`စိတ်ညစ်တယ်ဆိုတာ သမာဓိမရှိလို့ပါ´ – ဆရာတော် အရှင်ဆန္ဒာဓိက

`စိတ်ညစ်တယ်ဆိုတာ သမာဓိမရှိလို့ပါ´

သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုလည်း မညှည်းဆဲဘူး။ သူတစ်ပါးကိုလည်း မညှင်းဆဲ ဘူးတဲ့။

လောကမှာ ကိုယ့်ကိုယ်ကိုစိတ်ဆင်းရဲအောင်လုပ်နေတယ်ဆိုတာ သမာဓိ မရှိလို့ပါပဲ။

သမာဓိ မရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲအောင် အမြဲလုပ်နေတယ်။

ဆိုလိုတာကတော့ သမာဓိ မရှိတဲ့သူတွေဟာ အမြဲတမ်း စိတ်ညစ်နေတယ်လို့ ဆိုလိုတာပါ။

လူတွေ စိတ်ညစ်တယ် စိတ်ညစ်တယ်ဆိုတာ သမာဓိမရှိလို့ပါ။

သမာဓိမရှိတော့ စိတ်ညစ်စရာအကြောင်းတွေပဲ တွေးနေမိတော့တာကိုး။

စိတ်ညစ်စရာ အကြောင်းတွေ တွေးနေမှတော့ စိတ်ညစ်ရတော့မှာပေါ့။

သမာဓိ မရှိတဲ့သူရဲ့ စိတ်ထဲကိုအတွေးတွေ အမြဲတမ်း ဝင်နေတယ်။

ဝင်တော့လည်း ကောင်းတဲ့အတွေးတွေ ဝင်လားဆိုတော့ မဟုတ်ဘူး။ မကောင်းတဲ့ အတွေးတွေ ဝင်တာက များတယ်။

အများအားဖြင့် အဆိုးတွေကိုပဲတွေးနေမိတတ်ကြပါတယ်။

အဆိုးကိုတွေးတော့ ဖြစ်ပြီးတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ခံစားတယ်။ခံစားပြီးတော့ စိတ်ညစ်နေတယ်။

အဲဒီပြဿနာတွေမှာ ငါမှန်ရက်သားနဲ့ သူက ဘယ်လို ဘယ်ညာ အဲဒီပြဿနာဖြစ်တုန်းကငါ့ရဲ့စေတနာကို သူနားမလည်ဘူး။

သူက ငါ့ကိုဘယ်လိုထင်တယ် စသည်အားဖြင့်ပြီးခဲ့တာတွေ စားမြုံ့ပြန်ပြီး စိတ်ညစ်နေတယ်။

ကိုယ်စိတ်ထဲမှာ ထားရုံနဲ့ မပြီးဘူး။ ကိုယ်ပတ်ဝန်းကျင်ကို ပြောသေးတယ်။

ဘယ်တုန်းက ဘယ်ပြဿနာဖြစ်တုန်းက ကျွနု်ပ်က ဘယ်လိုပါ။သူက ဘယ်လိုထင်တယ်။

အဲဒီလိုဆိုတော့ ကိုယ်ပတ်ဝန်းကျင်ကကိုယ့်ရဲ့အပူတွေ ကူးစက်။

တစ်ခါ အဲဒီကိစ္စပြဿနာဖြစ်တဲ့ ပုဂ္ဂိုလ်ဆီ ပြန်ရောက်တော့လည်း အဲဒီပုဂ္ဂိုလ်က တစ်ခါ စိတ်ညစ်။

အဲဒီလိုအားဖြင့် သမာဓိမရှိတဲ့သူဟာ ကိုယ် ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင် မနေ တတ်ဘူး။ အမြဲတမ်း စိတ်ညစ်နေတယ်။

ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နီးစပ်ရာကိုလည်းပဲ စိတ်မချမ်းသာအောင် စိတ်ညစ်အောင် လုပ်တတ်ပါတယ်။

ဒီအချက်ဟာ လေးလေးနက်နက်နဲ့ချဲ့ထွင်ပြီးတော့ စဉ်းစားရမှာပါပဲ။

ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် မနေ တတ်တဲ့သူဟာ သူတစ်ပါးကို ဘယ်တော့မှ စိတ်ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူူး။

ကိုယ်ကိုယ်တိုင် အမြဲတမ်း စိတ်ဆင်းရဲနေ တဲ့သူဟာ သူတစ်ပါးကိုလဲပဲ အမြဲတမ်း စိတ်ဆင်းရဲအောင် လုပ်တော့မှာပါပဲ။

ဆိုပါတော့။ အိမ်မှာ အိမ်ထောင်ဦးစီးက စိတ်တိုနေပြီ။

အကြောင်းတစ်ခုခုကြောင့် စိတ်တိုနေပြီဆိုရင် အိမ်မှာရှိတဲ့သူတွေကို အကြောင်းမရှိ အကြောင်းရှာပြီးတော့ ဟိုဆူဒီဆူ ဟိုကြမ်း ဒီကြမ်း မလုပ်ကြဘူးလား။

အဲဒီတော့ အိမ်ထောင်ဦးစီးပုဂ္ဂိုလ်က စိတ်တို နေပြီဆိုရင် အိမ်မှာရှိတဲ့ ပတ်ဝန်းကျင် မိသားစုတွေရော စိတ်မညစ်ရဘူးလား။

အဲဒီတော့ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် မနေတတ်တော့ ကိုယ့်ပတ်ဝန်းကျင်လည်း စိတ်ဆင်းရဲတော့တာပေါ့။

ငါတော့ စိတ်မချမ်းသာဘူး။ စိတ်ဆင်းရဲတယ် ကွယ်။ ဒါပေမယ့် မင်းတို့ကိုတော့ စိတ်ချမ်းသာ အောင် ထားချင်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ကိုယ့်ကိုယ်ကိုမှ စိတ်ချမ်းသာအောင် မနေတတ်ရင် ကိုယ့်ပတ်ဝန်းကျင်ကိုလဲ စိတ်ချမ်းသာအောင် မလုပ်ပေးတတ်ပါဘူး။

သမာဓိရှိတဲ့သူဟာ ကိုယ့်ကိုယ်ကိုလဲ စိတ်ဆင်းရဲအောင် ဘယ်တော့မှ မလုပ်ဘူူး။

ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ဘယ်တော့မှ စိတ်ဆင်းရဲအောင်မလုပ်ဘူး။

ဒါကြောင့် လောကမှာ သမာဓိဆိုတဲ့တရားဟာ အမြတ်ဆုံးပဲလို့

ဘုရားအလောင်း ပုရောဟိတ်ပုဏ္ဏားက တွေးပြီး တော့ တောထဲကို ဝင်သွားပြီး ရသေ့ရဟန်းပြု လိုက်ပါတယ်။

ပြုပြီးတော့ ဈာန်အထိ ဉာဏ်တွေကိုဖြစ်အောင်ကြိုးစား အားထုတ်ပြီးတော့ သေဆုံး သွားတဲ့အခါမှာ ဗြဟ္မာပြည်ရောက်ရှိသွားပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

`စိတ္ညစ္တယ္ဆိုတာ သမာဓိမရွိလို႔ပါ´

သမာဓိရွိတဲ့ ပုဂၢိဳလ္ဟာ ကိုယ့္ကိုယ္ကိုလည္း မညွည္းဆဲဘူး။ သူတစ္ပါးကိုလည္း မညွင္းဆဲ ဘူးတဲ့။

ေလာကမွာ ကိုယ့္ကိုယ္ကိုစိတ္ဆင္းရဲေအာင္လုပ္ေနတယ္ဆိုတာ သမာဓိ မရွိလို႔ပါပဲ။

သမာဓိ မရွိတဲ့သူေတြဟာ ကိုယ့္ကိုယ္ကို စိတ္ဆင္းရဲေအာင္ အၿမဲလုပ္ေနတယ္။

ဆိုလိုတာကေတာ့ သမာဓိ မရွိတဲ့သူေတြဟာ အၿမဲတမ္း စိတ္ညစ္ေနတယ္လို႔ ဆိုလိုတာပါ။

လူေတြ စိတ္ညစ္တယ္ စိတ္ညစ္တယ္ဆိုတာ သမာဓိမရွိလို႔ပါ။

သမာဓိမရွိေတာ့ စိတ္ညစ္စရာအေႀကာင္းေတြပဲ ေတြးေနမိေတာ့တာကိုး။

စိတ္ညစ္စရာ အေႀကာင္းေတြ ေတြးေနမွေတာ့ စိတ္ညစ္ရေတာ့မွာေပါ့။

သမာဓိ မရွိတဲ့သူရဲ႕ စိတ္ထဲကိုအေတြးေတြ အၿမဲတမ္း ဝင္ေနတယ္။

ဝင္ေတာ့လည္း ေကာင္းတဲ့အေတြးေတြ ဝင္လားဆိုေတာ့ မဟုတ္ဘူး။ မေကာင္းတဲ့ အေတြးေတြ ဝင္တာက မ်ားတယ္။

အမ်ားအားျဖင့္ အဆိုးေတြကိုပဲေတြးေနမိတတ္ႀကပါတယ္။

အဆိုးကိုေတြးေတာ့ ျဖစ္ၿပီးတဲ့ျပႆနာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ျပန္လည္ခံစားတယ္။ခံစားၿပီးေတာ့ စိတ္ညစ္ေနတယ္။

အဲဒီျပႆနာေတြမွာ ငါမွန္ရက္သားနဲ႔ သူက ဘယ္လို ဘယ္ညာ အဲဒီျပႆနာျဖစ္တုန္းကငါ့ရဲ ့ေစတနာကို သူနားမလည္ဘူး။

သူက ငါ့ကိုဘယ္လိုထင္တယ္ စသည္အားျဖင့္ျပီးခဲ့တာေတြ စားျမံဳ့ျပန္ၿပီး စိတ္ညစ္ေနတယ္။

ကိုယ္စိတ္ထဲမွာ ထားရံုနဲ႔ မၿပီးဘူး။ ကိုယ္ပတ္ဝန္းက်င္ကို ေျပာေသးတယ္။

ဘယ္တုန္းက ဘယ္ျပႆနာျဖစ္တုန္းက ကြ်ႏု္ပ္က ဘယ္လိုပါ။သူက ဘယ္လိုထင္တယ္။

အဲဒီလိုဆိုေတာ့ ကိုယ္ပတ္ဝန္းက်င္ကကိုယ့္ရဲ႕အပူေတြ ကူးစက္။

တစ္ခါ အဲဒီကိစၥျပႆနာျဖစ္တဲ့ ပုဂၢိဳလ္ဆီ ျပန္ေရာက္ေတာ့လည္း အဲဒီပုဂၢိဳလ္က တစ္ခါ စိတ္ညစ္။

အဲဒီလိုအားျဖင့္ သမာဓိမရွိတဲ့သူဟာ ကိုယ္ ကိုယ္တိုင္လည္း စိတ္ခ်မ္းသာေအာင္ မေန တတ္ဘူး။ အၿမဲတမ္း စိတ္ညစ္ေနတယ္။

ကိုယ့္ပတ္ဝန္းက်င္ ကိုယ့္နီးစပ္ရာကိုလည္းပဲ စိတ္မခ်မ္းသာေအာင္ စိတ္ညစ္ေအာင္ လုပ္တတ္ပါတယ္။

ဒီအခ်က္ဟာ ေလးေလးနက္နက္နဲ႔ခ်ဲ႕ထြင္ၿပီးေတာ့ စဥ္းစားရမွာပါပဲ။

ကိုယ့္ကိုယ္ကို စိတ္ခ်မ္းသာေအာင္ မေန တတ္တဲ့သူဟာ သူတစ္ပါးကို ဘယ္ေတာ့မွ စိတ္ခ်မ္းသာေအာင္ လုပ္မေပးႏိုင္ပါဘူူး။

ကိုယ္ကိုယ္တိုင္ အၿမဲတမ္း စိတ္ဆင္းရဲေန တဲ့သူဟာ သူတစ္ပါးကိုလဲပဲ အၿမဲတမ္း စိတ္ဆင္းရဲေအာင္ လုပ္ေတာ့မွာပါပဲ။

ဆိုပါေတာ့။ အိမ္မွာ အိမ္ေထာင္ဦးစီးက စိတ္တိုေနၿပီ။

အေႀကာင္းတစ္ခုခုေႀကာင့္ စိတ္တိုေနၿပီဆိုရင္ အိမ္မွာရွိတဲ့သူေတြကို အေႀကာင္းမရွိ အေႀကာင္းရွာၿပီးေတာ့ ဟိုဆူဒီဆူ ဟိုၾကမ္း ဒီၾကမ္း မလုပ္ၾကဘူးလား။

အဲဒီေတာ့ အိမ္ေထာင္ဦးစီးပုဂၢိဳလ္က စိတ္တို ေနၿပီဆိုရင္ အိမ္မွာရွိတဲ့ ပတ္ဝန္းက်င္ မိသားစုေတြေရာ စိတ္မညစ္ရဘူးလား။

အဲဒီေတာ့ ကိုယ့္ကိုယ္ကို စိတ္ခ်မ္းသာေအာင္ မေနတတ္ေတာ့ ကိုယ့္ပတ္ဝန္းက်င္လည္း စိတ္ဆင္းရဲေတာ့တာေပါ့။

ငါေတာ့ စိတ္မခ်မ္းသာဘူး။ စိတ္ဆင္းရဲတယ္ ကြယ္။ ဒါေပမယ့္ မင္းတို႔ကိုေတာ့ စိတ္ခ်မ္းသာ ေအာင္ ထားခ်င္တယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။

ကိုယ့္ကိုယ္ကိုမွ စိတ္ခ်မ္းသာေအာင္ မေနတတ္ရင္ ကိုယ့္ပတ္ဝန္းက်င္ကိုလဲ စိတ္ခ်မ္းသာေအာင္ မလုပ္ေပးတတ္ပါဘူး။

သမာဓိရွိတဲ့သူဟာ ကိုယ့္ကိုယ္ကိုလဲ စိတ္ဆင္းရဲေအာင္ ဘယ္ေတာ့မွ မလုပ္ဘူူး။

ကိုယ့္ပတ္ဝန္းက်င္ကိုလည္း ဘယ္ေတာ့မွ စိတ္ဆင္းရဲေအာင္မလုပ္ဘူး။

ဒါေႀကာင့္ ေလာကမွာ သမာဓိဆိုတဲ့တရားဟာ အျမတ္ဆံုးပဲလို႔

ဘုရားအေလာင္း ပုေရာဟိတ္ပုဏၰားက ေတြးၿပီး ေတာ့ ေတာထဲကို ဝင္သြားၿပီး ရေသ့ရဟန္းျပဳ လိုက္ပါတယ္။

ျပဳၿပီးေတာ့ စ်ာန္အထိ ဉာဏ္ေတြကိုျဖစ္​ေအာင္ႀကိဳးစား အားထုတ္ၿပီးေတာ့ ေသဆံုး သြားတဲ့အခါမွာ ျဗဟၼာျပည္ေရာက္ရွိသြားပါတယ္။

ဆရာေတာ္ အ႐ွင္ဆႏၵာဓိက(ေရႊပါရမီေတာရ)