ဆဲတတ်တဲ့ ယောင်္ကျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစုကို ဆဲပါလိမ့်မယ်

ချစ်သူဘဝထဲကဆဲတတ်တဲ့ ယောင်္ကျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစုကို ဆဲပါလိမ့်မယ်…..

ချစ်သူဘဝထဲကအရက်သောက်တဲ့ ယောင်္ကျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစုရှေ့ ဆက်သောက် နေမှာပါဘဲ…..

ချစ်သူ ဘဝထဲက လောင်းကစား တပ်မက်တဲ့ ယောင်္ကျားဟာ အိမ်ထောင်ကျတဲ့အခါ မိသားစု စီးပွားရေး ထိခိုက်တဲ့အထိ ပြုလုပ်နေမှာပါဘဲ…..

ချစ်သူဘဝထဲကမူးယစ်ဆေး သုံးစွဲတတ်တဲ့ ယောင်္ကျားဟာ အိမ်ထောင်ကျတဲ့အခါ ဆက်ပြီး သုံးစွဲနေမှာပါဘဲ…..

ချစ်သူဘဝထဲက ဖောက်ပြန်တတ်တဲ့ ယောင်္ကျားဟာ အိမ်ထောင်ကျတဲ့အခါ ဖောက်ပြန်မှုကို သိအောင် တမျိုး မသိအောင်တမျိုး ကျူးလွန်နေမှာပါဘဲ……

ငါ့ကိုချစ်ရင် သူပြုပြင်မှာပါ လို့ မတွေးပါနဲ့။ မင်းကို ရရင် ငါပြုပြင်ပါ့မယ် ဆိုလည်း မယုံပါနဲ့…

ပြောင်းလဲပြတယ် ဆိုလည်း ခနပါဘဲ ခွေးမြီးကောက် ခြေထောက်စွပ် ဆိုသလို တချိန်ချိန် ပင်ကိုယ် ဗီဇပြ လာပါလိမ့်မယ်…

ယောက်ျားတယောက်ကို ချစ်လို့ ရပါတယ်။ အချစ်တွေ ဖုံးပြီး အပြစ်တွေ မမြင်သူ မဖြစ်ကြဖို့ သာလိုပါတယ်…

ဘဝအတွက် လက်တွဲဖော် ရွေးချယ်မှု မှားရင် ဒူးနဲ့မျက်ရည် သုတ်နေကြရမှာ မိန်းကလေးတွေ ပါဘဲ…..

အိမ်ထောင်တခု တည်ထောင်တယ် ဆိုတာ လွယ်မရောင်နဲ့ခက် တိမ်မရောင်နဲ့ နက်နဲကြပါတယ်….

အချစ်ကိုဘဲ ဦးစားမပေးဘဲ မှန်ကန်တဲ့ အသိဥဏ်နဲ့ ဆုံးဖြတ်တတ်မှသာ ရေရှည် အောင်မြင်တဲ့ အိမ်ထောင်ရေးတခု ဖြစ်မှာပါ တဦးတဖက်တည်း ကောင်းနေရုံနဲ့ မရပါဘူး…

လင်ဆိုးမယား တဖားဖား ဆိုသလို ဒုက္ခမျိုးစုံကို ဒူးနဲ့ မျက်ရည်သုတ် ခံစားတတ်ကြရသလို မိသားစုကြား ပတ်ဝန်းကျင်ကြားမှာ မျက်နှာငယ်စွာ ရပ်တည် တတ်ကြရပါတယ်…

သားဆိုး အမေ တပေပေ ဆိုသလို လင်နဲ့ကွဲသွားပေမဲ့ ဗီဇညံ့တဲ့ ယောက်ျားနဲ့ ရတဲ့ရင်သွေးဟာ ထိုသူရဲ့ အကျင့်စရိုက် အများ အနည်း ပါနေတတ်ကြလို့ ဒါကို ပြုပြင် ပေးရင်း စိတ်မောလူမော ဖြစ်တတ်ကြပါတယ်။ ဒါဟာ အမွေဆိုးတခုပါဘဲ…

ဒါကြောင့် အိမ်ထောင်ရေးကို ကိုရီးယား ဇာတ်လမ်းတွဲတွေလို မြန်မာကားတွေလို သီချင်းတွေလို စိတ်ကူးယဉ်လို့ မရပါဘူး။ လက်တွေ့ဘဝမှာမသေမချင်း လျှောက်ကြရမှာပါ…

လိမ်နေတဲ့ အရာတိုင်းက လှနေတတ်တယ် လူတယောက်ရဲ့ ဗီဇစိတ် ဆိုတာ အပင်တပင် အမြစ်တွယ်ရှင်သန် နေသလိုပါဘဲ သေမှ ပျောက်ကြတာပါ…

ဘယ်သူမပြု မိမိမှု ဆိုသလို ကံကိုယုံပြီး ဆူးပုံချနင်းမယ် ဆိုရင်တော့ ကိုယ်ကြိုက်တာ ကိုယ်လုပ် ကိုယ်ဖြစ် ကိုယ်ခံ ဆိုသလို မသေမချင်း ဘဝကို အမောတွေနဲ့သာ ဖြတ်ကျော်ရမယ် ဆိုတာ…..။

May Zaw Aung

ခ်စ္သူဘဝထဲကဆဲတတ္တဲ့ ေယာက်ၤားဟာ အိမ္ေထာင္က်တဲ့ အခါ မိသားစုကို ဆဲပါလိမ့္မယ္…..

ခ်စ္သူဘဝထဲကအရက္ေသာက္တဲ့ ေယာက်ၤားဟာ အိမ္ေထာင္က်တဲ့ အခါ မိသားစုေရွ႕ ဆက္ေသာက္ ေနမွာပါဘဲ…..

ခ်စ္သူ ဘဝထဲက ေလာင္းကစား တပ္မက္တဲ့ ေယာက်ၤားဟာ အိမ္ေထာင္က်တဲ့အခါ မိသားစု စီးပြားေရး ထိခိုက္တဲ့အထိ ျပဳလုပ္ေနမွာပါဘဲ…..

ခ်စ္သူဘဝထဲကမူးယစ္ေဆး သုံးစြဲတတ္တဲ့ ေယာက်ၤားဟာ အိမ္ေထာင္က်တဲ့အခါ ဆက္ၿပီး သုံးစြဲေနမွာပါဘဲ…..

ခ်စ္သူဘဝထဲက ေဖာက္ျပန္တတ္တဲ့ ေယာက်ၤားဟာ အိမ္ေထာင္က်တဲ့အခါ ေဖာက္ျပန္မႈကို သိေအာင္ တမ်ိဳး မသိေအာင္တမ်ိဳး က်ဴးလြန္ေနမွာပါဘဲ……

ငါ့ကိုခ်စ္ရင္ သူျပဳျပင္မွာပါ လို႔ မေတြးပါနဲ႔။ မင္းကို ရရင္ ငါျပဳျပင္ပါ့မယ္ ဆိုလည္း မယုံပါနဲ႔…

ေျပာင္းလဲျပတယ္ ဆိုလည္း ခနပါဘဲ ေခြးၿမီးေကာက္ ေျခေထာက္စြပ္ ဆိုသလို တခ်ိန္ခ်ိန္ ပင္ကိုယ္ ဗီဇျပ လာပါလိမ့္မယ္…

ေယာက္်ားတေယာက္ကို ခ်စ္လို႔ ရပါတယ္။ အခ်စ္ေတြ ဖုံးၿပီး အျပစ္ေတြ မျမင္သူ မျဖစ္ၾကဖို႔ သာလိုပါတယ္…

ဘဝအတြက္ လက္တြဲေဖာ္ ေ႐ြးခ်ယ္မႈ မွားရင္ ဒူးနဲ႔မ်က္ရည္ သုတ္ေနၾကရမွာ မိန္းကေလးေတြ ပါဘဲ…..

အိမ္ေထာင္တခု တည္ေထာင္တယ္ ဆိုတာ လြယ္မေရာင္နဲ႔ခက္ တိမ္မေရာင္နဲ႔ နက္နဲၾကပါတယ္….

အခ်စ္ကိုဘဲ ဦးစားမေပးဘဲ မွန္ကန္တဲ့ အသိဥဏ္နဲ႔ ဆုံးျဖတ္တတ္မွသာ ေရရွည္ ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးတခု ျဖစ္မွာပါ တဦးတဖက္တည္း ေကာင္းေန႐ုံနဲ႔ မရပါဘူး…

လင္ဆိုးမယား တဖားဖား ဆိုသလို ဒုကၡမ်ိဳးစုံကို ဒူးနဲ႔ မ်က္ရည္သုတ္ ခံစားတတ္ၾကရသလို မိသားစုၾကား ပတ္ဝန္းက်င္ၾကားမွာ မ်က္ႏွာငယ္စြာ ရပ္တည္ တတ္ၾကရပါတယ္…

သားဆိုး အေမ တေပေပ ဆိုသလို လင္နဲ႔ကြဲသြားေပမဲ့ ဗီဇညံ့တဲ့ ေယာက္်ားနဲ႔ ရတဲ့ရင္ေသြးဟာ ထိုသူရဲ႕ အက်င့္စ႐ိုက္ အမ်ား အနည္း ပါေနတတ္ၾကလို႔ ဒါကို ျပဳျပင္ ေပးရင္း စိတ္ေမာလူေမာ ျဖစ္တတ္ၾကပါတယ္။ ဒါဟာ အေမြဆိုးတခုပါဘဲ…

ဒါေၾကာင့္ အိမ္ေထာင္ေရးကို ကိုရီးယား ဇာတ္လမ္းတြဲေတြလို ျမန္မာကားေတြလို သီခ်င္းေတြလို စိတ္ကူးယဥ္လို႔ မရပါဘူး။ လက္ေတြ႕ဘဝမွာမေသမခ်င္း ေလွ်ာက္ၾကရမွာပါ…

လိမ္ေနတဲ့ အရာတိုင္းက လွေနတတ္တယ္ လူတေယာက္ရဲ႕ ဗီဇစိတ္ ဆိုတာ အပင္တပင္ အျမစ္တြယ္ရွင္သန္ ေနသလိုပါဘဲ ေသမွ ေပ်ာက္ၾကတာပါ…

ဘယ္သူမျပဳ မိမိမႈ ဆိုသလို ကံကိုယုံၿပီး ဆူးပုံခ်နင္းမယ္ ဆိုရင္ေတာ့ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ ကိုယ္ျဖစ္ ကိုယ္ခံ ဆိုသလို မေသမခ်င္း ဘဝကို အေမာေတြနဲ႔သာ ျဖတ္ေက်ာ္ရမယ္ ဆိုတာ…..။

May Zaw Aung