ဘာမှ မရှိချိန်မှာတောင် လက်တွဲမဖြုတ်တာကို မေတ္တာစစ်လို့ခေါ်တယ်
ကိုယ့်ဘက်ထက် သူ့ဘက်ကို ပိုတွေးပေးတာကို ဖေးမမှုလို့ခေါ်တယ်
ပြဿနာတွေတက်တိုင်း အလျှော့ပေးတတ်တာကို သည်းခံမှုလို့ ခေါ်ပြီး
အမှားလုပ်မိလို့ တေးမှတ်မထားတာကို သဘောထားကြီးတယ်လို့ ခေါ်ပါတယ်။
အမှန်တော့ မေတ္တာစစ်တယ် သည်းခံတတ်တယ် ဖေးမတတ်ပြီး သဘောထားကြီးတယ် ဆိုတာတွေက ယောကျ်ားလေးဖြစ်ခြင်း မိန်းကလေးဖြစ်ခြင်းနဲ့လည်းမဆိုင်ဘူး
တစ်ဖက်လူအပေါ် တကယ် တန်ဖိုးထားခြင်း မထားခြင်းနဲ့ပဲ ဆိုင်ပါတယ်။
အချိန်တွေက ပြောပြသွားမှာပါ ကိုယ့်အပေါ် ဘယ်သူသစ္စာရှိ/ မရှိဆိုတာ အခက်အခဲတွေက ခွဲခြားပေးသွားမှာပါ။
ကိုယ့်အပေါ် ဘယ်သူ အနွံတာခံမခံဆိုတာ အဆင်မပြေမှုတွေက သိသာသွားစေမှာပါ။
ကိုယ့်ဘေးမှာ ဘယ်သူရှိချင်မရှိချင်ဆိုတာသိပ်ပြီး ဝမ်းမနည်းပါနဲ့။
နာကျင်ဖွယ်အချိန်တွေ စိတ်ပျက်စရာ အခက်အခဲတွေနဲ့ အသက်ရှုကြပ်လောက်စရာ အဆင်မပြေမှုတွေဟာ ဘဝရဲ့စမ်းသပ်ချက်တွေပါပဲ။
ဒီဒုက္ခတွေ ကြုံလာတဲ့အခါ ကိုယ့်အပေါ် တကယ်မေတ္တာမစစ်တဲ့သူတွေ ဆိုရင် ကိုယ့်ဘေးမှာ ကြာကြာနေနိုင်မှာ မဟုတ်ပါဘူး။
May Noe
အမှန်တော့ မေတ္တာစစ်တယ် သည်းခံတတ်တယ် ဖေးမတတ်ပြီး သဘောထားကြီးတယ် ဆိုတာတွေက ယောက်ျားလေးဖြစ်ခြင်း မိန်းကလေးဖြစ်ခြင်းနဲ့လည်းမဆိုင်ဘူး
May Noe