လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊
“နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေက ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။
နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။
ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်။
နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊ငှက်ပျောသီးဆိုလည်း အဖီးလိုက်။
ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။(သာယာချင်တယ်။)
သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။
ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။
အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။
လုပ်ငန်း၊ကိုင်ငန်း စီးပွါးရေးတွေလည်းအဆင်ပြေမှာ မဟုတ်တော့ဘူး။
ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။
ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊
သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်း အေးနေအောင်ထားမယ် ဆိုရင်
အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊အစစအရာရာ အဆင်ပြေမှာပါ။
သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။“နှစ်ခါ”။
နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။
ကဲ . . . ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။“ဆယ်ခါ”။
တော်တော်တရားတယ်။ဘုရားကျတော့ ရေငတ် ထားတယ်။ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။
အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကိုသောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင်ပိုကောင်းတယ်နော်။
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ“မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ”
တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေးလဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။
ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ
ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်၊ ကိုယ်သောက်မယ့်ခွက်ကိုလက်ကလေးနဲ့ ကိုင်ထားပြီးတော့
“မြတ်စွာဘုရားရှင်အား သောက်တော်ရေလှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့
မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။
ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ကပ်လိုက်ရုံပါပဲ။ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။
ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။
ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကိုသောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။
အရက်သမား၊ဘီယာသမား တချို့တောင်အရက်သောက်ခါနီး၊ဘီယာသောက်ခါနီး ကိုယ်သောက်မယ့်
အရက်ပုလင်း၊ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကိုပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊အာရုံပြုကြသေးတယ်မဟုတ်လား။
ကိုကြီးကျော် တပည့်တွေထက်၊ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။
သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။
နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။
မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။
သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားပေါ့။
သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ“ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့
တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့စွန့်ပြီး စားပေါ့နော်။ မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။
ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။
အဲဒီတော့ ဘုရားကပ်ပြီးတော့စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။
နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။
အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။သောက်တော် ရေချမ်းမနွေးပါစေနဲ့။
ဒါ အရေးကြီးပါတယ်။။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
“ဘုရားပန္း မညႇိဳးမွ . . . အစြမ္းတိုးမယ္”
လူအမ်ားစုရဲ႕သဘာဝ ၊ အမ်ားစုရယ္ မဟုတ္ဘူးေပါ့ေလ၊
“နတ္ ကိုးကြယ္မႈ အားသန္တဲ့ ပုဂၢိဳလ္”ေတြက ဘုရားပန္းသာ ညႇိဳးခ်င္ ညႇိဳးပါေစ။
နတ္ပန္းေတာ့ အညႇိဳးမခံႏိုင္ဘူး။
ဘုရားစင္မွာ ဆြမ္းခဲဖြယ္ခ်ိဳခ်ဥ္ရသာ မရွိရင္သာေနမယ္။
နတ္ေရွ႕မွာ အုန္းသီးဆိုလည္း အလုံးလိုက္၊ငွက္ေပ်ာသီးဆိုလည္း အဖီးလိုက္။
ေယာဂီတို႔ အိမ္တြင္းေရး မသာယာခ်င္ဘူးလား။(သာယာခ်င္တယ္။)
သာယာခ်င္တယ္ဆိုရင္ ဘုရားပန္း မညႇိဳးပါေစနဲ႔။
ဘုရားပန္းညႇိဳးၿပီဆိုရင္ေတာ့ အေႏွးနဲ႔ အျမန္ပဲ ကြာမယ္။
အိမ္တြင္းေရး ပဋိပကၡေတြျဖစ္ၿပီးေတာ့၊တစ္ေယာက္နဲ႔ တစ္ေယာက္အဆင္မေျပ ၊စိတ္ဝမ္းကြဲတာေတြျဖစ္ၾကမွာပဲ။
လုပ္ငန္း၊ကိုင္ငန္း စီးပြါးေရးေတြလည္းအဆင္ေျပမွာ မဟုတ္ေတာ့ဘူး။
ဂါထာေတြ၊ မႏၲာန္ေတြ အျမႇဳပ္ထြက္ေအာင္ မ႐ြတ္ခ်င္ေနပါ။
ဘုရားပန္း အၿမဲတမ္း လန္းလန္းဆန္းဆန္း ျဖစ္ေအာင္ ထားမယ္၊
ေသာက္ေတာ္ေရခ်မ္းေလးကိုလည္း အၿမဲတမ္း ေအးေနေအာင္ထားမယ္ ဆိုရင္
အိမ္တြင္းေရးလည္း ေအးခ်မ္း၊စီးပြားလမ္းလည္းေျဖာင့္ ၊အစစအရာရာ အဆင္ေျပမွာပါ။
ေသာက္ေတာ္ေရ တေန႔ ဘယ္ႏွစ္ခါလဲတုံး။“ႏွစ္ခါ”။
ႏွစ္ခါလဲတဲ့သူ ေတာ္ေတာ္နည္းမယ္ထင္တယ္ေနာ္။
ကဲ . . . ကိုယ္ကေတာ့ “ေရ” တေန႔ဘယ္ႏွစ္ခါ ေသာက္တုံး။“ဆယ္ခါ”။
ေတာ္ေတာ္တရားတယ္။ဘုရားက်ေတာ့ ေရငတ္ ထားတယ္။ကိုယ္က်ေတာ့ ဆာတိုင္း ေသာက္တယ္။
အမွန္ကေတာ့ ကိုယ္ေရေသာက္တိုင္း ဘုရားကိုေသာက္ေတာ္ေရ လဲၿပီး ကပ္မယ္ဆိုရင္ပိုေကာင္းတယ္ေနာ္။
အဲဒီေလာက္ႀကီးအထိ မလဲႏိုင္ဘူး ဆိုရင္ေတာင္မွ“မနက္တခါ၊ ေန႔လယ္တစ္ခါ ၊ ညတစ္ခါ”
တစ္ေန႔ သုံးႀကိမ္ေလာက္ေတာ့ ေသာက္ေတာ္ေရေလးလဲၿပီး ၊ ကပ္ရင္ေကာင္းတာေပါ့။
ကိုယ္ ေရေသာက္တိုင္း၊ ေသာက္တိုင္းလည္းပဲ
ကိုယ္ပါးစပ္ထဲ ေရမထည့္ခင္၊ ကိုယ္ေသာက္မယ့္ခြက္ကိုလက္ကေလးနဲ႔ ကိုင္ထားၿပီးေတာ့
“ျမတ္စြာဘုရားရွင္အား ေသာက္ေတာ္ေရလႉဒါန္းပါတယ္”လို႔ စိတ္ကအာ႐ုံျပဳၿပီးေတာ့
ျမတ္စြာဘုရားရွင္ကို ေသာက္ေတာ္ေရ ကပ္လိုက္ေပါ့။
ကိုယ္ေသာက္တဲ့ ေရအိုးစင္နားေလးက ေနၿပီးေတာ့ကပ္လိုက္႐ုံပါပဲ။ဘုရားဆီ သြားၿပီး ကပ္စရာမလိုပါဘူး။
ဘယ္ေနရာမွာပဲ ရပ္ၿပီးေတာ့ ေရေသာက္ေသာက္။
ကိုယ္ေရေသာက္တိုင္း ျမတ္စြာဘုရားကိုေသာက္ေတာ္ေရခ်မ္း လႉဒါန္းၿပီးမွ ကိုယ္က စြန္႔ေသာက္ပါ။
အရက္သမား၊ဘီယာသမား တခ်ိဳ႕ေတာင္အရက္ေသာက္ခါနီး၊ဘီယာေသာက္ခါနီး ကိုယ္ေသာက္မယ့္
အရက္ပုလင္း၊ဘီယာပုလင္းကို “အရက္သမားနတ္ ကိုႀကီးေက်ာ္” ကိုပသတဲ့ အေနနဲ႔ နဖူးေရွ႕ လက္နဲ႔ ေျမႇာက္ၿပီး၊အာ႐ုံျပဳၾကေသးတယ္မဟုတ္လား။
ကိုႀကီးေက်ာ္ တပည့္ေတြထက္၊ဘုရားတပည့္ေတြက သာမွ ျဖစ္မွာေနာ္။
ေသာက္ေတာ္ေရ တစ္ခုတည္းမွ မဟုတ္ဘူး။ဘာပဲစားစား။ သၾကားလုံးေလး ငုံတာပဲျဖစ္ျဖစ္။
ေနၾကာေစ့ေလး တစ္ထုပ္ စားတာပဲ ျဖစ္ျဖစ္၊ျမတ္စြာဘုရားကို စိတ္က အာ႐ုံျပဳ ကပ္ၿပီးေတာ့မွ စား။
မစားခင္ “သရဏဂုံေလး၊ ဘာေလး” လည္း ႐ြတ္ေပါ့။
သရဏဂုံ႐ြတ္ေနတဲ့အခ်ိန္က ျမတ္စြာဘုရား ဘုဥ္းေပးေနတဲ့အခ်ိန္လို႔ သေဘာထားေပါ့။
သရဏဂုံေလး “သုံးေခါက္” ႐ြတ္ၿပီးသြားၿပီ ဆိုေတာ့မွ“ ျမတ္စြာဘုရား ၊ ျမတ္စြာဘုရား ဘုဥ္းေပးၿပီၿပီးျဖစ္လို႔
တပည့္ေတာ္ကို ေဆး အျဖစ္ စြန္႔ေတာ္မူပါဘုရား”လို႔စြန္႔ၿပီး စားေပါ့ေနာ္။ ျမတ္စြာဘုရားရွင္က တန္ခိုးနဲ႔ဘုဥ္းေပးလိုက္တာ ဆိုေတာ့ ခဏေလးနဲ႔ ၿပီးၿပီးေပါ့။
ေယာဂီတို႔ က စြန္႔စားတာ ႀကိဳက္တယ္ မို႔လား။
အဲဒီေတာ့ ဘုရားကပ္ၿပီးေတာ့စြန္႔စား လိုက္ေတာ့ စြန္စားတဲ့သူ ျဖစ္သြားတာေပါ့။
နိဗၺာန္ ဆိုတာ စြန္႔စားတဲ့သူေတြမွ ေရာက္တာေနာ္။
အဲဒီေတာ့ ဘုရားပန္း မညႇိဳးပါေစနဲ႔။ေသာက္ေတာ္ ေရခ်မ္းမေႏြးပါေစနဲ႔။
ဒါ အေရးႀကီးပါတယ္။။
ဆရာေတာ္ အရွင္ဆႏၵာဓိက (ေ႐ႊပါရမီေတာရ)