ပရဟိတအဖွဲ့ကားဘက်ထရီတာင် အလွတ်မပေးတဲ့သူခိုး (ကားပိုင်ရှင်တွေ သတိထားကြပါ)

ပိုက်ဆံကမရှိပါဘူးဆို ကားဘက်ထရီအိုးအခိုးခံရ

29-4-2020

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတကျောင်း သာသနာရေး၊ ကျန်းမာရေး၊ ပညာရေးများတွင် အသုံးပြုလျှက်ရှိသော ကားသည် ကျောင်း၏ ဆေးခန်းဘေးတွင်ရပ်ထားလျှက်ရှိပါသည်

၎င်းရပ်ထားသောနေရာတွင် ကား၏ ဘက်ထရီအိုးအား သူခိုးမှဖြုတ်ခိုးသွားပါသဖြင့် သဖန်းကိုင်းပရဟိတအဖွဲ့မှ ဝမ်းနည်းစွာဖြင့် တင်ပြအပ်ပါသည်။

သဖန်းကိုင်းပရဟိတအဖွဲ့သည် သာသနာရေးကိစ္စ ပညာရေး ကျန်းမားရေးကိစ္စ စားဝတ်နေရေးကိစ္စရပ်များကို အခမဲ့ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။

ယခုအချိန်မှာ စားဝတ်နေရေးအဆင်မပြေသူများကိုလည်း ဆန် ဆီ ဆား ဟင်ချက်စရာများကိုလည်း အခမဲ့ပေးဝေလျှက်ရှိခြင်း

Covid 19 စောင့်ကြည့်လူနာများကိုလည်း စားဝတ်နေရေး အခမဲ့စီစဉ်ဆောင်ရွက်ပေးထားလျှက်ရှိပါသည်။

ဒီကားတစ်စီကိုအသုံးပြုပြီးဆောင်ရွက်ပေးလျှက်ရှိပါသည် အခုတော့ ပိုက်ဆံ(ငွေ)ကမရှိပါဘူးဆိုနေမှ ကားဘက်ထရီအိုးကြီးကို သူခိုးမှ ဖြုတ်ခိုးသွားလေရက်တယ်နော်…

မရှိရင်လာတောင်းပါ ပေးပါမည် ကူညီပါမည်…

ဒေါက်တာပညာလင်္ကာရ

သဖန်းကိုင်းပရဟိတအဖွဲ့

ပိုက္ဆံကမရွိပါဘူးဆို ကားဘက္ထရီအိုးအခိုးခံရ

29-4-2020

ေနာင္ခ်ိဳၿမိဳ႕ သဖန္းကိုင္းပရဟိတေက်ာင္း သာသနာေရး၊ က်န္းမာေရး၊ ပညာေရးမ်ားတြင္ အသုံးျပဳလွ်က္ရွိေသာ ကားသည္ ေက်ာင္း၏ ေဆးခန္းေဘးတြင္ရပ္ထားလွ်က္ရွိပါသည္

၄င္းရပ္ထားေသာေနရာတြင္ ကား၏ ဘက္ထရီအိုးအား သူခိုးမွျဖဳတ္ခိုးသြားပါသျဖင့္ သဖန္းကိုင္းပရဟိတအဖြဲ႕မွ ၀မ္းနည္းစြာျဖင့္ တင္ျပအပ္ပါသည္။

သဖန္းကိုင္းပရဟိတအဖြဲ႕သည္ သာသနာေရးကိစၥ ပညာေရး က်န္းမားေရးကိစၥ စား၀တ္ေနေရးကိစၥရပ္မ်ားကို အခမဲ့ကူညီေဆာင္႐ြက္ေပးလွ်က္ရွိပါသည္။

ယခုအခ်ိန္မွာ စား၀တ္ေနေရးအဆင္မေျပသူမ်ားကိုလည္း ဆန္ ဆီ ဆား ဟင္ခ်က္စရာမ်ားကိုလည္း အခမဲ့ေပးေဝလွ်က္ရွိျခင္း

Covid 19 ေစာင့္ၾကည့္လူနာမ်ားကိုလည္း စား၀တ္ေနေရး အခမဲ့စီစဥ္ေဆာင္႐ြက္ေပးထားလွ်က္ရွိပါသည္။

ဒီကားတစ္စီကိုအသုံးျပဳၿပီးေဆာင္႐ြက္ေပးလွ်က္ရွိပါသည္ အခုေတာ့ ပိုက္ဆံ(ေငြ)ကမရွိပါဘူးဆိုေနမွ ကားဘက္ထရီအိုးႀကီးကို သူခိုးမွ ျဖဳတ္ခိုးသြားေလရက္တယ္ေနာ္…

မရွိရင္လာေတာင္းပါ ေပးပါမည္ ကူညီပါမည္…

ေဒါက္တာပညာလကၤာရ

သဖန္းကိုင္းပရဟိတအဖြဲ႕