တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွေပွားနေမယ်ဆိုရင်
ကိုယ့်သံယောဇဉ်ကြောင့် ကိုယ်ဒုက္ခရောက်ရမှာဖြစ်သလို
သူ့သံယောဇဉ်ကြောင့် သူဒုက္ခရောက်ရလိမ့်မယ်..
ကိုယ့်ကြောင့် သူ့ကိုမဆင်းရဲစေချင်ဘူးဆိုရင်
ကိုယ့်အပေါ်မှာရှိနေတဲ့ သူ့ရဲ့သံယောဇဉ်တွေကိုကြီးထွားသွားအောင် မလုပ်ပါနဲ့..
သူ့ကြောင့် ကိုယ်မဆင်းရဲချင်ဘူးဆိုရင်လည်း
သူ့အပေါ်မှာရှိနေတဲ့ ကိုယ့်ရဲ့သံယောဇဉ်တွေကို လျှော့ချပစ်ပါ..
ဘယ်သူ့အပေါ်မှာထားတဲ့ ဘယ်သူ့ရဲ့သံယောဇဉ်ပဲဖြစ်ဖြစ်
ဒုက္ခကိုဖြစ်စေမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး..
စားသောက်ထားတဲ့ အစားအစာတွေဟာ မုချ ကျင်ကြီးကျင်ငယ်ကိုဖြစ်စေသလိုပဲ
ထားမိတဲ့ သံယောဇဉ်တွေဟာသေချာပေါက် ဆင်းရဲကိုဖြစ်စေလိမ့်မယ်..
သံယောဇဉ်များခြင်းဟာ ဒုက္ခများခြင်းပဲဖြစ်ပါတယ်..
ဒုက္ခ မများချင်ဘူးဆိုရင်ကိုယ်ကလည်း ဘယ်သူ့ကိုမှ မငြိနဲ့..
ကိုယ့်ကိုလည်း ဘယ်သူကမှ မငြိစေနဲ့..
တစ်ယောက်ကိုတစ်ယောက် ငြိမိလို့ကတော့
ချည်ဝင်အူပေါက်လို ရှင်းမရအောင် ရှုပ်သွားလိမ့်မယ်..
ဒါကြောင့် ဒုက္ခမများစေချင်ဘူးဆိုရင် အားလုံးအပေါ်မှာ ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ..
“တစ်ကယ်တော့ အသက်ရှူနေသမျှ လောကဓံတွေဖြစ်နေတာပဲ”
ကဲ့ရဲ့ခံရတဲ့အခါ စိတ်မကောင်းသိပ်မဖြစ်သင့်ဘူး..
သူတို့စိတ်ထဲ မကောင်းဘူးလို့ထင်လို့ဖြစ်မှာပေါ့..
ထင်စရာအကြောင်းလည်း ရှိလို့နေမှာပေါ့..
ကိုယ်လည်း သူများကို ထင်သလိုပဲပေါ့..
စကားဆိုတာ သူတို့စိတ်ထဲမှာရှိတာကို ဖွင့်ဟပြလိုက်တာ..
ချီးမွမ်းတယ်ဆိုတာ မင်းကိုကောင်းတယ်ထင်ကြောင်း
ကဲ့ရဲ့တယ်ဆိုတာ မကောင်းဘူးထင်ကြောင်းပြလိုက်တာ..
အဲဒီစကားတွေကတစ်ဆင့်
ကိုယ့်ကိုမုန်းတယ် မကောင်းထင်တယ်ဆိုတာကို ခံစားရတယ်..
အဲဒီအခါ စိတ်ထဲတော်တော်ခံစားရလိမ့်မယ်..
သူများအထင်ကြီးကို ကိုယ်ကခံစားတာနော်
သေသေချာချာစဉ်းစားကြည့်.. သူများက ကိုယ့်ကိုချစ်တယ်လို့ ထင်ရင်တော့
တော်တော်ဝမ်းသာတယ် ပျော်တယ်..
သူ့စိတ်ထဲဖြစ်တဲ့အထင်ကို ဘယ့်နှယ်ကြောင့်ကိုယ်က ဒီမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေရသလဲ..
စဉ်းစားကြည့်ရင် တော်တော်လည်း စိတ်ဝင်စားစရာကောင်းတယ်..
ဒီလောကဓံတွေကို လူမိုက်တွေရဲ့ တုံ့ပြန်ပုံကဒီလိုပါ..
ဒါတွေဟာမမြဲ ဆင်းရဲ အနှစ်မရှိဘူးဆိုတာကို မသိဘူး..
ဒီတော့ ကောင်းတယ်လို့ထင်ရင်ဝမ်းသာယစ်မူး စွဲလန်းတယ်..
မကောင်းဘူးလို့ထင်ရင် ဝမ်းနည်းကြေကွဲပြီး မလိုချင်ဘူး..
တစ်ကယ်တော့ စွဲလမ်းတယ်ဆိုတာဟာ
နောင်တစ်ချိန်မှာ အကြီးအကျယ်ပူရာပူကြောင်းကို ကြိုလုပ်နေတာ..
ကိုယ့်ကိုကိုယ်ဆင်းရဲအောင် ဘွတ်ကင်ကြိုလုပ်ထားသလိုပဲ..
ပညာရှိတွေကတော့ ဒါတွေဟာ မမြဲဆင်းရဲအစိုးမရဘူးဆိုတာ သိတယ်..
အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတွေပဲ
အချိန်တန်ရင် ပြီးသွားမှာပဲဆိုတာကို သိတယ်..
တစ်ကယ်တော့အသက်ရှူနေသမျှ လောကဓံတွေဖြစ်နေတာပါပဲ..
သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ
“ဒုကၡမမ်ားေစခ်င္ဘူးဆိုရင္ အားလုံးအေပၚမွာ ခပ္စိမ္းစိမ္းပဲ ေနလိုက္ပါ”
တစ္ေယာက္ကို တစ္ေယာက္ သံေယာဇဥ္ေတြပြားေနမယ္ဆိုရင္
ကိုယ့္သံေယာဇဥ္ေၾကာင့္ ကိုယ္ဒုကၡေရာက္ရမွာျဖစ္သလို
သူ႔သံေယာဇဥ္ေၾကာင့္ သူဒုကၡေရာက္ရလိမ့္မယ္..
ကိုယ့္ေၾကာင့္ သူ႔ကိုမဆင္းရဲေစခ်င္ဘူးဆိုရင္
ကိုယ့္အေပၚမွာရွိေနတဲ့ သူ႔ရဲ႕သံေယာဇဥ္ေတြကိုႀကီးထြားသြားေအာင္ မလုပ္ပါနဲ႔..
သူ႔ေၾကာင့္ ကိုယ္မဆင္းရဲခ်င္ဘူးဆိုရင္လည္း
သူ႔အေပၚမွာရွိေနတဲ့ ကိုယ့္ရဲ႕သံေယာဇဥ္ေတြကို ေလ်ွာ့ခ်ပစ္ပါ..
ဘယ္သူ႔အေပၚမွာထားတဲ့ ဘယ္သူ႔ရဲ႕သံေယာဇဥ္ပဲျဖစ္ျဖစ္
ဒုကၡကိုျဖစ္ေစမယ္ဆိုတာ သံသယျဖစ္စရာမရွိဘူး..
စားေသာက္ထားတဲ့ အစားအစာေတြဟာ မုခ် က်င္ႀကီးက်င္ငယ္ကိုျဖစ္ေစသလိုပဲ
ထားမိတဲ့ သံေယာဇဥ္ေတြဟာေသခ်ာေပါက္ ဆင္းရဲကိုျဖစ္ေစလိမ့္မယ္..
သံေယာဇဥ္မ်ားျခင္းဟာ ဒုကၡမ်ားျခင္းပဲျဖစ္ပါတယ္..
ဒုကၡ မမ်ားခ်င္ဘူးဆိုရင္ကိုယ္ကလည္း ဘယ္သူ႔ကိုမွ မၿငိနဲ႔..
ကိုယ့္ကိုလည္း ဘယ္သူကမွ မၿငိေစနဲ႔..
တစ္ေယာက္ကိုတစ္ေယာက္ ၿငိမိလို႔ကေတာ့
ခ်ည္ဝင္အူေပါက္လို ရွင္းမရေအာင္ ရႈပ္သြားလိမ့္မယ္..
ဒါေၾကာင့္ ဒုကၡမမ်ားေစခ်င္ဘူးဆိုရင္ အားလုံးအေပၚမွာ ခပ္စိမ္းစိမ္းပဲ ေနလိုက္ပါ..
“တစ္ကယ္ေတာ့ အသက္ရွဴေနသမ်ွ ေလာကဓံေတြျဖစ္ေနတာပဲ”
ကဲ့ရဲ႕ခံရတဲ့အခါ စိတ္မေကာင္းသိပ္မျဖစ္သင့္ဘူး..
သူတို႔စိတ္ထဲ မေကာင္းဘူးလို႔ထင္လို႔ျဖစ္မွာေပါ႔..
ထင္စရာအေၾကာင္းလည္း ရွိလို႔ေနမွာေပါ႔..
ကိုယ္လည္း သူမ်ားကို ထင္သလိုပဲေပါ႔..
စကားဆိုတာ သူတို႔စိတ္ထဲမွာရွိတာကို ဖြင့္ဟျပလိုက္တာ..
ခ်ီးမြမ္းတယ္ဆိုတာ မင္းကိုေကာင္းတယ္ထင္ေၾကာင္း
ကဲ့ရဲ႕တယ္ဆိုတာ မေကာင္းဘူးထင္ေၾကာင္းျပလိုက္တာ..
အဲဒီစကားေတြကတစ္ဆင့္
ကိုယ့္ကိုမုန္းတယ္ မေကာင္းထင္တယ္ဆိုတာကို ခံစားရတယ္..
အဲဒီအခါ စိတ္ထဲေတာ္ေတာ္ခံစားရလိမ့္မယ္..
သူမ်ားအထင္ႀကီးကို ကိုယ္ကခံစားတာေနာ္
ေသေသခ်ာခ်ာစဥ္းစားၾကည့္.. သူမ်ားက ကိုယ့္ကိုခ်စ္တယ္လို႔ ထင္ရင္ေတာ့
ေတာ္ေတာ္ဝမ္းသာတယ္ ေပ်ာ္တယ္..
သူ႔စိတ္ထဲျဖစ္တဲ့အထင္ကို ဘယ့္ႏွယ္ေၾကာင့္ကိုယ္က ဒီမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ေနရသလဲ..
စဥ္းစားၾကည့္ရင္ ေတာ္ေတာ္လည္း စိတ္ဝင္စားစရာေကာင္းတယ္..
ဒီေလာကဓံေတြကို လူမိုက္ေတြရဲ႕ တုံ႕ျပန္ပုံကဒီလိုပါ..
ဒါေတြဟာမၿမဲ ဆင္းရဲ အႏွစ္မရွိဘူးဆိုတာကို မသိဘူး..
ဒီေတာ့ ေကာင္းတယ္လို႔ထင္ရင္ဝမ္းသာယစ္မူး စဲြလန္းတယ္..
မေကာင္းဘူးလို႔ထင္ရင္ ဝမ္းနည္းေၾကကဲြၿပီး မလိုခ်င္ဘူး..
တစ္ကယ္ေတာ့ စဲြလမ္းတယ္ဆိုတာဟာ
ေနာင္တစ္ခ်ိန္မွာ အႀကီးအက်ယ္ပူရာပူေၾကာင္းကို ႀကိဳလုပ္ေနတာ..
ကိုယ့္ကိုကိုယ္ဆင္းရဲေအာင္ ဘြတ္ကင္ႀကိဳလုပ္ထားသလိုပဲ..
ပညာရွိေတြကေတာ့ ဒါေတြဟာ မျမဲဆင္းရဲအစိုးမရဘူးဆိုတာ သိတယ္..
အေၾကာင္းေၾကာင့္ျဖစ္တဲ့အက်ိဳးေတြပဲ
အခ်ိန္တန္ရင္ ၿပီးသြားမွာပဲဆိုတာကို သိတယ္..
တစ္ကယ္ေတာ့အသက္ရွဴေနသမ်ွ ေလာကဓံေတြျဖစ္ေနတာပါပဲ..
သစၥာေရႊစည္ဆရာေတာ္ အရွင္ဥတၱမ