဂၢိဳလ္မ်ိဳး မဟုတ္ဘူး။

ငါဟာ တကယ္သေဘာေကာင္းတဲ့သူလား၊ပတ္ဝန္းက်င္ေကာင္းလို႔ ေကာင္းတာလား၊စိတ္မဆိုးတတ္တာလား၊စိတ္ဆိုးစရာမရွိလို႔ စိတ္မဆိုလား၊ စိတ္ဆိုးစရာေတြ႕ရင္ စိတ္ဆိုးမွာပါလား။

ပတ္ဝန္းက်င္ေကာင္းလို႔ ငါေကာင္းေနတာပါလား။

တကယ့္ကို ပတ္ဝန္းက်င္ မေကာင္းတဲ့ၾကားမွာ ငါေကာင္းေအာင္ေနႏိုင္ရဲ႕လား။

ကိုယ့္ကို ေထာ္ေလာ္ကန႔္လန႔္ေနတဲ့သူေတြရဲ႕ၾကားမွာ ကိုယ့္စိတ္ကို ဘယ္ေလာက္ထိန္းႏိုင္သလဲဆိုတာကို စဥ္းစားၾကည့္ပါ။

ျမတ္စြာဘုရားက ေလာကမွာတဲ့ ပတ္ဝန္းက်င္ကေကာင္းလို႔ ကိုယ္ကေကာင္းေနတာ။

ဆိုလိုတာက သူမ်ားေတြကေတာ္ေနလို႔ ကိုယ္က ေကာင္းေနတဲ့သူေတာ္ေကာင္း ျဖစ္ေနရတာ။

တခ်ိဳ႕က တစ္စုံတစ္ခုရၿပီး ဦးစားေပးခံေနရလို႔သေဘာေကာင္းေနတာ။

အဲလိုပုဂၢိဳလ္မ်ိဳးဟာ တကယ္သေဘာေကာင္းတာ မဟုတ္ပါဘူး။

ပတ္ဝန္းက်င္ေကာင္းနဲ႔ေတြ႕ေနလို႔ ယဥ္ေက်းတဲ့ပုဂၢိဳလ္ျဖစ္ေနတာ။

“နိဝါတ” ဘယ္ေတာ့မွ စိတ္မဆိုးတဲ့ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူးတဲ့။

“ဥပသႏၲ’ -စိတ္ႏွလုံးေအးတဲ့ ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူး။

ကိုယ့္ကိုယ္ကိုယ္ျပန္ၿပီး စဥ္းစားၾကည့္ပါ။ ငါဟာ တကယ္သေဘာေကာင္းတဲ့သူလား။

ပတ္ဝန္းက်င္ေကာင္းလို႔ စိတ္မဆိုးတတ္တာလား။

စိတ္ဆိုးစရာ မရွိလို႔ စိတ္မဆိုးတာလား၊ စိတ္ဆိုးစရာေတြ႕ရင္ စိတ္ဆိုးမွာလား။ကိုယ့္စိတ္ကို ဘယ္ေလာက္ထိန္းႏိုင္သလဲဆိုတာ စဥ္းစားၾကည့္ပါ။

ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက ဒီသုတၱန္ရဲ႕ အစေရွ႕ပိုင္းမွာ သာဝတၳိျပည္မွာတဲ့။

“ေဝေဒဟိကာ” ဆိုတဲ့ အိမ္ရွင္သူေဌးမႀကီးတစ္ေယာက္ ရွိတယ္။

အဲဒီသူေဌးမႀကီးမွာ ကာဠီဆိုတဲ့ အိမ္ေစတစ္ေယာက္ရွိတယ္။ ကာဠီဟာ အရမ္းေတာ္တယ္။

သူေဌးမႀကီးဘာမွျပန္ၾကည့္စရာမလိုေအာင္ အိမ္မႈကိစၥေတြအားလုံး အကုန္လုပ္ကိုင္ေပးတယ္။

အဲဒီအခါ အိမ္ရွင္မႀကီးဟာ ႏွလုံးေအးခ်မ္းတဲ့အတြက္ေဒါသထြက္တာ မရွိဘူး။

ဒါေၾကာင့္ ပတ္ဝန္းက်င္က အိမ္ရွင္သူေဌးမႀကီးဟာ အလြန္စိတ္ေကာင္းရွိတယ္ဆိုၿပီး ခ်ီးက်ဴးစကား ေျပာဆိုၾကတယ္။

အဲဒါကို ကာဠီဆိုတဲ့ ကြၽန္ မ စဥ္းစားတယ္။ငါေတာ္လို႔ ငါေကာင္းလို႔ ငါလုပ္ေပးေနလို႔ သူေဌးမႀကီးက ေကာင္းေနတာလား။

ငါမလုပ္ပဲထားရင္ ငါ့အေပၚသူေကာင္းႏိုင္ပါ့မလား ဆိုၿပီး သူေဌးမႀကီးရဲ႕စိတ္ကို စမ္းသပ္တယ္။

ေနာက္တစ္ေန႔ မနက္ကစၿပီးကာဠီဟာ အိပ္ရာက မထဘူး။

သူေဌးမႀကီးက ေနမေကာင္းလို႔ မထတာလားေမးေတာ့ မထခ်င္လို႔ မထတာလို႔ ျပန္ေျဖတယ္။

သူေဌးမႀကီးဟာ ေဒါသအနည္းငယ္ျဖစ္လာတဲ့အတြတ္ ေလသံမာလာတယ္။

အဲဒီတစ္ေန႔ေတာ့ ဒီတိုင္းထားလိုက္တယ္။

ေနာက္တစ္ေန႔က်ျပန္ေတာ့လည္း မထျပန္ဘူး။

အိမ္ရွင္သူေဌးမဟာ ေဒါသစိတ္ကေနကိုယ္ထိလက္ေရာက္ ျဖစ္လာၿပီး ကာဠီကို ႐ိုက္ႏွက္ေတာ့တယ္။

ကာဠီရဲ႕ေခါင္းကို ႐ိုက္မိၿပီး ေသြးထြက္လာတယ္။

ဒီအခါ ကာဠီက အိမ္နီးခ်င္း ပတ္ဝန္းက်င္ကိုလွည့္ၿပီး ဒီမွာ ၾကည့္ၾကပါဦး၊

အရမ္းသေဘာ ေကာင္းၿပီး စိတ္ထားေကာင္းတဲ့ အရပ္က ခ်ီးမြမ္းၾကတဲ့ သူေဌးမႀကီးရဲ႕ ရက္စက္ပုံကိုၾကည့္ပါ ဆိုၿပီး ေအာ္တယ္။

ကာဠီက ေခါင္းအကြဲခံၿပီး စမ္းသပ္ခံတယ္။အဲဒီေန႔ကစၿပီး သေဘာေကာင္းတဲ့အိမ္ရွင္မဟာ ဆိုးတဲ့ အိမ္ရွင္မ ျဖစ္သြားေတာ့တယ္။

ဒီေနရာမွာ အ႒ကထာဆရာႀကီးကေရးထားတာ မွတ္သားစရာ ေကာင္းတယ္။

၁။ ဂုဏာ နာမ သဏိကံ အာဂစၦႏၲိ – ဂုဏ္ဆိုတာ ျဖည္းျဖည္းခ်င္း တက္လာတယ္။

၂။ ေဒါေသာ ခေဏေနဝ ပတၱယတိ – မေကာင္းသတင္းက်ေတာ့ ခ်က္ခ်င္းျပန႔္တယ္တဲ့။

ဂုဏ္တစ္ခုရဖို႔ဆိုတာ အခ်ိန္အမ်ားႀကီး လိုတယ္။လူတစ္ေယာက္ ဂုဏ္တက္လာဖို႔ “ဝုန္း” “ဒိုင္း” ဆိုၿပီး တက္မလာဘူး။

သို႔ေသာ္ အျပစ္က်ေတာ့ မေကာင္းသတင္းက ခ်က္ခ်င္းထြက္တယ္။

အဲဒီအခါကစၿပီးေတာ့ ေဝေဒဟိကာ သူေဌးမႀကီးဟာ ဆိုးလိုက္တာ ဆိုးလိုက္တာလို႔ ျဖစ္လာေတာ့တာပဲ။

ဒါေၾကာင့္ ျမတ္စြာဘုရားက ဘယ္လိုေဟာသလဲဆိုရင္ သူမ်ားေကာင္းေနတဲ့အေကာင္းမ်ိဳး မျဖစ္ေစနဲ႔တဲ့။

ပင္ကိုက ေကာင္းေအာင္က်င့္ေတာ္ေနလို႔ဒီလို ေဟာတယ္။

ပင္ကိုက ေကာင္းေနလို႔ရွိရင္ ဒီလို႐ိုက္ႏွက္သည္အထိ ဘယ္ျဖစ္မလဲ။

အဲဒီေနာက္မွာ ျမတ္စြာဘုရားက ေလာကမွာ လူေတြဟာအခ်င္းခ်င္းမဟုတ္မမွန္ ေျပာတာေတြလည္း ရွိခ်င္ရွိမယ္။႐ိုင္း႐ိုင္းပ်ပ်ေျပာတာေတြလည္းႀကဳံရမယ္။

က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိတာေတြလည္း ေျပာႀကဳံလာခဲ့လို႔ရွိရင္ ျမတ္စြာဘုရားက အဲဒီစကားမုန္တိုင္းေတြကို ဘာနဲ႔ ခံယူမလဲတဲ့။

“ေမတၱာ”နဲ႔ ခံယူပါတဲ့။အဲဒီေနရာမွာ ေမတၱာႏွလုံး အစဥ္သုံးလို႔ ေျပာတာေနာ္။

(ေမတၱာႏွလုံးအစဥ္သုံး တရားေတာ္မွ ေကာက္ႏုတ္ခ်က္)

ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္

ေဒါက္တာ နႏၵမာလာဘိဝံသ