မင်းကွန်းဆရာတော်ကြီး၏ အံ့ဖွယ်စိတ်ထားတော်

ဆရာတော်ကြီးသည် ဧရာဝတီတိုင်း၊ပုသိမ်မြို့ မြို့လယ် သာသနာ့ဗိမာန်တော်ကြီး၌ ရဟန်းတော် များကို ဆုံးမသြဝါဒပေးရာ အခမ်းအနားတွင်……

အကျင့် ပဋိပတ် မပါဘူးဆိုရင် အောင်မြင်မှုအပေါ် ယစ်မူးပြီး မြွေဖမ်းဆရာ ဥပမာလို ဖြစ်တတ်ပါတယ် ဘုရား။

တပည့်တော် ကြုံတွေ့ခဲ့ရတာလေး တစ်ခု လျှောက်ပါရစေ……

တပည့်တော် တိပိဋကဓရ ဖြစ်ပြီးကာစက ကိစ္စလေးရှိလို့ မန္တလေးဘက် ကူးခဲ့ပါတယ်။ကမ်းနားမှာပါ။

တပည့်တော်ကို အချို့က တိပိဋကဓရ ကိုယ်တော် ဆိုတာ မသိကြပါဘူး။

လူကလည်း ပိန်ပိန်မို့ အိုစာနေတော့ ပိုဆိုးပါတယ်ဘုရား။ မြစ်ကမ်းနားကနေ ကားရှိရာဘက် ခြေကျင်သွားတာပါ။

အဲဒီမှာ ဘာတွေ့ရသလဲ ဆိုတော့…ကားသမားတွေက ဦးဇင်းကြီး ကားငှားဦးမလားတဲ.? ဘယ်သွားမလဲတဲ့ ?

ဆိုက်ကားဆရာတွေကလည်း…ဘယ်ပို့ရမလဲတဲ့?

သာမည ဘုန်းကြီးတစ်ပါးတွေ့လို့ မေးပုံမျိုး မေးကြပါတယ်။

အထမ်းသမား တစ်ယောက်ကဆိုပစ္စည်းတွေသယ်ရင်း တပည့်တော်ကို တိုက်သွားပါတယ်။

နောက်မှ ဦးဇင်းကြီး မတော်လို့နော်တဲ့။

နောက်တစ်ယောက်က…ကိုယ်တော်ကြီး…ဖယ်…ဖယ် တိုက်မိမယ်တဲ့။ ပြောသွားကြတာ။ ဆက်ဆံသွားကြတာ။

ဒီလိုဖြစ်တဲ့ ကိစ္စမှာ သူတို့အပြစ် မရှိပါဘူး။ သူတို့အလုပ် သူတို့လုပ်နေကြတာကိုး ဘုရား။

တပည့်တော်ကိုလည်း ဘယ်လို ဘုန်းကြီး၊ ဘာစာမေးပွဲ အောင်ထားတာဆိုတာကို သူတို့စိတ်မဝင်စားနိုင်ဘူးလေ။

သူတို့ ဝမ်းရေးက အဓိကကိုး ဘုရား။

ဒီမှာ တပည့်တော် ဘာ စဉ်းစားမိသလဲဆိုတော့…

သြော်…ငါ အောင်ထားတဲ့ စာမေးပွဲဟာ အောင်ကြောင်းသိတဲ့ လူတွေထဲသာ အသုံးဝင်တာပါလား။

ပူဇော်ပွဲ အခမ်းအနားမှာသာ တန်ဖိုးရှိတာပါလား။

ငါ့ကို ကာကွယ်စောင့်ရှောက် မနေကြပါလား။ အောင်မြင်မှုကို ယစ်မူးလို့ ပစ္စည်း-မာတုတွေနဲ့ အချိန်ဖြုန်းနေရင် ငါပဲ နစ်နာမှာပါလား။

သိသူထဲရော မသိသူတွေ ကြားမှာပါ အသုံးဝင်တာ အကျင့်ပဋိပတ်ပါလား။

ငါကိုယ်တိုင်ကျင့်ထားတဲ့ သီလ၊သမာဓိ၊ ပညာတွေကသာ ငါ့ကိုအမှန်တကယ် ပစ္စုပ္ပန်-သံသရာ စောင့်ရှောက်မှာပါလား စသည်ဖြင့် တွေးမိပါတယ် ဘုရား…ဟူ၍ဖြစ်သည်။

လူ့လောကတွင် ပညာလေးတတ်လို့ အာဏာလေးရှိလာပြီဆိုလျှင်…

ငါဘာကောင်လဲ သိစေရမယ် ဟူသော မာနများ ရှိတတ်ကြသည့် လောကကြီးထဲမှာဆရာတော်ကြီးလည်း အပါအဝင် ဖြစ်ခဲ့ဖူးလေသည်။

သို့သော်… ဆရာတော်ကြီးသည် တရားနှင့် သိမ်းဆည်းနိုင်ခဲ့သည်ကိုတွေ့ရှိရပါတယ်။

တစ်ခါက ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော်ကမင်းကွန်းဆရာတော်ကြီးကို ဤသို့ မေးလျှောက်ဘူး၏……

မင်းကွန်းတိပိဋကဓရဆရာတော် အနေဖြင့် တရားဟောသည့်အခါ ပါဠိတော်ကို အဋ္ဌကထာ၊

ဋီကာ၊နိဿယ တို့နှင့် နှီးနှော၍ အပိုအလို မရှိအောင် မည်သို့ မည်ပုံ ဟောပါလဲဟု လျှောက်ထားဖူးသည်။

ထိုအခါ တိပိဋကဓရဆရာတော်ကြီးက ဤသို့ ပြန်ဖြေခဲ့၏။

တပည့်တော် တရားဟောတဲ့အခါ…

ဘုရားရှင်ကို မျက်စိထဲမှာပေါ်လာအောင် အာရုံယူပြီးမှ တရားဟောပါတယ်။

အဲဒီလို အာရုံယူလိုက်တဲ့အခါ တပည့်တော်ရဲ့နှုတ်က လှုပ်ရုံနဲ့ တရားတော်တွေဟာ ဘုရားရှင် တိုက်ရိုက်ဟောသလို စီရရီထွက်လာတာပါပဲ ဘုရား။

တရားပွဲ မပြီးမချင်း တပည့်တော် ဘာကိုမှ သတိမရဘဲ တရားထဲမှာ နစ်မျောပြီးတရားပွဲပြီးလို့

ပရိတ်သတ်တွေက သာဓု သာဓု သာဓုလို့ ခေါ်မှတပည့်တော် တရားဟောနေတာပါလား လို့ သတိပြန်ရတယ်ဘုရား ဟူ၍ဖြစ်သည်။

ဆရာတော်ကြီး၏ စကားအဆိုအရမူ…

တရားဟောခြင်းသည် မိမိ၏ အတ္တနောမတိကို တင်ပြဟောကြားနေခြင်း မဟုတ်ဘဲ

ဘုရားရှင်၏ စကားတော်တို့ကို ပြန်လည် ရှင်းပြနေခြင်းသာဖြစ်၏။

ဤသို့ဟောပြောနေစဉ် စိတ်က ဘုရားရှင်အား ပူဇော်နေခြင်းဟု ခံယူထားခြင်းသဘောကို တွေ့ရ၏။

အံ့ဘြဖွယ်ကောင်းပေစွ…

ထို့ထက် ကျွန်တော် အံ့သြလေးစားကြည်ညိုမိသည့်ဆရာတော်ကြီး၏ စကားတော်မှာအောက်ပါအတိုင်း ဖြစ်ပါသည်။

ဆရာတော်ကြီးသည် အသက်အရွယ်အိုမင်းနေပြီဖြစ်သောလည်းတရားဟော၊တရားဖြန်ဖြူးခြင်းနှင့်ဆိုင်သော ဓမ္မကိစ္စများကို အားသွန်ခွန်စိုက် ရွက်ဆောင်လေ့ ရှိသဖြင့်…

နားနား နေနေနှင့် သက်တောင့် သက်သာနေရန် ဒကာများက လျှောက်ထားသောအခါ…

ဆရာတော်ကြီးက …တရားဟောတာဟာ…မပင်ပမ်းပါဘူး။

ရပြီးသား စာတွေ ပြန်ရွတ်ရတာ မပင်ပမ်းပါဘူး။ ဒီပါးစပ်က ဘဝပေါင်းများစွာ ထင်ရာတွေ ပေါက်လွှတ်ပဲစား ပြောလာခဲ့တာ။

အခုလို ဘဝကောင်း၊အခါကောင်း ကြုံခိုက်၊ ရှင်တော်မြတ်ဘုရားရဲ့ တရားတွေ ပေးလှူ ဖြန့်ဖြူးနေရတာ အင်မတန် မွန်မြတ်တဲ့အလုပ်ပဲ မဟုတ်လားဟု…မိန့်တော်မူပါသည်။

အားကျ အတုယူ အံ့သြ လေးစား ကြည်ညိုဖွယ် မကောင်းပေဘူးလား ဓမ္မမိတ်ဆွေများခင်ဗျာ

သာသနာ့အာဇာနည်ဆရာတော်ကြီးအား ဤစာစုဖြင့်ပူဇော် ကန်တော့လိုက်ရပါတယ်…

ခင်ဇော်

မင္းကြန္းဆရာေတာ္ႀကီး၏ အံ့ဖြယ္စိတ္ထားေတာ္

ဆရာေတာ္ႀကီးသည္ ဧရာဝတီတိုင္း၊ပုသိမ္ၿမိဳ႕ ၿမိဳ႕လယ္ သာသနာ့ဗိမာန္ေတာ္ႀကီး၌ ရဟန္းေတာ္ မ်ားကို ဆုံးမၾသဝါဒေပးရာ အခမ္းအနားတြင္……

အက်င့္ ပဋိပတ္ မပါဘူးဆိုရင္ ေအာင္ျမင္မႈအေပၚ ယစ္မူးၿပီး ေႁမြဖမ္းဆရာ ဥပမာလို ျဖစ္တတ္ပါတယ္ ဘုရား။

တပည့္ေတာ္ ႀကဳံေတြ႕ခဲ့ရတာေလး တစ္ခု ေလွ်ာက္ပါရေစ……

တပည့္ေတာ္ တိပိဋကဓရ ျဖစ္ၿပီးကာစက ကိစၥေလးရွိလို႔ မႏၲေလးဘက္ ကူးခဲ့ပါတယ္။ကမ္းနားမွာပါ။

တပည့္ေတာ္ကို အခ်ိဳ႕က တိပိဋကဓရ ကိုယ္ေတာ္ ဆိုတာ မသိၾကပါဘူး။

လူကလည္း ပိန္ပိန္မို႔ အိုစာေနေတာ့ ပိုဆိုးပါတယ္ဘုရား။ ျမစ္ကမ္းနားကေန ကားရွိရာဘက္ ေျခက်င္သြားတာပါ။

အဲဒီမွာ ဘာေတြ႕ရသလဲ ဆိုေတာ့…ကားသမားေတြက ဦးဇင္းႀကီး ကားငွားဦးမလားတဲ.? ဘယ္သြားမလဲတဲ့ ?

ဆိုက္ကားဆရာေတြကလည္း…ဘယ္ပို႔ရမလဲတဲ့?

သာမည ဘုန္းႀကီးတစ္ပါးေတြ႕လို႔ ေမးပုံမ်ိဳး ေမးၾကပါတယ္။

အထမ္းသမား တစ္ေယာက္ကဆိုပစၥည္းေတြသယ္ရင္း တပည့္ေတာ္ကို တိုက္သြားပါတယ္။

ေနာက္မွ ဦးဇင္းႀကီး မေတာ္လို႔ေနာ္တဲ့။

ေနာက္တစ္ေယာက္က…ကိုယ္ေတာ္ႀကီး…ဖယ္…ဖယ္ တိုက္မိမယ္တဲ့။ ေျပာသြားၾကတာ။ ဆက္ဆံသြားၾကတာ။

ဒီလိုျဖစ္တဲ့ ကိစၥမွာ သူတို႔အျပစ္ မရွိပါဘူး။ သူတို႔အလုပ္ သူတို႔လုပ္ေနၾကတာကိုး ဘုရား။

တပည့္ေတာ္ကိုလည္း ဘယ္လို ဘုန္းႀကီး၊ ဘာစာေမးပြဲ ေအာင္ထားတာဆိုတာကို သူတို႔စိတ္မဝင္စားႏိုင္ဘူးေလ။

သူတို႔ ဝမ္းေရးက အဓိကကိုး ဘုရား။

ဒီမွာ တပည့္ေတာ္ ဘာ စဥ္းစားမိသလဲဆိုေတာ့…

ေၾသာ္…ငါ ေအာင္ထားတဲ့ စာေမးပြဲဟာ ေအာင္ေၾကာင္းသိတဲ့ လူေတြထဲသာ အသုံးဝင္တာပါလား။

ပူေဇာ္ပြဲ အခမ္းအနားမွာသာ တန္ဖိုးရွိတာပါလား။

ငါ့ကို ကာကြယ္ေစာင့္ေရွာက္ မေနၾကပါလား။ ေအာင္ျမင္မႈကို ယစ္မူးလို႔ ပစၥည္း-မာတုေတြနဲ႔ အခ်ိန္ျဖဳန္းေနရင္ ငါပဲ နစ္နာမွာပါလား။

သိသူထဲေရာ မသိသူေတြ ၾကားမွာပါ အသုံးဝင္တာ အက်င့္ပဋိပတ္ပါလား။

ငါကိုယ္တိုင္က်င့္ထားတဲ့ သီလ၊သမာဓိ၊ ပညာေတြကသာ ငါ့ကိုအမွန္တကယ္ ပစၥဳပၸန္-သံသရာ ေစာင့္ေရွာက္မွာပါလား စသည္ျဖင့္ ေတြးမိပါတယ္ ဘုရား…ဟူ၍ျဖစ္သည္။

လူ႔ေလာကတြင္ ပညာေလးတတ္လို႔ အာဏာေလးရွိလာၿပီဆိုလွ်င္…

ငါဘာေကာင္လဲ သိေစရမယ္ ဟူေသာ မာနမ်ား ရွိတတ္ၾကသည့္ ေလာကႀကီးထဲမွာဆရာေတာ္ႀကီးလည္း အပါအဝင္ ျဖစ္ခဲ့ဖူးေလသည္။

သို႔ေသာ္… ဆရာေတာ္ႀကီးသည္ တရားႏွင့္ သိမ္းဆည္းႏိုင္ခဲ့သည္ကိုေတြ႕ရွိရပါတယ္။

တစ္ခါက ပခုကၠဴၿမိဳ႕ မဟာဝိသုတာရာမတိုက္ ဆရာေတာ္ကမင္းကြန္းဆရာေတာ္ႀကီးကို ဤသို႔ ေမးေလွ်ာက္ဘူး၏……

မင္းကြန္းတိပိဋကဓရဆရာေတာ္ အေနျဖင့္ တရားေဟာသည့္အခါ ပါဠိေတာ္ကို အ႒ကထာ၊

ဋီကာ၊နိႆယ တို႔ႏွင့္ ႏွီးေႏွာ၍ အပိုအလို မရွိေအာင္ မည္သို႔ မည္ပုံ ေဟာပါလဲဟု ေလွ်ာက္ထားဖူးသည္။

ထိုအခါ တိပိဋကဓရဆရာေတာ္ႀကီးက ဤသို႔ ျပန္ေျဖခဲ့၏။

တပည့္ေတာ္ တရားေဟာတဲ့အခါ…

ဘုရားရွင္ကို မ်က္စိထဲမွာေပၚလာေအာင္ အာ႐ုံယူၿပီးမွ တရားေဟာပါတယ္။

အဲဒီလို အာ႐ုံယူလိုက္တဲ့အခါ တပည့္ေတာ္ရဲ႕ႏႈတ္က လႈပ္႐ုံနဲ႔ တရားေတာ္ေတြဟာ ဘုရားရွင္ တိုက္႐ိုက္ေဟာသလို စီရရီထြက္လာတာပါပဲ ဘုရား။

တရားပြဲ မၿပီးမခ်င္း တပည့္ေတာ္ ဘာကိုမွ သတိမရဘဲ တရားထဲမွာ နစ္ေမ်ာၿပီးတရားပြဲၿပီးလို႔

ပရိတ္သတ္ေတြက သာဓု သာဓု သာဓုလို႔ ေခၚမွတပည့္ေတာ္ တရားေဟာေနတာပါလား လို႔ သတိျပန္ရတယ္ဘုရား ဟူ၍ျဖစ္သည္။

ဆရာေတာ္ႀကီး၏ စကားအဆိုအရမူ…

တရားေဟာျခင္းသည္ မိမိ၏ အတၱေနာမတိကို တင္ျပေဟာၾကားေနျခင္း မဟုတ္ဘဲ

ဘုရားရွင္၏ စကားေတာ္တို႔ကို ျပန္လည္ ရွင္းျပေနျခင္းသာျဖစ္၏။

ဤသို႔ေဟာေျပာေနစဥ္ စိတ္က ဘုရားရွင္အား ပူေဇာ္ေနျခင္းဟု ခံယူထားျခင္းသေဘာကို ေတြ႕ရ၏။

အံ့ၾဘဖြယ္ေကာင္းေပစြ…

ထို႔ထက္ ကြၽန္ေတာ္ အံ့ၾသေလးစားၾကည္ညိဳမိသည့္ဆရာေတာ္ႀကီး၏ စကားေတာ္မွာေအာက္ပါအတိုင္း ျဖစ္ပါသည္။

ဆရာေတာ္ႀကီးသည္ အသက္အ႐ြယ္အိုမင္းေနၿပီျဖစ္ေသာလည္းတရားေဟာ၊တရားျဖန္ျဖဴးျခင္းႏွင့္ဆိုင္ေသာ ဓမၼကိစၥမ်ားကို အားသြန္ခြန္စိုက္ ႐ြက္ေဆာင္ေလ့ ရွိသျဖင့္…

နားနား ေနေနႏွင့္ သက္ေတာင့္ သက္သာေနရန္ ဒကာမ်ားက ေလွ်ာက္ထားေသာအခါ…

ဆရာေတာ္ႀကီးက …တရားေဟာတာဟာ…မပင္ပမ္းပါဘူး။

ရၿပီးသား စာေတြ ျပန္႐ြတ္ရတာ မပင္ပမ္းပါဘူး။ ဒီပါးစပ္က ဘဝေပါင္းမ်ားစြာ ထင္ရာေတြ ေပါက္လႊတ္ပဲစား ေျပာလာခဲ့တာ။

အခုလို ဘဝေကာင္း၊အခါေကာင္း ႀကဳံခိုက္၊ ရွင္ေတာ္ျမတ္ဘုရားရဲ႕ တရားေတြ ေပးလႉ ျဖန္႔ျဖဴးေနရတာ အင္မတန္ မြန္ျမတ္တဲ့အလုပ္ပဲ မဟုတ္လားဟု…မိန္႔ေတာ္မူပါသည္။

အားက် အတုယူ အံ့ၾသ ေလးစား ၾကည္ညိဳဖြယ္ မေကာင္းေပဘူးလား ဓမၼမိတ္ေဆြမ်ားခင္ဗ်ာ

သာသနာ့အာဇာနည္ဆရာေတာ္ႀကီးအား ဤစာစုျဖင့္ပူေဇာ္ ကန္ေတာ့လိုက္ရပါတယ္…

ခင္ေဇာ္