ကံကြမ္မာဝဋ်ကြွေး ပြေးမလွတ်ပါ
လူ့ဘဝမှာ မကောင်းမှုတွေလုပ်ခဲ့သမျှဟာဘဝသံသရာအတွက် ဝဋ်ကြွေးတွေချည်းပါပဲ။
ကံကြမ္မာဝဋ်ကြွေးဆိုတာအနှိုင်းမဲ့မြတ်ဗုဒ္ဓတောင်မှ ပြေးမလွတ်ခဲ့ပါဘူး။
ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်
မိမိပြုလုပ်ခဲ့တဲ့ လွဲမှားတဲ့အရာမှန်သမျှဟာ
ဘယ်လိုဆင်ခြေမျိုးတွေပဲပေးပေး
မိမိသန္တန်မှာ မပျောက်မပျက်ရှိနေမှာဖြစ်ပြီး
ဒီဝဋ်ကြွေးတွေက လွတ်အောင်ပြေးဖို့ဆိုတာဘယ်သံသရာမှာမှမရှိပါဘူး။
ဒီတော့ကာကံကြမ္မာဝဋ်ကြွေးတွေ သံသရာမှာမတင်ရှိဖို့၊
မပေးဆပ်ကြရဖို့အတွက် မကောင်းတဲ့စိတ်တွေ၊
မကောင်းတဲ့ အပြုအမူတွေ၊ မကောင်းတဲ့ လုပ်ရပ်တွေကိုလက်တွေ့မပြောနဲ့၊
စိတ်အကြံလေးနဲ့တောင် မတွေးကြပါနဲ့၊
မကြံကြပါနဲ့၊ မပြောကြပါနဲ့၊ မလုပ်ကြပါနဲ့။
တစ်ဘဝစာ တစ်ခဏတာ အရေးကြည့်ပြီးလည်းမကောင်းမှုမပြုကြပါနဲ့။ မကောင်းတာမကြံကြပါနဲ့။
မကောင်းတဲ့အတွေးအခေါ် အယူအဆနဲ့ လုပ်ရပ်တွေဟာ
ဘဝဝဋ်ကြွေးတွေချည်းပဲဖြစ်တယ်ဆိုတာ သတိထားရှောင်ကြဉ်ကြိုးကုတ်အားထုတ်တော်မူနိုင်ကြပါစေ။
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများတရာတော်မှ)
ကံၾကမၼာဝဋ္ေႂကြး ေျပးမလြတ္ပါ
လူ႔ဘဝမွာ မေကာင္းမႈေတြလုပ္ခဲ့သမွ်ဟာဘဝသံသရာအတြက္ ဝဋ္ေႂကြးေတြခ်ည္းပါပဲ။
ကံၾကမၼာဝဋ္ေႂကြးဆိုတာအႏႈိင္းမဲ့ျမတ္ဗုဒၶေတာင္မွ ေျပးမလြတ္ခဲ့ပါဘူး။
ဘယ္သူပဲျဖစ္ျဖစ္၊ ဘယ္လိုပုဂၢိဳလ္ပဲျဖစ္ျဖစ္
မိမိျပဳလုပ္ခဲ့တဲ့ လြဲမွားတဲ့အရာမွန္သမွ်ဟာ
ဘယ္လိုဆင္ေျခမ်ိဳးေတြပဲေပးေပး
မိမိသႏၲန္မွာ မေပ်ာက္မပ်က္ရွိေနမွာျဖစ္ၿပီး
ဒီဝဋ္ေႂကြးေတြက လြတ္ေအာင္ေျပးဖို႔ဆိုတာဘယ္သံသရာမွာမွမရွိပါဘူး။
ဒီေတာ့ကာကံၾကမၼာဝဋ္ေႂကြးေတြ သံသရာမွာမတင္ရွိဖို႔၊
မေပးဆပ္ၾကရဖို႔အတြက္ မေကာင္းတဲ့စိတ္ေတြ၊
မေကာင္းတဲ့ အျပဳအမူေတြ၊ မေကာင္းတဲ့ လုပ္ရပ္ေတြကိုလက္ေတြ႕မေျပာနဲ႔၊
စိတ္အႀကံေလးနဲ႔ေတာင္ မေတြးၾကပါနဲ႔၊
မႀကံၾကပါနဲ႔၊ မေျပာၾကပါနဲ႔၊ မလုပ္ၾကပါနဲ႔။
တစ္ဘဝစာ တစ္ခဏတာ အေရးၾကည့္ၿပီးလည္းမေကာင္းမႈမျပဳၾကပါနဲ႔။ မေကာင္းတာမႀကံၾကပါနဲ႔။
မေကာင္းတဲ့အေတြးအေခၚ အယူအဆနဲ႔ လုပ္ရပ္ေတြဟာ
ဘဝဝဋ္ေႂကြးေတြခ်ည္းပဲျဖစ္တယ္ဆိုတာ သတိထားေရွာင္ၾကဥ္ႀကိဳးကုတ္အားထုတ္ေတာ္မူႏိုင္ၾကပါေစ။
ပါေမာကၡခ်ဳပ္ ဆရာေတာ္
ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ
(ဘုရားေသာ္မွေပးဆပ္ရသည့္ ကံၾကမၼာဝဋ္ေႂကြးမ်ားတရာေတာ္မွ)