နှစ်သစ်မှာ ကံဇာတာတွေပွင့်လန်းစေဖို့ နေ့နံအလိုက် ခေါင်းဆေးမင်္ဂလာ ပြုလုပ်နည်း
နှစ်သစ်မှာ ကံံဇာတာတွေပွင့်လန်းစေဖို့ နေ့နံအလိုက် ခေါင်းဆေးမင်္ဂလာ ပြုလုပ်နည်း
နှစ်သစ်မှာ ကံဇာတာတွေပွင့်လန်းစေဖို့…..
ကောင်းကျိုးဝေဖြာ ခေါင်းဆေးယတြာ….ဘုန်းကံံပွင့်ပြီး တစ်နှစ်တာလုံးကံဇာတာ ပွင့်လန်းစေရန်ပြုလုပ်ပါလေ….
ပုပ္ပါးစောရဟန်းမင်းကို အကြောင်းပြု ရေးထိုးသော မြန်မာသက္ကရ် (၁၃၈၂)ခုနှစ် နှစ်ဆန်းတစ်ရက်နေ့17.4.2020 ရက်နေ့ သောကြာနေ့အတွက်…..
ရှေးက မြန်မာဘုရင်မင်းမြတ်တို့သည် အရေးအကြောင်း ကြီးငယ် ရှိသောအခါတို့၌ခေါင်းဆေးမင်္ဂၤလာ ယတြာဟူ၍ ဆောင်ရွက်လေ့ရှိကြလေ၏။မြို့တည်၊နန်းတည်သောအခါများ၊စစ်ထွက်သောအခါများ၌ အထူးသဖြင့်ဆောင်ရွက် လေ့ရှိကြ၏။ဇာတာသန့်သည်ဟုလည်းခေါ်၏။
ဘုရင်မင်းမြတ်များသာမက တိုင်းသူပြည်သားများ သည်လည်း အဆိုပါ ခေါင်းဆေး မင်္ဂလာ ယတြာ ကိုဆောင်ရွက်လေ့ ရှိကြ၏။မြန်မာနှစ်ဆန်း တစ်ရက်နေ့များတွင် တစ်နှစ်တာလုံးအတွက် ကံအညံ့များ အခိုက်များ
ကင်းစင်ပြေပျောက်ကာကျက်သရေမင်္ဂလာ အောင်ခြင်းအဖြာဖြာ တိုးပွားစေခြင်းငှါ ခေါင်းဆေးယတြာ ကို ဆောင်ရွက်လေ့ရှိကြ၏။
ရာထူးတက်ရန်၊ရန်အပြိုင်အဆိုင်များနေ၍ အောင်နိုင်လိုသောအခါ လာဘ်လာဘများပိတ်နေသောအခါ ဒုက္ခအခက်အခဲ အဆင်မပြေမူ့များ တစ်ခုပြီးတစ်ခု ကြုံနေရသောအခါ စသည်စသည် တို့၌လည်းခေါင်းဆေးမင်္ဂၤလာ ယတြာကို ဆောင်ရွက်လေ့ရှိကြ၏။
ထို့ကြောင့်မိတ်ဆွေ တို့အလွယ်တကူ ပြုလုပ်နိုင်ရန် အတိအကျအသေး စိတ်ဖော်ပြပေးလိုက်ပါသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ခေါင်းဆေးမင်္ဂလာ ပြုလုပ်ရန်
မင်္ဂလာအခါနာရီ
ခေါင်းဆေးမင်္ဂလာယတြာပြုလုပ်ရန် မင်္ဂလာအခါနာရီ၁၃၈၂-ခု ၊ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ၊ ၁၇-၄-၂၀၂၀ သောကြာ နေ့….
သောကြာနေ့တွင် အတိတ်နိမိတ် ကောင်းယူ၍ ခေါင်းဆေးမင်္ဂလာ ပြုလိုကြကုန်သော ခုနှစ်ရက် သားသမီး အပေါင်းတို့ အနေနှင့် အောက်တွင် ဖော်ပြထားသည့် အစီအစဉ်အတိုင်း နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်နိုင်ကြပါသည်။
အချိန်နာရီ အတိအကျ ဆောင်ရွက် လိုပါသော အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။တနင်္ဂနွေသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် မနက် (၈) နာရီ (၁) မိနစ်မှာ စတင်ပါ။
တနင်္လၤာသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နေ့လည် (၁) နာရီ (၈) မိနစ်မှာ စတင်ပါ။အင်္ဂါသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နံနက် (၆) နာရီ (၃) မိနစ်မှာ စတင်ပါ။
ဗုဒ္ဓဟူး-ရာဟုသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နံက် (၁၁) နာရီ (၇) မိနစ်မှာ စတင်ပါ။ကြာသပတေး သားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် ညနေ (၄) နာရီ (၅) မိနစ်မှာ စတင်ပါ။
သောကြာသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နံက် (၉) နာရီ (၄၅) မိနစ်မှာ စတင်ပါ။စနေသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နေ့လည် (၂) နာရီ (၇) မိနစ်မှာ စတင်ပါ။
ခေါင်းဆေးမင်္ဂလာပြုလုပ်ရန်အစီအစဉ်
တနင်္ဂနွေသားသမီးများအတွက် သောကြာသားသမီးက ကူညီဆောင်ရွက်ပေးပါ…
တနင်္ဂၤနွေသားသမီးများသည် အနောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ရွက်လှ(၄)ညွန့် ၊ ဘယ်ခြေဖြင့် ဆီးညွန့်(၃)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ မေမြို့ (၅)ပွင့် ၊ ကံကော် (၂) ညွန့် ၊ သပြေ (၆)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။
တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို ယူပြီး တောင်အရပ်သို့ သွား၍ စွန့်ပါ။
မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အနောက်အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၆)တိုင် ဖယောင်းတိုင် (၆) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။
တနင်္လာ သားသမီးများအတွက် စနေသားသမီးကကူညီ ဆောင်ရွက်ပေးပါ….
တနင်္လာသားသမီးများသည် မြောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် မေမြို့ပန်း(၅)ပွင့် ၊ ဘယ်ခြေဖြင့် ရွက်လှ(၄)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌
နှင်းဆီ (၇)ပွင့် ၊ စံပယ် (၃) ကုံး ၊ သပြေ (၆)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။
ခြေဖြင့် နင်းခဲ့သော ပန်းများကို ယူပြီး မြောက်အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အနောက်တောင် အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၁၅)တိုင် ဖယောင်းတိုင် (၁၅) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။
အင်္ဂါသားသမီးများအတွက် တနင်္ဂနွေသားသမီးက ကူညီဆောင်ရွက်ပေးပါ…
အဂါင်္သားသမီးများသည် အနောက်တောင် အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် သရက် (၆) ရွက် ၊ ဘယ်ခြေဖြင့်် မေမြို့(၅)ပွင့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ိ မဟုတ် လင်ဗန်းထဲ၌ နှင်းဆီ (၇)ပွင့် ၊ ရွက်လှ(၄)ညွန့် ၊အုန်းညွန့် (၁)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို ယူပြီး အနောက်မြောက် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အနောက်တောင်အရပ်သို့ သွား၍ စွန့်ပါလေ။
ပြီးနောက် အဝတ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၆)တိုင် ဖယောင်းတိုင် (၆) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။
ဗုဒ္ဓဟူး သားသမီးများအတွက်တနင်္လာ သားသမီးက ကူညီဆောင်ရွက်ပေးပါ…
ဗုဒ္ဓဟူးသားသမီးများသည် အရှေ့မြောက်စူးစူး အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့်- နှင်းဆီ(၇)ပွင့် ဘယ်ဘက်ခြေ- သရက်ညွန့် (၆)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ အုန်း (၁)ညွန့် ၊ ကံ့ကော် (၂)ညွန့် ၊ မေမြို့(၅)ပွင့် ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။
တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။
ခြေဖြင့် နင်းခဲ့သော ပန်းများကို ယူပြီး အနောက်မြောက် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အရှေ့မြောက်စူးစူး အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၁၇)တိုင် ဖယောင်းတိုင် (၁၇) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။
ကြာသပတေး သားသမီးများ အတွက် အင်္ဂါသားသမီးက ဆောင်ရွက်ပေးပါ…….
ကြာသပတေး သားသမီးများသည် အရှေ့စူးစူး အရပ်သို့ိ မျက်နှာမူ၍ ညာခြေဖြင့် အုန်းညွန့် (၁) ရွက် ၊ ဘယ်ခြေဖြင့် နှင်းဆီ (၇)ပွင့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ ကံကော်(၂)ညွန့် ၊သပြေ(၆)ညွန့် ၊စံပယ်(၃)ကုံး ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။
တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။
ခြေဖြင့် နင်းခဲ့သော ပန်းများကို ယူပြီး အရှေ့မြောက် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အရှေ့အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၁၉)တိုင် ဖယောင်းတိုင် (၁၉) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။
သောကြာသားသမီးများအတွက်
ဗုဒ္ဓဟူးသားသမီးက ကူညီဆောင်ရွက်ပေးပါ..
သောကြာ သားသမီးများသည် တောင်စူးစူး အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ကံကော် (၂)ညွန့် ၊ ဘယ်ခြေဖြင့် အုန်းညွန့် (၁)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ စံပယ်(၃)၊နှင်းဆီ(၇)၊ရွက်လှ(၄) ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။
တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။
ခြေဖြင့် နင်းခဲ့သော ပန်းများကို အရှေ့တောင် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို တောင် အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၂၁)တိုင် ဖယောင်းတိုင် (၂၁) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။
စနေသားသမီးအတွက် ကြာသပတေးသားသမီးက ကူညီဆောင်ရွက် ပေးပါ….
စနေသားသမီးများသည် တောင်စူးစူး အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် စံပယ်ပန်း (၂)ညွန့် ၊ ဘယ်ခြေဖြင့် ကံ့ကော်ညွန့် (၂)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ ရွက်လှ(၄)ညွန့် ၊အုန်း(၁)ညွန့် ၊ပိတောက်(၅)ညွန့် ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။
တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။
ခြေဖြင့် နင်းခဲ့သော ပန်းများကို ယူပြီး မြောက် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို တောင်အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၁၀)တိုင် ဖယောင်းတိုင် (၁၀) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။
ကျွန်တော့မိတ်ဆွေများ နှစ်သစ်မှာ ကံဇာတာ အညံ့အခိုက်များ ကင်းစင်ပြီး ကံဇာတာ ပွင့်လန်း တိုးတက်စေရန် မိတ်ဆွေအပေါင်းတို့အတွက် နှစ်သစ်ကူး လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ရပါသည်။
ဆရာသာထက်ဆန်း
ကျိုက်ဝိုင်းဘုရား၊၀၉၇၆၂၉၉၂၃၃၅
ကောင်းကျိုးဝေဖြာ ခေါင်းဆေးယတြာ….ဘုန်းကံပွင့်ပြီး တစ်နှစ်တာလုံးကံဇာတာ ပွင့်လန်းစေရန်ပြုလုပ်ပါလေ….
ရာထူးတက်ရန်၊ရန်အပြိုင်အဆိုင်များနေ၍ အောင်နိုင်လိုသောအခါ လာဘ်လာဘများပိတ်နေသောအခါ ဒုက္ခအခက်အခဲ အဆင်မပြေမူ့များ တစ်ခုပြီးတစ်ခု ကြုံနေရသောအခါ စသည်စသည် တို့၌လည်းခေါင်းဆေးမင်္ဂင်္လာ ယတြာကို ဆောင်ရွက်လေ့ရှိကြ၏။
မင်္ဂလာအခါနာရီ